Marketing

Advertising ရဲ့ အကျိုးအမြတ်တွေဟာ ဘာတွေများဖြစ်မလဲ?

Read 1446 times
Advertising ရဲ့ အကျိုးအမြတ်တွေဟာ ဘာတွေများဖြစ်မလဲ?

လုပ်ငန်းရှင်တွေဟာ Advertising ကိုအကျိုးရှိတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုအဖြစ် လက်ခံကြပြီး ရေတို၊ ရေရှည်တွေမှာ အကျိုးအမြတ်တွေရရှိအောင် လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ Advertising နဲ့ အသက်မွေးနေတဲ့သူများအနေနဲ့ ကိုယ့်ရဲ့ ဖောက်သည်တွေ ကြော်ငြာခြင်း ရဲ့ အကျိုးအမြတ်တွေကို သိမြင်စေမှသာ ပိုအလုပ်ဖြစ်မှာပါ။ အခု Advertising ရဲ့ အကျိုးအမြတ်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။


Information to the customer

ကုန်ပစ္စည်းအသစ်ပဲ ဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် ကြော်ငြာခြင်းအားဖြင့် ကိုယ့်ကုန်ပစ္စည်းကို သိပြီးသားသူပဲဖြစ်စေ မသိသေးတဲ့သူတွေကိုပဲဖြစ်စေ ကိုယ့်ကုန်ပစ္စည်းရဲ့ အချက်အလက်တွေ မှန်သမျှသိမြင်စေပါတယ်။

 

Takes care of customers

ကြော်ငြာခြင်းအားဖြင့် ကိုယ့်ရဲ့ customers တွေကို ဂရုစိုက်ရာလည်းရောက်ပါတယ်။ ကိုယ့်ကုန်ပစ္စည်းကို ပုံမှန်ဝယ်ယူသုံးစွဲနေတဲ့ အမြဲတမ်း customers တွေကို ထိန်းသိမ်းနိုင်သလို၊ ဆုံးရှုံးခြင်းမှလည်း ကာကွယ်နိုင်ပြီး တစ်ဖက်မှာလည်း အသစ်တွေတိုးလာစေပါတယ်။


Improve the sale of product

သိသာထင်ရှားတဲ့ နောက်တစ်ချက်ကတော့ ရောင်းအားတက်စေခြင်းပဲဖြစ်ပါတယ်။


Alters the attitudes of people

တစ်ချို့အရမ်းအားကောင်းတဲ့ ကြော်ငြာတွေဆိုရင် လူတွေရဲ့အကျင့်တွေ သဘောထားတွေကိုပါ ပြောင်းလဲပေးနိုင်ပါတယ်။ မြန်မာပြည်မှာ အချိုမှုန့်စားတာမကောင်းဘူးဆိုတာသိတယ်။ ဒါပေမယ့် ဘယ်သူမှ မပြောင်းလဲပေးနိုင်သေးဘူး။ အဲဒီအတွက် အချိုမှုန့်အစားထိုးတဲ့ဟာ တစ်ခုခုကို လူတွေရင်ထဲထိမယ့် ကြော်ငြာနဲ့ ကြော်ငြာလိုက်ရင် အချိုမှုန့်ကနေ အချိုမှုန့်အစားထိုးကို ပြောင်းသုံးပြီး အချိုမှုန့် စားတဲ့ အကျင့်ပါ ပျောက်သွားပါလိမ့်မယ်။


Economic progress

နိုင်ငံအတစ်နိုင်ငံက လူတွေအတွက် ရောင်းအားကောင်းမှုတွေ ၊ အလုပ်တွေ ၊ အမြတ်အစွန်းတွေ Advertising က ဖန်းတီးပေးနိုင်တဲ့အတွက် နိုင်ငံတွေအတွက်သာမက ကမ္ဘာကြီးတစ်ခုလုံးရဲ့ Economic progress ကြီးကိုပါ အကျိုးသက်ရောက်မှုရှိစေပါတယ်။


Advertising ဟာ Media အမျိုးမျိုးကနေ ပုံစံအမျိုးနဲ့ လူတွေကိုအကျိုးပြုနေပေမယ့် Advertising လုပ်ရတာ တစ်ကယ်ကို စရိတ်စက ကြီးမားပါတယ်။ ဒါပေမယ့်လည်း ရေရှည်ပြန်ကြည့်မယ်ဆိုရင် ကုန်ကျစရိတ်ထက်စာရင် ပြန်ရတဲ့ အကျိုးအမြတ်က တစ်ကယ်ကိုမက်လောက်စရာဖြစ်နေပါတယ်။

 

Source; Advertising in Myanmar

Myanmar Advertising Directry


Read More...ကြေးမုံနဲ့ မြန်မာ့အလင်းမှာ ကြော်ငြာထည့်မယ်ဆိုရင် ဘယ်လောက်ကုန်ကျမလဲ