Digital Marketing

အလီဘာဘာတွင် ရောင်းချကြရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ် တိုတ်တွန်း

Read 3523 times
အလီဘာဘာတွင် ရောင်းချကြရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ်  တိုတ်တွန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘောဒီးယားအစိုးရသည် ပြည်တွင်းထုတ်လုပ်သူများနှင့် ရောင်းချသူများကို  တရုတ်ပြည် အခြေစိုက် အွန်လိုင်း ဈေးခင်း Alibaba တွင် ၎င်းတို့၏ထုတ်ကုန်များကို  တင်ပြပြီး ရောင်းချကြရန် တိုက်တွန်းထားသည်။

အီးကောမတ်စ် ပလက်ဖောင်း အလီဘာဘာနှင့် ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ သည် မကြာသေးခင်က နားလည်မှု စာချွန်လွှာ Memorandum of Understanding (MoU) လက်မှတ်ရေးထိုးခဲ့ကြသည်။ 

 

၎င်းစာချွန်လွှာပါ သဘောတူညီချက်များအရ ကမ္ဘောဒီးယား ထုတ်ကုန်များကို တရုတ်ဈေးကွက်နှင့် အာဆီယံ ဈေးကွက်များတို့မှာ အလီဘာဘာ အီးကောမတ်စ် ပလက်ဖောင်းပေါ်တွင် တိုက်ရိုက်ရောင်းချနိုင်သည်။ 

 

ကမ္ဘော့ဒီယား ဝန်ကြီးချုပ် ဟွန်မာနက်က " အစိုးရအနေဖြင့် ထုတ်ကုန်များကို တရုတ် အွန်လိုင်းဈေးခင်း ပလက်ဖောင်း အလီဘာဘာမှာ တင်ပြပြီး ရောင်းချနိုင်တဲ့ အားသာချက်ကို အသုံးပြုကြဖို့ တိုက်တွန်းပါတယ်" ဟု မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

 

Alibaba သည် လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူ ၁.၃ ဘီလီယံခန့်ရှိသည်။ ကမ္ဘောဒီယား ဆန်နှင့် သစ်သီးဝလံများကို ရောင်းချပေးလျက် ရှိသည်။ 

ထို့ပြင် တရုတ်နိုင်ငံသားများ ကမ္ဘောဒီးယား ဗီဇာ လျှောက်ထားရယူနိုင်ရန်အတွက်လည်း ပလက်ဖောင်းပေါ်တွင် စီစဉ်ပေးထားသည်။ 

 

Source khmertime


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL