AAAM တွင် Advertising Fundamentals Course ကို ဖွင့်လှစ်မည် ဖြစ်ပါသည်။
AAAM သည် ကြော်ငြာလုပ်ငန်းကို စိတ်ဝင်စားသူများ နှင့် လုပ်ငန်းခွင်ဝင်ရောက်ကာစ လူငယ်များအတွက် ကြော်ငြာလုပ်ငန်းအခြေခံသဘောတရားများမှတစ်ဆင့် Professional Advertising Personnel များဖြစ်စေရန် ရည်ရွယ်ပြီး အခြေခံမှစ၍ အဆင့်မြင့်လေ့လာနိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ပါသည်။
Advertising Fundamental Course တွင် Module (၁၀) ခု ဖြစ်ပြီး Module တစ်ခုသင်ကြားချိန်မှာ မိနစ် (၉၀) ခန့် ကြာမြင့်မည်ဖြစ်ပါသည်။
ထိုသင်တန်းအား မြန်မာနိုင်ငံရှိ အေဂျင်စီများကို ဦးဆောင်နေသော ၀ါရင့်အတွေ့အကြုံရှိ AAAM အဖွဲ့ဝင်များမှ သင်ကြားပို့ချမည် ဖြစ်ပါသည်။
Module ၁၀ ခုလုံးပြီးမြောက်အောင် တက်ရောက်နိုင်သူများကိုသာ AAAM ၏ အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပေးမည် ဖြစ်သည်။
တက်ရောက်လိုသူများသည် ကြော်ငြာလုပ်ငန်းအားစိတ်ဝင်စားသူ ၊ ကြော်ငြာလုပ်ငန်းတွင်လက်ရှိလုပ်ကိုင်နေပြီး လုပ်သက် (၁) နှစ် နှင့် အောက်ရှိသူ နှင့် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူ ဖြစ်ရပါမည်။