Life Hacks

ထိပ်တန်းအရောင်းဝန်ထမ်း ၂ဦးကို Jack Ma ဘာကြောင့် အလုပ်ထုတ်ခဲ့ရတာလဲ???

Read 2056 times
ထိပ်တန်းအရောင်းဝန်ထမ်း ၂ဦးကို Jack Ma ဘာကြောင့် အလုပ်ထုတ်ခဲ့ရတာလဲ???

ယခင်က အသားတင်အရှုံးပြနေခဲ့လို့ ဒီနှစ်မှာတော့ အမြတ် တစ်ဒေါ်လာ ရရင် ကျေနပ်ပြီလို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ တစ်ဒေါ်လာကိုမှ မမြတ်ရင် ကုမ္ပဏီ သေဖို့ပဲ ရှိတော့တယ်။ အဲဒီတုန်းက အလီဘာဘာက ဈေးမရောင်းသေးဘူး။ အလုပ်လာအပ်တဲ့သူတွေအတွက် ၀က်ဘ်ဆိုက်တွေ လုပ်ပေးတဲ့ ၀န်ဆောင်မှုတွေကို လုပ်ပေးပြီး ငွေရှာနေတာ ဖြစ်ပါတယ်။

အဲဒီမှာ ပြဿနာက အလုပ်ရဖို့ဆိုရင် အလုပ်လာအပ်တဲ့ ကုမ္ပဏီဝန်ထမ်းတွေကို လာဘ်ထိုးဖို့ လိုတယ်။ လာဘ်ထိုးမှ အလုပ်ရမယ့်သဘော ရှိတယ်။

အဲဒီကိစ္စကို အလီဘာဘာမှာ ဆွေးနွေးကြတာ တစ်နေကုန်တယ်။ အလီဘာဘာကို ထူထောင်သူ ဂျက်မက အခုလို ပြန်ပြောပြခဲ့တယ်။

“တကယ်လို့ ကျွန်တော်တို့ လာဘ်ပေးမယ်ဆိုရင် ကျွန်တော်တို့ ဆက်လက်ရပ်တည် ရှင်သန်နိုင်မယ်ဆိုတာ ကျွန်တော်တို့ နားလည်တယ်။ တကယ်လို့ လာဘ်မပေးဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီ သေကောင်းသေသွားနိုင်တယ်”

ဂျက်မက အဲဒီနေ့က အစည်းအဝေးအကြောင်းကို အခုလို ဆက်ပြောပြတယ်။

“ကျွန်တော်တို့ မွန်းလဲ ၄ နာရီအထိ စည်းဝေးတိုင်ပင်ကြတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချခဲ့ကြတယ်။ ကျွန်တော်တို့ ဘယ်သောအခါမှ လာဘ်မပေးဘူး။ သမာဓိဂုဏ်သိက္ခာ မရှိဘဲ လုပ်ကိုင်မယ့်အစား ကျွန်တော်တို့ ကုမ္ပဏီ ပိတ်သိမ်းလိုက်တာပဲ လုပ်မယ်”

သို့သော်ငြားလည်း သူတို့ အလုပ်ဖြစ်ခဲ့ကြပါတယ်။ ထိုနှစ်က ကုမ္ပဏီ အမြတ်ရရှိပါတယ်။

ဒါပေမဲ့ ၂၀၀၂ ခုနှစ်အကုန်မှာ နောက်ထပ် ဆုံးဖြတ်ချက် အကြီးစားတစ်ခုကို ရင်ဆိုင်ကြရပြန်ပါတယ်။

နှစ်အကုန် ဆန်းစစ်သုံးသပ်တာမှာ ၀န်ထမ်း နှစ်ဦးက သူတို့ကုမ္ပဏီရဲ့ အရောင်းအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို ရောင်းပေးထားကြောင်း သူတို့ တွေ့ကြရတယ်။ ယုံဖို့ခက်ရအောင် ကောင်းလွန်းနေတယ်။ စစ်ဆေးကြည့်တော့ သူတို့က ဖြတ်စားလျှပ်စားငွေတွေ ပြန်ပေးပြီး အလုပ်ဖြစ်အောင် လုပ်ခဲ့ကြတယ်။

အဲဒီမှာ ဂျက်မတို့ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းကျိုး အဖြစ်ကို ကြုံရတယ်။

“သူတို့နှစ်ယောက်ကို ချက်ချင်း အလုပ်ဖြုတ်ပစ်မယ်ဆိုရင် ကုမ္ပဏီ အမြတ်ရတော့မှာ မဟုတ်ဘူး။ တကယ်လို့ အဲဒီဝန်ထမ်းနှစ်ဦးကို ကန်မထုတ်ပစ်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ စကားတွေက ဗလာကျည်တွေ ဖြစ်နေမယ်။ ဒီတော့ အဲဒီဝန်ထမ်းနှစ်ဦးကို ထွက်ခိုင်းလို့ ကျွန်တော်တို့ နောက်ဆုံးမှာ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်”

