Life Hacks

ခေါင်းဆောင်ကောင်းတွေဆီက ရတဲ့သင်ခန်းစာ

Read 232 times
ခေါင်းဆောင်ကောင်းတွေဆီက ရတဲ့သင်ခန်းစာ

မိမိရဲ့ လက်အောက်ငယ်သားတွေကို ခေါင်းဆောင်ဖြစ်လာအောင် ဘယ်လို မြှင့်တင်ပေးလို့ ရနိုင်မလဲဆိုတာ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။

 

() မေးပါ၊ ပြောမပြပါနဲ့

ဘာလုပ်ရမှာလဲ၊ ဘာလုပ်ကြမလဲ စသဖြင့် မေးလာတဲ့ အခါမျိုးမှာ " မသိဘူးလေ မင်းရော ဘယ်လိုထင်လဲ "ဆိုတာမျိုး ပြန်မေးပေးပါ။ အင်း ဒါလုပ်စရာ ရှိတယ်၊ဒီဟာလုပ်ပေးပါ ဆိုတာမျိုး အဖြေတစ်ခါထဲ ပြောလိုက်ရင်သူတို့ဟာ ဘယ်တော့မှ နောက်လိုက်ကောင်းတွေဖြစ်လာမှာ မဟုတ်သလို ခေါင်းဆောင်ကောင်းတွေလည်းမဖြစ်လာနိုင်ပါဘူး။

 

() အများကြီး တစ်ခါထဲ မပေးပါနဲ့

အပင်တစ်ပင်စိုက်ရင် တစ်နေ့ကို ရေနည်းနည်းချင်းစီလောင်းပေးသလိုမျိုး အသိပညာ သို့ အတတ်ပညာတွေမျှဝေတဲ့ နေရာမှာလည်း ဖြည်းဖြည်းနဲ့ နည်းနည်းချင်းမျှပါ။တစ်ခါထဲ အားလုံးကို သင်ပေးလိုက်တာမျိုး လုပ်လိုက်ရင်လိုက်မမီ ဖြစ်ပြီး ငါ မလုပ်နိုင်ပါဘူး ဆိုတဲ့ စိတ်ဓာတ်ကျမှုမျိုး ဖြစ်သွားနိုင်ပါတယ်။ သူတို့ရဲ့ Feedback တွေကိုနားထောင်ပါ။

 

() နားထောင်ပါ၊ ကြားရုံပဲ မကြားပါစေနဲ့။

သူတို့ပြောတာ မှန်သမျှကို သေချာ နားထောင်ပါ၊ ကြားရုံပဲနားမထောင်ပါနဲ့။ ခေါင်းညိတ်ပြတာမျိုးတွေ၊ ထောက်ခံစကားပြောတာမျိုးတွေနဲ့ လိုက်မှတ်တာမျိုးတွေ လုပ်ပါ။ ကိုယ်ကဘယ်လောက်တော်တဲ့သူ ဖြစ်ပါစေ၊ သူက ငါတို့စကားလည်းနားထောင်တာ မဟုတ်ဘူးဆိုတဲ့ အတွေးမျိုး ဝင်သွားကြရင်ဒါ ကောင်းတဲ့ ရလဒ်တွေ ထွက်လာမှာ မဟုတ်ပါဘူး။သူတို့စကားကို နားထောင်ပေးခြင်းဖြင့် အသစ်အသစ်သောအိုင်ဒီယာတွေ ထပ်ထွက်လာနိုင်ပါတယ်။

 

() အိုင်ဒီယာ အသစ်တွေ ကြိုဆိုပါ။

ကိုယ်နဲ့ အတူ အလုပ်လုပ်နေတဲ့သူတွေက အိုင်ဒီယာ သို့ တစ်ခုခုကို အကြံပြုတဲ့အခါ သို့ ယူဆချက်တွေ ပြောတဲ့အခါမှာ အလေးစိုက်ပြီး နားထောင်ပါ။ ပြီးတော့ ကိုယ့်ရဲ့အိုင်ဒီယာသို့ ကိုယ့်ယူဆချက်နဲ့ နှိုင်းယှဉ်ကြည့်ပါ။ သူတို့ပြောတာက ပိုကောင်းနေတယ်ဆိုရင် အဲဒီအတိုင်း လိုက်လုပ်ပါ။သူတို့တွေလည်း အားတက်လာပါလိမ့်မယ်။ ကိုယ့်လောက်မကောင်းရင်တောင် နားလည်အောင် ပြောပြပြီး ချီးကျူးပါ။

 

() ဆွေးနွေး အဖြေရှာပါ။

သူတို့မေးတဲ့ မေးခွန်းတွေကို သူတို့ကို အဖြေပြန်ရှာဖို့ မပြောပါနဲ့။အတူတကွ အဖြေရှာပါ။ ဘယ်လိုပြဿနာတွေ အများကြီးရင်ဆိုင်နေရရင်တောင် ဒီလုပ်ငန်းအပေါ် ယုံကြည်မှုရှိကြောင်း သူတို့ကို သိစေပါ။ သူတို့ကို ယုံကြည်ကြောင်းလည်း သက်သေပြပါ။

 

Su Mon Oo