Global

ကိုဗစ်ထိခိုက်မှုနဲ့ကြော်ငြာရေးရာ

Read 2156 times
ကိုဗစ်ထိခိုက်မှုနဲ့ကြော်ငြာရေးရာ

 

WPP , Google , Microsoft , Twitter , Hitachi , Apple , Amazon , Chevron , Salesforce , Spotify စတဲ့ လုပ်ငန်းစုကြီးများ အပြင် အင်္ဂလန် နိုင်ငံ ၊ အမေရိကန် နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံရဲ့ လုပ်ငန်းစုကြီးအတော်များများဟာ ပြီးခဲ့တဲ့ ၂၀၂၀ မတ်လလောက်က နေစတင်ကာ အိမ်မှ အလုပ်လုပ်တဲ့ စနစ်ကို စတင်နေပြီသိရပါတယ်။

 

ကြော်ငြာ အေဂျင်စီတွေ အတော်များများ အနေဖြင့် တချို့ လုပ်လို့ရတဲ့ ကိစ္စရပ်တေွကိုသာ အိမ်မှ လုပ်ကိုင်လျက်ရှိပြီး လူစု လူဝေးဖြင့်လုပ်ရမဲ့ ကြော်ငြာ ပိုင်းဆိုင်ရာ Billboard လမ်းမထက်ထားရှိ ရမည့်ကိစ္စရပ်များ ၊ ဘတ်စ်ကား မှတ်တိုင်ကြော်ငြာ ထည့်သွင်းခြင်းလုပ်ငန်းများ အပြင် လူစုလူဝေးဖြင့် တီဗီကြော်ငြာ ရိုက်ကူးရမည့် ကိစ္စတွေကို ရှောင်ကြည်ထားတယ်သိရပါတယ်။

 

ထို့ အပြင် Talk Show အစီအစဉ်များလဲ မရှိတော့ ကာ ကြားဖြတ်ကြော်ငြာ တွေလဲ မတွေ့ရတော့ ဘူးပေါ့ Jimmy Kimmel , Jimmy Fallon နှင့် Ellen စတဲ့ နာမည်ကြီး Talk Show အကျော်အမော် တွေလဲ အိမ်မှာပဲ နေနေ ကြပါတယ်။ရုပ်သံဌာန တွေကလည်း ဝန်ထမ်းတွေ ကို အိမ်ကနေပဲ အလုပ်လုပ်ခိုင်းပါတော့တယ်။

 

The Marketing Society က လူတွေရဲ့ ပြောဆိုပုံ အရဆို ကိုရိုနာ ရောဂါဖြစ်တာ ကြောင့် ၎င်းရောဂါစတင်ဖြစ်ပွါးတဲ့ ရက်ထဲ ကကြော်ငြာ ရေးရာ နယ်ပယ် က အေးစက်လာပါတယ်တဲ့ အခုအခါမှာလည်း အတော်လေး ကြော်ငြာ ရေး ရာ ကိစ္စ ရပ် လုပ်ကိုင်သူနည်းပါးကာ ကြော်ငြာ Industry ရပ်တန့် သလိုတောင်ဖြစ်လာပြီ။

 

၂၀၂၁ မှာတော့ ကြော်ငြာ လုပ်ငန်းဆောင်တာများအနေနဲ့ တဖြေးဖြေးပြန်လည်လုပ်ဆောင်နိုင်လာမှာဖြစ်ပြီး ဆက်လက် တပြေးညီရေးသားပါအုံးမည် .. မျှော်

 

Source From Ad Week