Global

11 . 11 နဲ့ အလီဘာဘာ CMO ဖြစ်သူ Chris Tung

Read 1744 times
11 . 11 နဲ့  အလီဘာဘာ CMO ဖြစ်သူ Chris Tung

 

အလီဘာဘာဟာ အရင်ကတည်းက အရောင်းမြင့်တင်ရေးတစ်ရက်ထဲလုပ်တဲ့ ရက်တွေကို နားထားခဲ့တာပါ။သည့်ထက် အခြား e-commerce တွေကလည်း 10 . 10 နဲ့ 9 . 9 တို့လို မျိုးရက်တွေကို အကြောင်းပြု ပရိုမိုးရှင်းလုပ်နေဆဲပါ။

 

Tung ပြောကြားချက်အရ ကျွန်တော်တို့အနေနဲ့ ၁၂ နှစ်မြောက်ကမ္ဘာ့ စျေးဝယ်ပွဲတော်ကြီးကို ကျင်းပနေတာပါ။တကယ်တန်း ထိုပွဲတော်ကြီးရဲ့ ရည်ရွယ်ချက်က ဝယ်ယူသူတွေကို ကုန်သည်တွေနဲ့ တွေ့ပေးချင်တာပါ။အဲ့လိုအချိန်မှာ ရောင်းသူကုန်သည်တွေကလည်း အတော်လေး တီထွင် ဖန်တီးမှု စွမ်းရည်ကို ထုတ်သုံးကြတယ် သူတို့စားသုံးသူအတွက်ကို သည့်ထက် ပိုတာက စားသုံးသူတွေအနေနဲ့လည်း သူတို့ချစ်တဲ့ Brand ကိုပိုပြီးသိကျွမ်းသွားတာပေါ့။

 

ဥပမာအားဖြင့်ပြောရရင် Apple က iPhone 12 ကို ထုတ်ခဲ့တယ် ၊ Nike က ဒီဇိုင်းအသစ်ကို ထုတ်တယ် ၊ L'Oréal ဆိုလည်း စကင်းကဲအသစ်တွေကို ထုတ်ခဲ့တယ် ဒါဟာ ဆောင်းတွင်းစျေးဝယ်ရာသီကို ဦးတည်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ထိုပွဲတော်ရာသီအချိန်မှာ လူတွေက သူတို့ရဲ့ မိသားစုဝင်အတွက် လက်ဆောင်ဘာပေးရမလဲစဉ်းစားနေတာကိုစျေးကွက်ကိုနားလည်တဲ့ မားကတ်တင်းသမားတွေက အကွက် ချနင်းခဲ့တာပါ။

 

တကယ့် သွက်လက်တဲ့ လုပ်ငန်းစုတွေကတော့ သူတို့ အနေနဲ့ ပွဲတော်ကို မျှော်လင့်နေကျသလို ပွဲတော်အကြောင်းပြု ၎င်းစျေးကွက်ကို ဘယ်လိုဖော်ဆောင်ရမလဲသိကြပါတယ်။ဒါ့ကြောင့် ကိုယ်တွေက ကြားကနေ ကုန်သည်တွေကို အရွေ့တစ်ခု ဖြစ်စေဖို့ ဝင်ပါဖို့ စီစဉ်ပေးတာပဲဖြစ်ပါတယ်။ဒီတော့မှာသာလျှင် ကိုယ်တွေနဲ့ အကျိုးတူပူးပေါင်းလုပ်နေတဲ့ လုပ်ငန်းတွေ Brand တစ်ခုကိုစနစ်တကျ တည်ဆောက်နိုင်မှာဖြစ်ပါတယ် လို့ အလီဘာဘာ ရဲ့ CMO ဖြစ်သူ Chris Tung ကပြောကြား ခဲ့ပါတယ်။

 

The Drum 

 

Myanmar Advertising Guide