Global

Adidas ရဲ့ Hashtag Home Team ကြော်ငြာ Campaign

Read 1857 times
Adidas ရဲ့ Hashtag Home Team ကြော်ငြာ Campaign

 

ကိုရိုနာ ဗိုင်းရပ်စ် ကမ္ဘာနှင့်တလွား လူအများ အပြင် ထွက်မရ ဖြစ် နေတာမို့ အားကစား ကိစ္စ တွေ ရပ်နားထားရပါတယ်။ဒီတော့ အားကစား အသုံးအဆောင်တွေလဲ ထိုအချိန်မှာ Adidas က ၎င်းတို့ရဲ့ Brand နဲ့ လူတွေကို အဆက်မပြတ် ရှိနေချင်ပုံပါပဲ။

 

Adidas ဟာ သူ့ရဲ့ စင်္ကာပူမှာရှိတဲ့ ပရိသတ်တွေအတွက် ယခုလို ရောဂါဖြစ်ပွားနေတဲ့ ကာလ မှာ အိမ်မှာနေရင်းလေ့ကျင့်ခန်းတွေလုပ်ဖို့ နည်းလမ်းများ ပါတဲ့ App ကို အခ ကြေးငွေ မယူပဲ သူ့ရဲ့ဝယ်သူတွေကို အဆင်ပြေစေဖို့ ထုတ်လုပ်ပေးခဲ့ပါတယ်။

 

ထို App မှာ ယခုဆိုရင်တော့ လူတွေရှေ့ကို ဖြန့်လိုက်ပြီ ဖြစ်ပြီး ထို App အတွက် ကြော်ငြာ Campaign ကို #HomeTeam အဖြစ်နဲ့ ပါ Adidas ပရိသတ်များ အိမ်မှာ နေရင်း လှုပ်လှုပ်ရှားရှားနေဖို့ ရည်ရွယ်တယ်သိရပါတယ်။

 

Adidas စင်္ကာပူမှ မန်နေဂျာ ဖြစ်သူ Petr Stastny ပြောကြားချက် အရ '' တကယ်တန်း ကျွန်တော်တို့ ဒီ App လုပ်ဖို့ ရည်ရွယ်တာက Adidas ပရိသတ်များ အဆင်ပြေ ဖို့ပါ ဒါ့ထက် ကျန်းမာနေဖို့ပါလို့ပြောကြားခဲ့ပါတယ်။

 

တကယ်တန်း ယခု ကာလ မှာ လူတွေက အိမ်မှာ နေရင်းပျင်း နေကျပြီး စားလိုက် ၊ အိပ်လိုက်နဲ့ နေကြတာပါ။ဒါကြောင့် Adidas မှ သူ့ App ကိုကျန်းမာရေး လိုက်စားတဲ့ သူတွေကို ရည်ရွယ် တာဖြစ်ပြီး သူ့အားပေးသူတွေကိုလည်း အိမ်တွင်းနေရင်းကျန်းမာရေးကို လိုက်စားစေချင်လို့ပါတဲ့။

 

 

<<< Zawgyi >>> 

 


------------------------

 

Adidas မှ လတ်တလော ပြု လုပ်ထားတဲ့ ကြော်ငြာ Campaign က ၎င်းတို့ App အတွက် ကြော်ငြာ Campaign တစ်ခုဖြစ်ပြီး ထိုသို့ ပြု လုပ်ခြင်းမှာ Adidas မှ နေပြီး သူ့ ပရိသတ် တွေနဲ့ ယခုလို ကိုရိုနာ ဗိုင်းရစ် ဖြစ်နေတဲ့ ကာလ အတွင်းမှာ အဆက်အသွယ် မိနေစေချင်သောဆန္ဒ ကြောင့် ပဲဖြစ်တယ်လို့ သိရပါတယ်။

 


 


 


 


 


 

Ref ; The Drum