Tips

အောင်မြင်ဖို့ အတွက် TEA တစ်ခွက်!

Read 1367 times
အောင်မြင်ဖို့ အတွက် TEA တစ်ခွက်!

ကျွန်တော်တို့ အားလုံးမှာ မိုးလင်းကနေ မိုးချုပ်ထိ တွေးကြတဲ့ အတွေးကိုယ်စီ ရှိကြတယ်ဗျ။

အပေါ်ယံကြည့်ရင်တော့ ဒီအတွေးတွေဟာ သာမန်လောက်ပါပဲ။ တကယ်တမ်း အဲဒီအတွေးတွေ ဟာ ကျွန်တော်တို့ ဘဝအတွက် သိပ်ကို အရေးပါတယ်ဗျ။

(ဒီအချိန် ဘာလေးများ စားလိုက်ရင်ကောင်းမလဲ ဆိုတဲ့ အတွေးမျိုးတော့ မဟုတ်ဘူးနော်...။) စတာပါ။

ခုခေါင်းထဲမှာ ဘာတွေစဉ်းစားနေသလဲ? ကိုယ်ဘာတွေတွေးနေလဲ? ဆိုတဲ့ အချက်လေးကတော့ "T" ဆိုတဲ့ "Thought" ကို ပြောချင်တာပါ။
နောက်တစ်ခု "E" ဆိုတဲ့ "Emotion" လေးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေးတဲ့ အတွေးတိုင်းဟာ Emotion ဆိုတဲ့ စိတ်ခံစားမှုတွေကို ဖြစ်စေပါတယ်။

ကောင်းတာကို တွေးရင် ကောင်းတဲ့ ခံစားမှုတွေ၊ မကောင်းတာကို တွေးရင် မကောင်းတဲ့ ခံစားမှုတွေ ဖြစ်ခြင်းဟာ စိတ်ခံစားမှုတွေ၊ Feeling တွေကို ဖြစ်ပေါ်လာစေပါတယ်။

ဒါကြောင့် Feeling အတွေးတွေကို သတိထားပါနော့...။

နောက်ဆုံးပြောပြချင်တဲ့ "A" ကတော့ "Action" ကို ပြောချင်တာဖြစ်ပြီး သင်တို့ နေ့စဉ်လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။

အတွေးတွေက စိတ်ခံစားမှုတွေကို ဦးတည်တယ်။ အဲ့လိုပဲ အတွေးနဲ့ စိတ်ခံစားမှုကလည်း သင့်ရဲ့ လုပ်ဆောင်ချက်တွေ ဆီကို တိုက်ရိုက်ဦးတည်နေစေတာပဲ ဖြစ်တယ်။

ကျွန်တော်တို့ ဘာတွေ တွေးလဲ? ဘာတွေလုပ်ဆောင်ကြသလဲ?

ဒီ TEA နဲ့ ပတ်သတ်ပြီး ရရှိလာတာကတော့ "R" ဆိုတဲ့ "Result" ပဲ ဖြစ်ပါတယ်။ ဘဝရဲ့ ရလဒ်တွေ၊ အောင်မြင်မှုရလဒ်တွေ၊ သင့်စီးပွားရေးရဲ့ ရလဒ်တွေ၊ ကျန်းမာရေး ရလဒ်တွေ ဒီရလဒ်တွေအားလုံးဟာ TEA ပေါ်မှာ အများကြီး မူတည်ပါတယ်။

ဘဝရဲ့ ရလဒ်ကောင်းတွေ ကောင်းချင်ရင် action ကောင်းရမယ်။ (emotion) စိတ်ခံစားချက်တွေ ကောင်းရမယ်။ (thought) အတွေးတွေကောင်းရပါမယ်။

လုပ်ဆောင်ချက်ကလည်း ညံ့၊ စိတ်ခံစားချက်ကလည်း အမြဲတမ်း ထိုင်းမှိုင်း၊ အတွေးတွေက လဲ အနိမ့်ဘက်ကို ပဲ သွားနေမယ်ဆိုရင်တော့ သင်အောင်မြင်မှုကို တာ့တာပြရပါလိမ့်မယ်။

သင့်ရလဒ်က လဲ နုံချာနေဦးမှာပါ။

ဒါကြောင့် TEA ကို လက်ကိုင်ထားပြီးတော့ ကိုယ့်ဘဝရလဒ်တွေ ကောင်းအောင် ဆောင်ရွက်ကြပါလို့ မင်မင်က တိုက်တွန်းချင်ပါတယ် ဘေဘီတို့ရေ...။

Recommended for you-သင်ဘာကြောင့် သူတို့လိုမအောင်မြင်တာလဲ???

UPKZ video မှ ထုတ်နှုတ်ရေးသားသည်။

PES(Myanmar Advertising Directory)

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1