Digital Marketing

တွစ်တာ ပိုင်ရှင်အသစ် အီလွန်မတ်စ်ကို ကြော်ငြာရှင်များက သတိပေး

Read 3211 times
တွစ်တာ ပိုင်ရှင်အသစ် အီလွန်မတ်စ်ကို ကြော်ငြာရှင်များက သတိပေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တွစ်တာမှာ “blue tick” ကို စစ်ဆေးအတည်ပြုပေးတဲ့ စီမံချက် လုပ်ဆောင်နေပြီး တွစ်တာရဲ့ ပိုင်ရှင်သစ် Elon Musk က blue tick စီမံချက်အတွက် တွစ်တာ ဝန်ထမ်းများကို တစ်နေ့ ၂၄ နာရီ တစ်ပတ် ၇ ရက် အဆိုင်းများ ခွဲပြီး အလုပ်ဆင်းခိုင်းထားပါတယ်။

တနင်္ဂနွေနေ့မှာ Musk က စစ်ဆေးအတည်ပြုတဲ့ လုပ်ငန်းစဉ် တစ်ခုလုံး ယခုအခါ  ပြန်လည်စိစစ်နေပါပြီလို့ တွစ်တာမှာ ပို့စ်တင်ပြီး အသိပေးကြေညာခဲ့ပါတယ်။ 

.

တွစ်တာကို လွတ်လပ်စွာ ပြောဆိုတင်ပြနိုင်တဲ့ လူမှုကွန်ရက် ပလက်ဖောင်းအဖြစ်သို့ ပြောင်းလဲဖို့ ဦးတည်နေတဲ့အတွက် ကြော်ငြာရှင်များက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ 

.

ကမ္ဘာ့ကြော်ငြာရှင်များအဖွဲ့ချုပ် World Federation of Advertisers က ထူထောင်ထားတဲ့  Global Alliance for Responsible Media (GARM) က ကြော်ငြာရှင်များကိုယ်စား ပြောကြားခဲ့ရာမှာ ပိုင်ရှင်အသစ် အနေဖြင့် မသင့်လျော်သောအကြောင်းအရာများကို ပလပ်ဖောင်းတွင် ကင်းစင်နေအောင် လုပ်ထားပေးဖို့် လိုကြောင်း၊ ထိုအချက်ကို လုံးဝအလျှော့မပေးနိုင်သောအချက် ဖြစ်ကြောင်း သတိပေးထားပါတယ်။ 

တွစ်တာကို သန့်သွားအောင် ရှင်းထုတ်ဖို့ လိုတဲ့ အချက်များထဲမှ တစ်ခုဖြစ်တဲ့ တွစ်တာမှာ အယောင်ဆောင်ထားသူ ဖြစ်သော်ငြားလည်း blue tick  ရရှိထားသော အကောင့်များ မရှိရလေအောင် ပြန်လည်စိစစ်နေတာ ဖြစ်ပါတယ်။ 

 

Twitter  ၀င်ငွေရဲ့  ၉၀ ရာခိုင်နှုန်းကျော်ကို ကြော်ငြာများထံမှ ရရှိပါတယ်။ 

ကြော်ငြာတွေ တွစ်တာဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ အကြောင်းအရာတွေနဲ့အတူ ပြသထားမှာ ကို စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ ပိုင်ရှင်အသစ် လက်ထဲ တွစ်တာ ရောက်ရှိပြီးချိန်မှစ၍ တွစ်တာရဲ့ အရေးယူဆောင်ရွက်မှုများကို စောင့်ကြည့်နေကြောင်း GARM က ပြောကြားခဲ့ပါတယ်။ 

"ပလပ်ဖောင်းများသည် အားလုံးအတွက် စိတ်ချရတဲ့ နေရာတစ်ခု ဖြစ်သင့်ပြီး ကြော်ငြာသူများအတွက် သင့်လျော်သည့် နေရာလည်း ဖြစ်သင့်ပါသည်။ ထိုအချက်သည် ကြော်ငြာရှင်များအဖို့ အလျှော့ပေး လိုက်လျောရန် မညှိနှိုင်းနိုင်သော အချက် ဖြစ်ပါသည်။ ကျွနု်ပ်တို့က တွစ်တာသည် ၎င်း၏ ကတိကဝတ်များကို လိုက်နာစောင့်ထိန်းမည်ဟု ယုံကြည်ပါသည်" လို့ သတိပေးစာမှာ ဖော်ပြထားပါတယ်။ 

Source FT

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U