Daraz Group ဟာ Alibaba ရဲ့ဦးဆောင်မှု၊ နည်းပညာ၊ အွန်လိုင်းကူးသန်းရောင်းဝယ်ရေး၊ ငွေပေးချေမှုစနစ်နဲ့ သယ်ယူပို့ဆောင်ခြင်း နည်းလမ်းတွေနဲ့အတူ လူဦးရေ သန်း၄၆၀ကျော်ရှိတဲ့ တောင်အာရှဈေးကွက်ထဲကို ပိုမိုထိုးဖောက် ၀င်ရောက်လာတော့မှာဖြစ်ပါတယ်။
“ Alibaba နဲ့အတူ ဒေသတွင်းမှာရှိတဲ့ စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့် အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ရန်နဲ့ ကျွန်တော်တို့ရဲ့ ကတိစကားအတိုင်း ဈေးဝယ်သူများကို အကောင်းဆုံး အရည်အသွေးမြင့် ပစ္စည်းများ၊ လွယ်ကူလျှင်မြန်သော နည်းလမ်းများဖြင့် ၀န်ဆောင်မှု ပေးနိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
အကောင်းမွန်ဆုံးနည်းပညာ ပလက်ဖောင်း၊ ကြီးမားတဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွန်ယက်၊ ကျယ်ပြန့်သော ecosystem တွင်တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသူများ၊ အားလုံးစုပေါင်းပြီး ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများ ပေးနိုင်ရန် လုပ်ဆောင်ကြမှာ ဖြစ်တယ်” လို့ Daraz Group ရဲ့ Co-CEO Dr.Jonatha Doerr ကပြောပါတယ်။
Daraz ကို ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး website ပေါ်မှဝယ်ယူရတဲ့ online shopping နယ်ပယ်မှာ တရှိန်ထိုး အောင်မြင်ခဲ့ပါတယ်။
ယခုအခါ ပါကစ္စတန်၊ ဘင်္ဂလားဒေ့်ရှ်၊ သီရိလင်္ကာ၊ မြန်မာနဲ့ နီပေါနိုင်ငံတွေမှာ Online Market အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။
အကူးအပြောင်းကာလအတွင်းမှာ Daraz’s (shop.com.mm) အမှတ်တံဆိပ်နဲ့ ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
READ - Jack Ma မဖြစ်လာခင် အချိန်များ
Source; My Yangon