တစ်ယောက်နဲ့ တစ်ယောက် ကံတရားရဲ့ စောင့်ရှောက်မှု မတူညီတာကြောင့် သူဖြစ်သလိုမျိုး ကိုယ်ဖြစ်ဖို့ဆိုတာ မသေချာပါဘူး။
ဆွေစဉ်မျိုးဆက် ချမ်းသာကြွယ်ဝလို့ ပြည့်စုံတဲ့သူတွေထက်စာရင် ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်မှုရရှိလာတဲ့သူတွေကသာ အောင်မြင်ခြင်းရဲ့ အနှစ်သာရကို တကယ်ရရှိခံစားတတ်ကြတာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဘီလ်ဂိတ်က ဆင်းရဲစွာ မွေးဖွားလာတာဟာ သင် အပြစ်မဟုတ်ပါဘူး၊ သေဆုံးသွားတဲ့ အချိန်ထိ ဆင်းရဲနေသေးတယ် ဆိုရင်တော့ သင့်အပြစ်ဖြစ်သွားပါပြီလို့ ပြောခဲ့ဖူးပါတယ်။
တစ်ခါတလေမှာ လူတွေဟာကိုယ်မှာရှိတဲ့ စွမ်းရည်ကို အပြည့်အဝအားထုတ်မှုမရှိဘဲ မဖြစ်နိုင်လောက်ပါဘူးဆိုပြီး စိတ်အားငယ်မှုတွေ ရှိတတ်ကြပါတယ်။ တစ်ခုခုလုပ်ချင်ပါရက်နဲ့ လုံလောက်တဲ့ အရင်းအနှီး၊ အတွေ့အကြုံ၊ကျွမ်းကျင်မှု မရှိတာအခါ ကိုယ်ရဲ့ ရည်မှန်းချက်ကို ခေတ္တမေ့ထားပြီး လက်ရှိအဆင်ပြေမယ့်ကိစ္စ တွေကိုသာ ပြုလုပ်နေလေ့ရှိကြပါတယ်။
သူရဲ့ဘဝမှာ ဘာမှမရှိပေမဲ့ သူရဲ့ယုံကြည်မှုတစ်ခုကြောင့် ကမ္ဘာ့အချမ်းသာဆုံးသူဌေးတစ်ယောက် ဖြစ်လာတဲ့ အန်ဒရူးကာနီဂျီ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
အန်ဒရူးကာနီဂျီ ဆိုတာ ၁၉ ရာစုနောက်ပိုင်းတုန်းက အမေရိကန်နိုင်ငံမှာ စတီးလ်စက်ရုံတွေကို ပိုင်ဆိုင်တဲ့သူတစ်ဦး ဖြစ်ပါတယ်။
သူကို လူသိများတဲ့အချက်ကတော့ အမေရိကန်နဲ့ ဗြိတိန်လို နိုင်ငံမျိုးတွေမှာ ပရဟိတ လိုအများအတွက် အကျိုးရှိစေမယ့်အရာတွေကို ပြုလုပ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။
သူဟာ ချမ်းသာတဲ့မိဘက မွေးဖွားလာခဲ့တဲ့သူ တစ်ဦးမဟုတ်ပါဘူး။ သူဟာ အသက် ၁၃ နှစ်အရွယ်ကတည်းက အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး ရက်ကန်းစင်မှာ အလုပ်လုပ်တဲ့သူတစ်ဦး အဖြစ်စတင်ခဲ့တာပါ။
အဲ့ဒီအချိန်တုန်းက သူရဲ့တစ်နေ့တာ အလုပ်ချိန်ဟာ ၁၂ နာရီလုပ်ခဲ့ရပြီး တစ်ပတ်မှာ ၆ ရက်လုပ်ခဲ့ရပေမဲ့ သူရဲ့လစာကတော့ တစ်ပတ်ကို ၁.၂ ပေါင်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ကာနီဂျီဟာ ကြေးနန်းသတင်းပို့သူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး တစ်ပတ်ကို ၂.၅ ပေါင် ရရှိခဲ့ပါတယ်။
သူဟာ အလုပ်ကိုကြိုးစားပြီး အကောင်းဆုံး လုပ်ဆောင်တဲ့သူတစ်ဦး ဖြစ်တာကြောင့်တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေရရှိလာခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်တစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
