Local

ပြည်တွင်းမှာရှိတဲ့ ဘယ်လိုလုပ်ငန်းတွေက ကြော်ငြာစရိတ် အများဆုံး သုံးနေကြလဲ

Read 8727 times
ပြည်တွင်းမှာရှိတဲ့ ဘယ်လိုလုပ်ငန်းတွေက ကြော်ငြာစရိတ် အများဆုံး သုံးနေကြလဲ

ဘယ်လိုလုပ်ငန်းတွေ ဖြစ်မလဲဆိုတာကိုတော့ အောက်မှာ ဆက်လက် ဖော်ပြပေးသွားပါမယ်။

ကြော်ငြာစရိတ် အများဆုံး အသုံးပြုတဲ့ လုပ်ငန်းတွေအဖြစ် ရပ်တည်နေတာတော့ Satellite တွေ၊ TV Channel Cards တွေနဲ့ Broadcasting ၀န်ဆောင်မှုလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ရုပ်သံလိုင်းတွေ၊ သတင်းစာနဲ့ ဂျာနယ်တွေ အပါအ၀င် Outdoor Advertising ချန်နယ်တွေမှာ အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါးအထိ သုံးစွဲနေတာ ဖြစ်ပါတယ်။

ဒုတိယနေရာမှာ တည်ရှိနေတာကတော့ Communication Service လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ Outdoor Advertising ကို အများဆုံး အသုံးပြုနေပြီး ကြော်ငြာချန်နယ်တိုင်းမှာ သူတို့ရဲ့ ကြော်ငြာတွေကို တွေ့မြင်နိုင်ပါတယ်။ သုံးနေတဲ့ ကြော်ငြာစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ရှိပါတယ်။

သင်လိုချင်တဲ့ ပစ္စည်းတွေကို City Mart ကနေ အိမ်အရောက်ပို့ မှာယူနိုင်ပြီ

Shampoos နဲ့ Conditioners ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေကတော့ အမေရိကန် ဒေါ်လာ ၅ သန်းကျော်လောက် သုံးစွဲနေပြီး တတိယနေရာကို အရယူထားပါတယ်။ Facial Cleansers လုပ်ငန်းတွေဟာလည်း သူ့ရဲ့ နောက်မှာ ကပ်လိုက်နေပါတယ်။

နောက်ထပ် ကြော်ငြာစရိတ် အများဆုံးသုံးတဲ့ လုပ်ငန်းတွေကတော့ သွားတိုက်ဆေးနဲ့ သွားတိုက်တံ ရောင်းချတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃ သန်းကျော်လောက်ကို သတင်းစာကလွဲလို့ ကျန်တဲ့ ကြော်ငြာချန်နယ်အားလုံးမှာ သုံးစွဲနေပါတယ်။

အဲဒီနောက်မှာတော့ Tonic Drinks တွေ ကော်ဖီမှုန့်နဲ့ နို့မှုန့်တွေ၊ အားဖြည့်အချိုရည်တွေ၊ ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေက ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၂ သန်းကျော် ၃ သန်းကျော် စသဖြင့် သုံးစွဲနေပြီး ကြော်ငြာစရိတ်အများဆုံး သုံးတဲ့ လုပ်ငန်း ( ၁၀ ) ခုအဖြစ် ရပ်တည်နေပတယ်။

ကုမ္ပဏီ လုပ်ငန်းအများစုကတော့ ကြော်ငြာချန်နယ်မျိုးစုံကို အသုံးပြုနေကြပြီး တစ်ချို့တစ်လေသာ မဂ္ဂဇင်းနဲ့ သတင်းစာ ကြော်ငြာချန်နယ်ကို ချန်ရစ်ခဲ့တာကို တွေ့ရပါတယ်။ အများဆုံး အသုံးပြုတဲ့ ချန်နယ်ကတော့ TV ချန်န်ယတွေ ဖြစ်ပါတယ်။

 

Su Mon Oo

Source: Nielsen MMRD Advertising Information Service

Myanmar Advertising Directory