Digital Marketing

Copyright မူပိုင်ခွင့်အကြောင်း သိကောင်းစရာ

Read 2694 times
Copyright မူပိုင်ခွင့်အကြောင်း သိကောင်းစရာ

Digital Marketing နယ်ပယ်ထဲမှာ ပါဝင်တဲ့ SEO, SEM, PPC, YouTube Advertising, Facebook Marketing အစရှိတဲ့ နည်းပညာတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ Product, Service တွေကို ပိုမိုအောင်မြင်လာအောင် လုပ်ကိုင်ကြပါတယ်။

အောင်မြင်မှုအတွက် Content တွေ၊ Graphic တွေ ဖန်တီးပြီး Audience တွေရရှိလာအောင်လုပ်တဲ့ နေရာမှာ Ethic ကိုတန်ဖိုးထားပြီး လုပ်ကိုင်ကြတဲ့ သူတွေရှိသလို၊ ဖြတ်လမ်းကလိုက်ပြီး အောင်မြင်မှုကို အလွယ်နည်းနဲ့ ရအောင်လုပ်တဲ့ သူတွေလဲ ရှိပါတယ်။

တစ်ဦးတစ်ယောက်ရဲ့ မူပိုင်ခွင့်ဖြစ်တဲ့ Copyright ဟာဆိုရင် နိုင်ငံတကာမှာ ဥပဒေ တင်းတင်းကြပ်ကြပ် ပြဌာန်းထားကြပါတယ်။ သီချင်းတွေ၊ ရုပ်ရှင်တွေ အစရှိတဲ့ လူသားတွေဖန်တီးထားတဲ့ အရာတွေမှာ Copyright ရှိပါတယ်။

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

ထိုနည်းအတူ Internet ပေါ်က Website တွေ၊ Social Media Platform တွေမှာရှိတဲ့ Content တွေ Graphic တွေကို ပိုင်ဆိုင်တဲ့ Company တွေ၊ ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်မပါပဲ ကူးယူအသုံးပြုသူတွေကိုလည်း Copyright Law အရတရားစွဲဆိုလို့ရပါတယ်။ တိုက်ရိုက်ကူးယူတာမဟုတ်ပဲ မှီငြမ်းတာပဲ ဖြစ်ဖြစ် ခွင့်ပြုချက်တောင်းတာပဲ ဖြစ်ဖြစ် ပြုလုပ်မယ်ဆိုရင်တောင် ပိုင်ရှင်/Company ကို Reference, Credit ပေးရပါတယ်။

နိုင်ငံတကာမှာ Copyright တွေကို Law အရ ထိရောက်စွာ အရေးယူလို့ ရနေပါပြီ။ ဒီလိုမူပိုင်ခွင့်ချိုးဖောက်ပြီး ကိုယ်ပိုင်ဖန်တီးမှုဖြစ်သော Blog Post တွေနဲ့ Graphic တွေကို ခွင့်ပြုချက်မရှိဘဲ ကူးယူအသုံးချနေခြင်းဖြစ်ရပ်များကိုလဲ စိတ်မကောင်းကြီးစွာ တွေ့မြင်နေရပါတယ်။

ထို့ကြောင့် Blog Post တွေနဲ့ Graphic တွေကို ခွင့်ပြုချက်မရှိဘဲ ကူးယူအသုံးချနေခြင်းများကို Credit ပေးရန်နှင့်၊ တရားမဝင် ကူးယူသုံးစွဲမှုများကို အွန်လိုင်းဥပဒေများအရ အရေးယူနိုင်ကြောင်း အသိပေးအပ်ပါတယ်။

Read More >>> ဗီဒီယို content တွေဖန်တီးဖို့အတွက် အသုံးဝင်မယ့် Tool များ

 

Credit: SEO MYANMAR