Marketing

နက်နဲလှတဲ့ အရောင်း ဗျူဟာ

Read 2642 times
နက်နဲလှတဲ့ အရောင်း ဗျူဟာ

TT Copier & Riso - 109.png

 

သင့်အနေနဲ့ ဘာပစ္စည်းပဲ ရောင်းရောင်း လူတစ်ယောက်ကို ရောင်းဖို့ Process စတင်လုပ်ဆောင်ပြီ ဆို ဝါနုလှတဲ့ အရောင်းသမားတွေထဲမှာတောင် လူကဲခက်တော်တဲ့သူ ဖြစ်ခဲ့ရင် ကိုယ့်ဝယ်သူရဲ့ စိတ်ကို မြင်နိုင်တယ်။ရောင်းနေရင်းနဲ့ ကိုမြင်နိုင်နေတာ တကယ့် ဝါရင့် အရောင်း သမား တွေရဲ့စိတ်ကျ Powerful ဖြစ်လွန်းတယ် သူတို့ ရောင်းသူက စကား အနည်းငယ် ပြောလိုက်တာနဲ့ တင် ထိုသူ ရဲ့ အတွင်းစိတ်ထဲက Need & Want ကို သူတို့ အတော်လေးမြင်ကြတာများတယ်။

အရောင်းမှာလဲ ရောင်းပုံ ရောင်းနည်းတွေ တော်တော်များ တယ် လို့ ပြောရမယ် One Off Selling ( လက်လီ ရောင်းခြင်း ) , Relationship Selling ( ပြောရရင်တော့ Business to business အရောင်းမျိုးပေါ့ ) , System Selling ( အချက်အလက်ကျကျ ရောင်းချခြင်း ) , High Probability Selling ( တကယ့် ကိုယ့်ဝယ်သူတွေကို အလေးထားပြီး ရောင်းချခြင်း , Buying Facilitation ( ဝယ်သူတွေကို အဆင်ချောအောင်ပံ့ပိုးပေးခြင်း ) နှင့် The Challenger Sale ( ဈေးကွက်မှာ ပြိုင်ဘက်တွေကြား စိန်ခေါ်ရပ်တည်နိုင်ခြင်း ) စတာတို့ ပါဝင်ပါတယ်။

တကယ်ဈေးရောင်းတော်တဲ့ သူကို ကြည့် လိုက်ပါ ကုန်စုံဆိုင်လေး သေးသေးလေးကနေ လက်ကားဆိုင်ကြီးတွေအထိ ၊ ဒါမှ မဟုတ် လုပ်ငန်းစု တိုင်းရဲ့ အရောင်း ဝန်ထမ်းတွေကိုကြည့် ဘာရောင်းရောင်း သူတို့က တစ်ဖက်လူကို နှုတ်ချိုကြရတယ် ဒါ့ထက် အရောင်း Process ကြီးတစ်ခုလုံးကို စိတ်ဖတ်ပြီး လုပ်ဆောင်ကြတာ များတယ်။

စတင်ရောင်းပြီ ဆိုပါတော့ အရောင်းသမားက လူတွေ ရဲ့ စိတ်ကို အတွင်းကျကျ ရိပ်ကဲ မိတယ် ၊ ဒီလူတစ်ယောက်က တကယ်ဝယ်မှာလား ဝယ်ရင်ရော ငွေ ကြေးပမာဏ ဘယ်လောက်သုံးစွဲနိုင်မလဲ ၊ အခြား ပစ္စည်းတွေ Extra ထက်ရောင်းချလို့ ရမှာလား စတာတွေ ကို၎င်းတို့ အနေနဲ့ သိရှိပြီးသားဖြစ်တယ်။

အရောင်း Process ကြီး တစ်ခု လုံးမှာ သွားတဲ့ ပုံက သေသပ် တယ် အရောင်းသမားတွေက ရောင်းနေရင်း Service ပေးနေရင်း Process ကို စကားအေးဆေးပြောကာ လုပ်ဆောင်သွားတာ တွေ့ ရတယ် စကားပြောရင်းနဲ့ မှ တစ်ဖြည်းဖြည်းသိလာရာတာက ထိုဝယ်သူရဲ့ စိတ်ပေါ့ ဘယ်လိုလူမျိုးကို ဘယ်လိုအရောင်းသမားတွေက ချင်းကပ်ရမလဲ ဆိုတာမျိုး စိတ်ဖတ်လာနိုင်တယ်။

BBBKAND.png

ထို့အပြင် တချို့ အရောင်းသမားတွေဆို ဈေးဆစ်လောက်မယ့် ဝယ်သူကို ဈေးအနည်းငယ်ပိုပြောထားပြီး သူဈေးစစ်တော့ မှ ဝယ်သူစိတ်ကျေနပ်အောင် ဈေးကို လျော့ပေး လိုက်တာမျိုးပေါ့ ဒါတွေက ဝါရင့် ပြီး အထာနပ်တဲ့အရောင်းသမားတွေ ရဲ့ ပါးနပ်တဲ့ မာယာ ပရိရာယ်ပေါ့။

ထိုသို့ စိတ်ဖတ်စွမ်းရည်ရအောင်ဘယ်လို လုပ်ရမလဲ အလုပ်က သင်ပေးသွားမယ်ဆိုပေမဲ့ တကယ်တန်းမှာ စိတ်ဖတ်စွမ်းရည်ရဖို့ လူကဲ ခက် လေ့ကျင့်ရမယ် အမေရိကန်ရဲ့ အရောင်း နဲ့ ဈေးကွက် စီးပွားရေး ဆိုင်ရာ တက္ကသိုလ်တစ်ခုမှာဆို အဆိုပါ စိတ်ဖတ် စွမ်းရည်အတွက် တရားထိုင်တာ တို့ ရောဂါ ကျင့်တာတို့ပါ လုပ်ဖို့ လိုကြောင်း ညွှန်းဆိုထားတာတွေ့ရပါတယ်။

By Myanmar Advertising Guide

Ref:ChangingMindshangingMinds