Print Advertising

သတင်းစာနဲ့ ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းခြင်းရဲ့ အားသာချက်များ

Read 2221 times
သတင်းစာနဲ့ ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းခြင်းရဲ့ အားသာချက်များ

 

သတင်းစာနဲ့ ဂျာနယ်တွေဟာ နိုင်ငံအနှံ့ နယ်ရော မြို့ပါမကျန် ပြည်သူအားလုံးရဲ့ ရှေ့မှောက်ကို သတင်းအချက်အလက်တွေ ပို့ဆောင်ပေးနိုင်တဲ့ ချန်နယ်တစ်ခု ဖြစ်ပါတယ်။ TV မပေါ်ခင်ကဆိုရင် လူတိုင်းဟာ သတင်းစာကိုပဲ အားကိုးခဲ့ကြရတာပါ။ Digital တွေ မပေါ်လာသေးခင်ကတည်းက အဦးဆုံး မားကတ်တင်းနဲ့ ကြော်ငြာချန်နယ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

အခုဆိုရင် အရင်ကလို အစိုးရသတင်းစာ တစ်ခုထဲ မဟုတ်တော့ပဲ ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေပါ အများအပြား ထွက်ရှိလာတာကြောင့် မိမိရဲ့ စီးပွားရေးလုပ်ငန်းတွေကို သတင်းစာ၊ ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းခြင်းအားဖြင့် တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားစေနိုင်ပါတယ်။

ဒါကြောင့် သတင်းစာနဲ့ ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းမယ်ဆိုရင် ဘာတွေ အားသာချက်ရှိမလဲ၊ ဘာတွေ ပိုပြီး ကောင်းကျိုးရှိမလဲ စတာတွေကို အားလုံးသိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။

19416939 303

 

၁။ ပိုပြီး ထိရောက်တယ်

အပေါ်မှာ ပြောခဲ့သလိုပဲ သတင်းစာနဲ့ ဂျာနယ်တွေဟာ ဝေးလံ ခေါင်းပါးတဲ့ နေရာဒေသတွေ အထိပါ ရောက်ရှိတာကြောင့် သင့်ရဲ့ ထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုလုပ်ငန်းဟာ တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချဖို့ ဦးတည်ချက်ထားတာဆိုရင် ဒီလို သတင်းစာနဲ့ ဂျာနယ်တွေမှာ ထည့်သွင်း ကြော်ငြာတာက ပိုပြီး ထိရောက်မှု ရှိစေပါတယ်။

 

မိမိ Customer တွေရဲ့ အချက်အလက်တွေကို လုံခြုံအောင် ဘယ်လိုထိန်းသိမ်းမလဲ…? 

 

၂။ ကြော်ငြာစရိတ် သက်သာတယ်

အခြားချန်နယ်တွေ ဖြစ်တဲ့ တီဗွီ၊ ရေဒီယိုနဲ့ ဘေလ်ဘုတ် စတာတွေမှာ ကြော်ငြာထည့်သွင်းတာထက် သတင်းစာ၊ ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းတာက ကုန်ကျစရိတ် ပိုပြီး သက်သာစေပါတယ်။ ပြီးတော့ အပိုထပ်ဆောင်း ပေးရမယ့် ကြော်ငြာခတွေလည်း မရှိပါဘူး။ Social Media တွေမှာ ကြော်ငြာတာကတော့ ကြော်ငြာခ သက်သာတယ်လို့ ထင်ရပေမဲ့ သူ့ရဲ့ Target Size က သေးတာကြောင့် သိပ်မထူးပါဘူး။

၃။ ကြော်ငြာနေရာ၊ အရွယ်အစားနဲ့ ဒီဇိုင်းကို ရွေးချယ်နိုင်တယ်

အားသာချက် နောက်တစ်ခုကတော့ သတင်းစာ၊ ဂျာနယ်မှာ ကြော်ငြာမယ်ဆိုရင် မိမိလိုချင်တဲ့ ကြော်ငြာနေရာ၊ ကြော်ငြာအရွယ်အစားနဲ့ ကြော်ငြာဒီဇိုင်းတွေကို ရွေးချယ်ခွင့် ရှိတာပါပဲ။ ဘယ်နေရာဒေသက လူတွေက ဘယ်အချိန်မှာပဲ ဖတ်ဖတ် တူညီတဲ့ ကြော်ငြာတစ်ခုကို အမြဲ မြင်တွေ့နိုင်မှာ ဖြစ်တာကြောင့် လူတွေက သင့်ရဲ့ကြော်ငြာကို အလွယ်တကူ မှတ်မိစေနိုင်မှာ ဖြစ်ပါတယ်။

myanmar man reading the voice newspaper yangon apr1 2013

 

၎။ လူအများကြီးဆီ ရောက်ရှိစေတယ်

ဒီဂျစ်တယ် မားကတ်တင်းတွေ ကြော်ငြာလုပ်ငန်းတွေ ခေတ်စားလာချိန်မှာတောင် သတင်းစာ၊ ဂျာနယ်တွေက ဈေးကွက်ပျက်မသွားပဲ အံ့တုပြီး ရပ်တည်နိုင်နေတုန်းပါပဲ။ ဘာကြောင့်လဲဆိုရင် ဒီဂျစ်တယ်ကို လူတိုင်းက လက်လှမ်းမမီပေမဲ့ သတင်းစာ၊ ဂျာနယ်ကိုတော့ လူတန်းစားမရွေး အချိန်မရွေး ဖတ်နေနိုင်လို့ပါ။

လူကြီးအများစုဆိုရင် မနက်ခင်းဆို သတင်းစာလေး ဖတ်လိုက်ရမှ ပြည့်စုံတယ်လို့ အထင်ရှိကြပါတယ်။ မိမိရဲ့ ထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုလုပ်ငန်းဟာ လူကြီးသူမတွေကို ဦးတည်ပြီး ရောင်းချမှာ ဆိုရင်တော့ သတင်းစာ၊ ဂျာနယ်တွေကနေ တစ်ဆင့် ကြော်ငြာတာက အကောင်းဆုံးပါပဲ။

မြန်မာနိုင်ငံမှာ သတင်းစာဟာ မြန်မာသက္ကရာဇ် ( ၁၂၀၄ ) ခုနှစ်ကတည်းက စတင် ပေါ်ပေါက်လာခဲ့ပြီး ပထမဦးဆုံး ထွက်ရှိတဲ့ သတင်းစာ နာမည်ကတော့ “ ဓမ္မ “ ဆိုတဲ့ သတင်းစာ ဖြစ်ပါတယ်။ လက်ရှိ ဆက်လက် ထွက်ရှိနေတဲ့ သတင်းစာ၊ ဂျာနယ် စုစုပေါင်း ( ၁၈၇ ) စောင် ရှိပြီး ကြေးမုံ၊ မြန်မာ့အလင်း၊ မြ၀တီ၊ Eleven၊ The Voice၊ 7 Days၊ မြန်မာတိုင်းမ်၊ ပြည်မြန်မာ စတဲ့ သတင်းစာ၊ ဂျာနယ်တွေက လူသိများပါတယ်။

 

Mediaspectrum, Wiki, Google, MJN

Written by Su Mon Oo