ရိုးဖြောင့်ခြင်းသည် အောင်မြင်မှုဆီ ရောက်စေသည်။

အလီဘာဘာ ကုမ္ပဏီ ထုံးတမ်းဓလေ့တွေနဲ့ နေ့စဉ်လုပ်ထုံးလုပ်နည်းတွေထဲမှာ

ကုမ္ပဏီစတင်တဲ့ ပထမနေ့ကတည်းက ထဲတွင် ရိုးဖြောင့်ခြင်းကို မြှုပ်ထည့်ထားပါတယ်။

အလီဘာဘာရဲ့ အောင်မြင်မှုအတွက် အလွန်အခရာကျတဲ့အရာလို့ ဂျက်မက ယူဆပါတယ်။

“အလီဘာဘာကို ထူထောင်တော့ ကျွန်တော်တို့ အတော်ခက်ခက်ခဲခဲ အခြေအနေတစ်ရပ်ကို ကြုံရတယ်။ ကျွန်တော်တို့မှာ ဘာမှ မရှိဘူး။ ကျွန်တော်တို့ လုပ်ပေးတာကို ဘယ်သူကမှ စိတ်မချဘူး။

ကျွန်တော်တို့က ငကြောင်တွေ၊ လူလိမ်တွေလို့ လူတိုင်းက ပြောကြတယ်”

ကုမ္ပဏီမှာ ကြီးထွားလာတာ ပိုက်ဆံမဟုတ်ဘူး။ ပင်ကိုအရည်အသွေးလည်း မဟုတ်ဘူး။ တန်ဖိုးထားခြင်းတွေသာ တိုးလာတာ ဖြစ်ပါတယ်။ အလုပ်အပ်သူ ပထမဦးစားပေး၊ အသင်းစိတ်ဓာတ်နဲ့ ရိုးဖြောင်ခြင်းဂုဏ်သိက္ခာတို့ မြင့်တက်လာတာ ဖြစ်ပါတယ်။

အလုပ်အပ်နှံသူတွေနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်တာဟာ ရေရှည်ဖောက်သည်တွေအဖြစ် ပြောင်းလဲဖို့ အထောက်အကူ ဖြစ်တယ်။

“ကျွန်တော်တို့ရဲ့ ၀န်ထမ်းတွေက အလုပ်အပ်နှံတဲ့သူနဲ့ ကားကြုံလိုက်စီးတာ၊ ထမင်းလိုက်စားတာကို ခွင့်မပြုဘူး”

တရုတ်ကုမ္ပဏီတွေ ပင်လယ်ရပ်ခြားမှ အမှာစာတွေ ရဖို့ လုပ်ကိုင်တာကို အလီဘာဘာက ကူညီပေးပြီး နှစ်စဉ်ကြေး ကောက်ခံတယ်။ အခြေအနေတွေက အားရစရာ မရှိဘူး။

“ကျွန်တော်တို့ရဲ့ ၀န်ထမ်းတွေ စိတ်မကောင်း ဖြစ်ကြတယ်။ သူတို့ထံ အလုပ်အပ်နှံထားသူတွေအပေါ် တာဝန်မကြေခဲ့ဘူးလို့ ခံစားမိကြတယ်။ နှစ်ကုန်ချိန်မှာ ၀န်ထမ်းတွေက ရိုးရိုးသားသား ပြောပြကြတယ်။

အီး-စီးပွားက ကြီးမားတဲ့ အနာဂတ် ရှိနေတာ မှန်ပေမဲ့ ရလဒ်တွေကို ချက်ချင်းတော့ မရဘူး။ ဒီတော့ နှစ်စဉ်ကြေး ပြန်ထုတ်ချင် ထုတ်ပါ။ နောက်တစ်နှစ်အတွက် စာရင်းမသွင်းဘဲ နေချင်နေပါလို့ ပြောပြကြတယ်”

အလုပ်အပ်နှံကြသူတွေက နားလည်ပေးကြတယ်။ အကောင်းမျှော်ကြတယ်။ အချိန်ယူရဦးမယ်ဆိုတာ သိကြတယ်။ သူတို့အထဲမှာ အများအပြားဆို့ဟာ ယနေ့ထက်ထိ အလီဘာဘာနဲ့ အလုပ်လုပ်နေကြဆဲ ဖြစ်ပါတယ်။

Read-လုပ်ငန်းကို ဗျူဟာနှင့်ကယ်တင်ခြင်း