Marketing

Apple ရဲ့ရှင်းတန်း

Read 2075 times
Apple ရဲ့ရှင်းတန်း

 

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က သုံးလတစ်ကြိမ် စာရင်းထုတ်ကြည့်တဲ့ အခါမှာ ငွေကြေးအမြတ်အစွန်းက ၅၈.၃ ဘီလီယံရှိတယ်သိရပါတယ်။အမှန်ပြောရရင် ကိုရိုနာရောဂါက စားသုံးသူတွေရဲ့ ဖြုန်းငွေ အပေါ်သက်ရောက်မှု့ရှိနေတာတောင် Apple က မနှစ်ကထက် Sales ၁ရာခိုင်နှုန်း တက်လာတယ်သိရပါတယ်။Sales တက်တယ် မဆိုထားနှင့် Profit များမှ Sales ကလည်းယုတ်တိရှိမှာကိုး။

 

Apple မှ အမှု့ဆောင်အရာရှိချုပ်ဖြစ်သူ Tim Cook မှ ပြောကြားချက် အရ ကမ္ဘာ့နိုင်ငံ အသီးသီး မှ အပြည်ပြည် ဆိုင်ရာ Lockdown ချခြင်းက '' နယ်ပယ်အသီးသီးအတွက် အတော်လေး ကိုထိုးကျလျက်ရှိနေတဲ့ ကျဆင်းမှု့တစ်ခုပါ '' ဆိုကာပြီးခဲ့တဲ့ မတ်လ က ပြောကြားသွားခဲ့ပါတယ်။သို့ပေမဲ့လည်း ဧပြီလ ဝက်မှာ ၎င်းတို့ လုပ်ငန်းစုအနေနဲ့ အခြေအနေတစ်ရပ်ကို မျက်မြင်စောင့်ကြည့်ခဲ့ကြပါတယ်။

 

ပြောရရင်တော့ အမေရိက မှာ ဆို အစိုးရရဲ့ လှုံဆော်မှု့အရ စားသုံးသူတွေရဲ့ နေထိုင်မှု့ ပုံစံကပြောင်းသွားပြီး အိမ်မှာ အလုပ်လုပ်သူများပြားလာကာ ၎င်းတို့ Product တွေကို ဝယ်ယူကြတယ်သိရပါတယ်။Apple အနေနဲ့ ယခု ကိုရိုနာ ဖြစ်ပွားနေတဲ့ အချိန်မှာ လည်းသူ့ Brand ကိုကြော်ငြာ နေစဲပါပဲ။ထို့အပြင် Brand ရဲ့ ကြော်ငြာ ရုပ်ရှင် အတိုလေးတွေကိုတောင်ထုတ်လိုက်သေးတာတွေ့ရပြီး ထိုရုပ်ရှင်အတိုလေးတွေမှာ Lockdown ဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖန်တီးမှု့ကောင်းကောင်းလေးတွေလုပ်ရမလဲ နဲ့ ဂီတ ပိုင်းဆိုင်ရာ ထုတ်လုပ်မှု့ စတာတို့ဖြစ်ပါတယ်။ထို့အပြင် Product ကို ဈေးကွက်မြှင့်တင်ခြင်းအနေနဲ့ IPhone SE နဲ့ IPad Pro တို့ကို စျေးကွက်မြင့်တင်ရေးလုပ်ဆောင်တဲ့ အပြင် iphone 12 စီးရီး ကိုလည်း စျေးကွက်မြင့်တင်ပြီး မိတ်ဆက်ခဲ့ပါတယ်။

 

သို့ပေမည့်လည်း အခြားကုမ္ပဏီတွေက ကြော်ငြာလုပ်ငန်းလုပ်ကိုင်ရင် သူတို့ ဝင်ငွေထဲက အထွက်ပြပြီး Apple ကတော့ ကြော်ငြာ အတွက်သုံးငွေ သီးသန့် ဖယ်ထားပြီးသားမို့ ကိစ္စ မဟုတ်ချေ ဒါ့ထက် Apple မှာ ငွေရေး ကြေးရေးအရ ထိခိုက်နိုင်တာဆိုလို့ AppleCare ၏ ဝန်ဆောင်မှု့သာ ဖြစ်မည်ဟု Q2 တွင် Apple မှ ငွေထိန်းချုပ်ရေးပိုင်းဆိုင်ရာ အရာရှိချုပ်Luca Maestri မှ ထောက်ပြခဲ့သည်။

 

ဒါ့ထက် Q2 မှာ Apple အနေနဲ့ ၁၃ ဘီလီယံ အမြတ်အစွန်းရရှိထားပါတယ် သည့်ထက် Q3 မှာ ၅၉ ဘီလီယံ ရရှိထားပါတယ်။ဘာကြောင့်လဲဆို ထိုအပိုင်းတွင် B2C Product တွေဖြစ်တဲ့ Apple Music, Apple Arcade နဲ့ Apple News+ တို့စတာတွေပါဝင်နေသောကြောင့်ဖြစ်ပါတယ်။