Digital Marketing

Google Adwords ကို အသုံးပြုခြင်းရဲ့ အားသာချက် (၅) ချက်

Read 1447 times
Google Adwords ကို အသုံးပြုခြင်းရဲ့ အားသာချက် (၅) ချက်

Gmail အသုံးပြုသူက ဦးရေကတော့ ၄၂၅ မီလီယံရှိပြီး၊ Google Map အသုံးပြုသူ ဦးရေ ၃၀ မီလီယံနှင့် Youtube အသုံးပြုသူ ဦးရေ ၃၄ မီလီယံရှိနေပါတယ်။ ဒီနေရာမှာတော့ Google Adwords ကို အသုံးပြုခြင်းရဲ့ အားသာချက် (၅) ချက်ကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။


Reach

Billboard, TV တွေမှာ ကြော်ငြာမယ်ဆိုရင် ပြည်တွင်းပရိတ်သတ်တွေဆီပဲ ရောက်မယ်၊ ကုန်ကျစရိတ်တွေလည်း များပါမယ်။ Google Adwards ကိုသုံးပြီး ကြော်ငြာမယ်ဆိုရင်တော့ ပြည်တွင်းသာမက ပြည်ပပါမကျန် အချိန်တိုအတွင်းမှာ ရောက်ရှိစေနိုင်ပါတယ်။ ကုန်ကျစရိတ်လည်း သက်သာမှာဖြစ်ပြီး ဖောက်သည်အသစ်တွေရရှိမယ်၊ ဘယ်ကနေ ရောက်လာတာလည်း ဆိုတာကိုပါသိရှိနိုင်ပါတယ်။


Brand Building

Brand Building ကတော့ ဈေးကွက်မှာ ကိုယ့်လုပ်ငန်းအကြောင်း လူပိုသိလာဖို့ Traditional Media သုံးပြီး နေရာစုံမှာ ကြော်ငြာခြင်းထက် အမှန်တကယ် သုံးစွဲမယ့်သူ သိမြင်လာအောင် Google Adwards ကလုပ်ပေးနိုင်ပါတယ်။


Traget Geographically

Google Adwards က ကိုယ်ပြလိုတဲ့ နိုင်ငံ၊ ဒေသ၊ ပစ်မှတ်ထားတဲ့အကြောင်းအရာ၊ ဘာသာစကား စတာတွေ တစ်ခုချင်းအလိုက် စိတ်ကြိုက်ကန့်သတ်ပြီး ထိထိရောက်ရောက် ကြော်ငြာနိုင်ပါတယ်။

Boosted လုပ်ထားတဲ့ Ads တွေ၊ Budged တွေ ပြင်ဆင်ချင်တယ်ဆိုရင်


Relevence

Google Adwards က စိတ်ဝင်စားမှုရှိနိုင်တဲ့ ဖောက်သည်အသစ်တွေကို အလိုလျှောက် ရှာဖွေပြီး ကြော်ငြာပြပေးနိုင်တယ်၊ ဆက်စပ်မှု မရှိရင်ကြော်ငြာကို မပြစေပဲ ကုန်ကျစရိတ်မရှိအောင် လုပ်ထားနိုင်ပါတယ်။


Faster in Search Engines

Google ရဲ့ ထိပ်ဆုံးစာမျက်နှာမှာ ပါဝင်လာဖို့ SEO Service ထက် Google Adwards သုံးပြီး ကြော်ငြာလိုက်မယ်ဆိုရင် သန်းပေါင်းများစွာသော Website တွေရဲ့အရှေ့ကို အချိန်တိုအတွင်းမှာ ရောက်ရှိနိုင်ပါတယ်။

 

Source; Advertising Myanmar 

Myanmar Advertising Directory