သူပြောခဲ့တဲ့ အောင်မြင်မှုရရှိဖို့ ကြိုးစားရမယ့် အရာတွေက -
(၁) ကိုယ်ရည်မှန်းထားတဲ့အရာကို အစီအစဉ်တစ်ခုဆွဲထားပြီး လုပ်သင့်တဲ့ အခြေအနေရောက်ရင် ချက်ချင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
(၂) ကိုယ်ဆီမှာ မရှိတဲ့အရည်အချင်း၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု တွေကို သင်ယူနိုင်မယ့်သူတွေဆီက လေ့လာသင်ယူမှု ပြုလုပ်ပါ။
(၃) ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ အရာတွေထက် ပိုမိုလုပ်ဆောင်ကြည့်ပါ။ တစ်နေ့ထက်တစ်နေ့ နည်းနည်းချင်းစီ တိုးတက်မှုလုပ်သွားမယ်ဆိုရင် အချိန်ကာလ တစ်ခုရောက်တဲ့အခါ ထိုက်တန်တဲ့ အခြေအနေတစ်ခုကို ရရှိမှာပဲဖြစ်ပါတယ်။
(၄) ယုံကြည်မှုနဲ့အတူ လေ့ကျင့်မှု ပြုလုပ်ပါ။ လေ့ကျင်မှု မရှိတဲ့အရာတိုင်းသာ အောင်မြင်မှုရဖို့ မလွယ်ကူတာကြောင့် ကိုယ်အောင်မြင်ဖို့အတွက် ယုံကြည်စွာလေ့ကျင့်နေရမှာ ဖြစ်ပါတယ်။
(၅) ပင်ကိုစွမ်းရည်ဆိုတာ လူတိုင်းဆီမှာ ရှိပါတယ်။ ကိုယ်ရဲ့လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာမှာ လုပ်ရမယ့်အလုပ်ကို သူများပြောမှ လုပ်ရတာမျိုး မဖြစ်အောင် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။
(၆) ကိုယ်ရည်မှန်းထားတာထက် ပိုတွေးထားပါ။ ဒီလိုမျိုးလုပ်ရင် ဖြစ်နိုင်တယ်ဆိုတာထက် ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို အမြဲတွေး နေသင့်ပါတယ်။
(၇) အကောင်းမြင်စိတ်ကို အတတ်နိုင်ဆုံး မွေးမြူပါ။ ကိုယ်ရည်မှန်းချက်ကို အနှောင့်အယှက် ဖြစ်စေမယ့် အပြုအမူမျိုး ကြုံတွေ့ရတဲ့ အခြေအနေမှာတောင် ဘာကြောင့်လဲဆိုတာကို စဉ်းစားပြီး အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေရမှာ ဖြစ်ပါတယ်။
(၈) တွေးတဲ့အခါမျိုးတွေမှာ ဖြစ်နိုင်လောက်တဲ့ အတွေးမျိုးတွေးကိုတွေးပါ။ လက်ခံနိုင်တဲ့ အမှန်တရားတစ်ခုကို ရရှိဖို့ အတွက် ကိုယ့်ရဲ့တွေးခေါ်မှုတွေက အမှန်တိုင်းဖြစ်နေဖို့ လိုအပ်ပါတယ်။
(၉) လက်ရှိအခြေအနေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေထဲက အရေးကြီးဆုံးအရာကို ဖြေရှင်းနိုင်ဖို့ အာရုံစူးစိုက်မှု ထားပါ။
(၁၀) အခက်အခဲ ဖြေရှင်းလိုက်နိုင်တဲအခါ ရရှိလိုက်တဲ့ အကျိုးအမြတ် အကြောင်းကို သေချာမှတ်သားထားပါ။ အရာရာတိုင်း သူတန်ဖိုးနဲ့သူ ရှိတတ်ကြပါတယ်။
Credit;newchallenges