Print Advertising

ကြေးမုံနဲ့ မြန်မာ့အလင်းမှာ ကြော်ငြာထည့်မယ်ဆိုရင် ဘယ်လောက်ကုန်ကျမလဲ

Read 10671 times
ကြေးမုံနဲ့ မြန်မာ့အလင်းမှာ ကြော်ငြာထည့်မယ်ဆိုရင် ဘယ်လောက်ကုန်ကျမလဲ

ထင်ပါတယ်။ ပုံမှန်အားဖြင့် ကြော်ငြာခတွေကို ဖော်ပြထားလေ့ မရှိပါဘူး။ ဖုန်းဆက် မေးမြန်းမှသာ သိကြရတာ ဖြစ်ပါတယ်။

ဒါကြောင့် သတင်းစာတွေထဲမှာ ကြော်ငြာ အများဆုံးပါဝင်ပြီး အစိုးရ သတင်းစာ ၂ စောင်ဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းရဲ့ ကြော်ငြာဈေးနှုန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဦးဆုံး အနေနဲ့ ကြေးမုံက တစ်လက်မပတ်လည် တစ်ကွက်စာကို  ၈,၀၅၀ ကျပ် ယူပါတယ်။ အရောင်တော့ မပါပါဘူး။ မိမိက ၂ လက်မပတ်လည် ကြော်ငြာထည့်ချင်တယ်ဆိုရင် ၃၂,၂၀၀ ကျသင့်မှာပါ။

အလျား ၄ လက်မ၊ အနံ ၂ လက်မ ကြော်ငြာမလား ဒါမှမဟုတ် အလျား ၃ လက်မ၊ အနံ ၆ လက်မ ကြော်ငြာထည့်မလား စသဖြင့် မိမိကြော်ငြာချင်တဲ့ လုပ်ငန်းအမျိုးအစားနဲ့ သုံးနိုင်တဲ့ ငွေပမာဏတွေပေါ် မူတည်ပြီး အဆင်ပြေတဲ့ Size ထည့်လို့ ရပါတယ်။

သတင်းစာနဲ့ ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းခြင်းရဲ့ အားသာချက်များ 

တစ်မျက်နှာလုံးနဲ့ အရောင်ပါတာ ကြော်ငြာချင်တယ်ဆိုရင်တော့ ကြော်ငြာခက ၉၀၁,၆၀၀ ကျပ် ဖြစ်ပါတယ်။ Size က အလျား ၁၄ လက်မနဲ့ အနံ ၁၁ လက်မပါ။ Column Size က ၁.၃၅ လက်မဖြစ်ပြီး ၈ Column ပါဝင်ပါတယ်။ အရောင်ကတော့ ၄ ရောင်ပါ။

နောက်တစ်ခုကတော့ မြန်မာ့အလင်းပါ။ မြန်မာလိုနဲ့ရော၊ အင်္ဂလိပ်လိုနဲ့ရော နှစ်ဘာသာ ထွက်ရှိပါတယ်။ ကြော်ငြာခ အတူတူပါပဲ။ သူက တစ်လက်မပတ်လည် တစ်ကွက်စာကို ၆,၆၀၀ ကျပ် ယူပါတယ်။

တစ်မျက်နှာလုံးနဲ့ အရောင်ပါတဲ့ ကြော်ငြာခက ၇၃၉,၂၀၀ ကျပ် ဖြစ်ပါတယ်။ Size ကတော့ ကြေးမုံနဲ့ သိပ်မကွာပါဘူး။ ကြော်ငြာခကတော့ ကြေးမုံထက် ဈေးအနည်းငယ် ပိုပြီး သက်သာပါတယ်။

ကြော်ငြာကိစ္စများ အသေးစိတ် စုံစမ်း မေးမြန်းလိုပါက အောက်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။

ကြေးမုံ ကြော်ငြာဌာန - 01397330, 01299427

မြန်မာ့အလင်း ကြော်ငြာဌာန - 01545834, 01559118

 

Su Mon Oo

Myanmar Advertising Directory