Life Hacks

နင်းတတ်ရင် အားလုံးဟာ သင်အောင်မြင်ဖို့ လှေကားထစ်တွေပါ!

Read 561 times
နင်းတတ်ရင် အားလုံးဟာ သင်အောင်မြင်ဖို့ လှေကားထစ်တွေပါ!

သေပါစေတော့ ပေါ့ ။

ဒါကို ပုရွက်ဆိတ်တွေ မြင်တော့ ငါးကို ကယ်မယ် လုပ်ကြတယ်။

ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ ။

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်။ "မချီကြနဲ့ မနိုင်လောက်ဘူး"

"ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "ဆိုပြီး ဝိုင်းကိုက်ကြတော့တာပဲ။"

ငါးက နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း ရေမြောင်းစပ်ဆီရောက်သွားတယ်ဗျာ့။

နောက်ဆုံး ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်ပေါ့ဗျာ။

ကျွန်တော်ပြောချင်တဲ့ အဓိက အကြောင်းရင်းက တစ်ချို့ နာကျင်ခြင်းတွေဟာ ၊

တစ်ချို့တိုက်ခိုက်မှု့တွေဟာ အောင်မြင်ခြင်းအတွက် အထောက်အပံ့ ဖြစ်စေတယ် ဆိုတာ မမေ့ကြပါနဲ့။

တစ်ခါတလေ တိုက်ခိုက်လာတဲ့ သူတွေကြောင့် ကိုယ်က ပိုပြီး သန်မာလာရတယ်။

စိတ်ညစ်ချင် ညစ်ပါ။ သို့သော် ဘယ်တော့မှ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျဖို့တော့ ခွင့်မပေးမိပါစေနဲ့။

ဘာအကြောင်း,ကြောင်း ကြောင့်မှ စိတ်ဓာတ်မကျကောင်းဘူးနော်။

နင်းတတ်ရင် အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။

အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ ပါဗျာ...။

Recommended for you-မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ဘာတွေလုပ်သင့်လဲ???

Source; online

Myanmar Advertising Directory