အနိုင်ကျင့်ခံခဲ့ရသူတွေလည်း မနည်းမနောပါ။ အဲဒီထဲက ထင်ရှားတဲ့ အဆိုတော် တွေရဲ့ ဘဝကို ရွေးထုတ်ပြီး ဖော်ပြလိုက်ပါတယ်။
၁။ လေဒီဂါဂါ
ဒီနေ့အချိန်အခါမှာ လေဒီဂါဂါရယ်လို့ လျှမ်းလျှမ်းတောက် ကျော်ကြားလာမယ့် မိန်းကလေးဟာ ငယ်ငယ်က လူတွေ စိတ်ဝင်စားစရာ မကောင်းတဲ့ ကောင်မလေး တစ်ယောက်ပါ။
ကျောင်းက တခြားကောင်မလေးတွေ အိမ်ပြန်ချိန်ဆိုရင် အတန်းထဲက ကောင်လေးတွေက ကျွန်မကိုမပြီး ကျွန်မနေတဲ့ ရပ်ကွက်လမ်းဘေး အမှိုက်ကန်ထဲ ပစ်ထည့်ပါတယ်။ ကျွန်မကိုယ်မှာ အမှိုက်တွေ ပေပွပြီး အားလုံးဝိုင်းရယ်ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ရယ်မိပါတယ်။ ကျွန်မရယ်တဲ့အသံက စိတ်ပျက်ဖို့ ကောင်းတယ်လေလို့ လေဒီဂါဂါက ပြန်ပြောင်းပြောပြခဲ့ပါတယ်။
၂။ ရီဟားနား
လူဖြူလူမည်း ခွဲခြားမှုဟာ လူမည်းတွေကိုပဲ ဦးတည်ပြီး ငမဲလို့ အခေါ်ခံရတာ မဟုတ်ပါဘူး။ ရီဟားနားဟာ ဘာဘေးဒိုး လူမည်းမိခင်ကနေ မွေးဖွားလာပေမယ့် အိုင်းရစ်သွေး ပါတာကြောင့် သူများတွေထက် စာရင် အသားအနည်းငယ် ဖြူပါတယ်။ ကျောင်းကိုလည်းရောက်ရော လူမည်းတွေကသူ့ကို ငဖြူလို့ခေါ်ပြီး လှောင်ပြောင်ကြပါတယ်။
အတန်းဖော်တွေက သူ့ကိုကြည့်ပြီးဆဲဆိုလှောင်ပြောင်ကြပေမယ့်ဘာလို့ဆိုတာသူနားမလည်ပါဘူးတဲ့။ သူသိတာကတော့ သူဟာ သူများတွေထက်စာရင် အသားအရောင် နည်းနည်း ဖျော့နေတာ တစ်ခုပါပဲလို့ ရီဟာနားက ဆိုပါတယ်။
၃။ ဆယ်လီနာ ဂိုမက်ဇ်
ဂျပ်စတင်ဘီဘာရဲ့ ချစ်သူ အဆိုတော် မင်းသမီးချော ဆယ်လီနာ ဂိုမက်ဇ်ဟာလည်း ငယ်ငယ်က အတန်းထဲမှာ လူချဉ်ဖတ် ဖြစ်ခဲ့ပါတယ်။ အတန်းထဲမှာ သူငယ်ချင်း နှစ်ယောက်ပဲ ရှိပြီး အမြဲတမ်း နောက်ဆုံးမှာပဲ သွားထိုင်လေ့ရှိပါတယ်တဲ့။ အထူးသဖြင့် သူ့ရဲ့ ဖျော်ဖြေရေးအလုပ်ကို ဝိုင်းပြီး ဟာသလုပ်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။
၎။ အမ်မီနမ်
လူမည်းတွေကြားမှာကျင်လည်ခဲ့ရတဲ့ အမ်မီနမ်ဟာလည်း လူဖြူတစ်ယောက်အဖြစ် ကျန်တဲ့ကျောင်းသားတွေရဲ့ ဝိုင်းပယ်တာ၊အနိုင်ကျင့်တာခံခဲ့ရပါတယ်တဲ့။ တစ်နှစ်ကိုနှစ်ကျောင်း၊သုံးကျောင်း ပြောင်းတက်ခဲ့ရသလို ရေချိုးခန်းမှာ၊ခန်းမဆောင် လျှောက်လမ်းမှာ၊ အဝတ်လဲခန်းတွေမှာ ဝိုင်းပြီး ထိုးကြိတ်တာတွေ ခံခဲ့ရပါတယ်တဲ့။
ဒါပေမယ့် လူမည်းတွေရဲ့ ဂီတဖြစ်တဲ့ Hip Hop ကို မစွန့်ပစ်နိုင်တာကြောင့် သူ့ခမျာ ဒီဒဏ်ရာတွေကို ကြိတ်ပြီး ခံရပါတယ်တဲ့။ သူဟာ လူဖြူတစ်ယောက် ဖြစ်တာကြောင့် Hip Hop လောကမှာ မအောင်မြင်နိုင်ဘူးလို့ ဝိုင်းပြီး ရှုံ့ချတာကိုလည်း ခံခဲ့ရပါတယ်တဲ့။
၅. မက်ဒေါနား
အမွှေးရှည်သရဲလို့ နောက်ပြောင်ခံခဲ့ရတဲ့ မက်ဒေါနားဟာလည်း ယ်ငယ်ကအလန်းစားတွေကြားမှာ အပယ်ခံ ဖြစ်ခဲ့ပါတယ်တဲ့။ ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့ ကောင်မလေးတွေ သူတို့ကြိုက်တဲ့ ကောင်လေးတွေကို ဘယ်လို ဆွဲဆောင်ကြလဲ ဆိုတာကို ကြည့်ပြီး ဆန့်ကျင်ဘက်ပုံစံတွေ နေခဲ့တယ်လို့ ဆိုပါတယ်။
ဆံပင်စုတ်ဖွား၊ မိတ်ကပ်မလိမ်း၊ ချိုင်းမွှေးမရိတ် နေခဲ့ဖူးတာကြောင့် အမွှေးရှည်သရဲဆိုတဲ့ နာမည်ဆိုး တွင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူရဲ့ ဘဲလေးအကဆရာက သူ့ကိုအနုပညာရှင်တွေကြားမှာ ၀င်ဆံ့နိုင်အောင် လေ့ကျင့်ပေးခဲ့တဲ့ အချိန်ကစပြီး အရာရာဟာ ပြောင်းလဲသွားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
အကယ်၍ လူတစ်ယောက်ဟာ သူများအတင်းအဖျင်းမပြောပဲနေ့တစ်နေ့ဖြတ်သန်းနိုင်ခဲ့မယ်ဆိုရင်အဲဒီနေ့ဟာ ဘယ်လိုနေ့မျိုး ဖြစ်မလဲလို့လည်း မေးခွန်းထုတ်သွားခဲ့ပါသေးတယ်။
Read-မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ သက်သေပြခဲ့ကြသူများ
Source; Dim’s Note Book