Digital Marketing

Google မိခင်လုပ်ငန်း Alphabet ကြော်ငြာနှင့် Cloud ဝင်ငွေ မြင့်တက်

Read 3047 times
Google မိခင်လုပ်ငန်း Alphabet  ကြော်ငြာနှင့် Cloud ဝင်ငွေ မြင့်တက်


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Google မိခင်လုပ်ငန်း Alphabet သည် ကြော်ငြာများ၊ YouTube နှင့် cloud ဝန်ဆောင်မှုများမှ ရရှိသည့် ဝင်ငွေများဖြင့် သုံးလပတ်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၉.၇ ဘီလီယံ ရရှိကြောင်း အစီရင်ခံသည်။

 

Alphabet သည် ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ ၇၆.၇ ဘီလီယံ ရရှိသည်။ ယမန်နှစ် အလားတူ ၃ လပတ်တွင် ကန်ဒေါ်လာ ၆၉ ဘီလီယံ ရရှိခဲ့သည်ထက် ပိုများခဲ့ပါသည်။

 

"ဘဏ္ဍာရေးရလဒ်များနှင့် ထုတ်ကုန် အရှိန်အဟုန်အတွက် ကျွန်တော် ကျေနပ်အားရပါတယ်" ဟု Alphabet စီအီးအို ဆန်ဒါ ပီချိုင်းက ပြောကြားသည်။

 

 Alphabet သည် “လူတိုင်းအတွက် ပိုမိုအထောက်အကူဖြစ်စေသည့်” ဉာဏ်ရည်တုပြုလုပ်ရန် ဆက်လက် အာရုံစိုက်ထားကြောင်း  ပီချိုင်းက ပြောကြားသည်။

 

Alphabet ၏ cloud ဌာနခွဲသည် သုံးလပတ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံ ရရှိခဲ့သည်။ ယခင်နှစ် အလားတူကာလက ကန်ဒေါ်လာ ၆.၇ ဘီလီယံ ရရှိခဲ့သည်ထက် ပိုများပါသည်။

Source AFP


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL