Business Marketing

အေမရိကန္ထိပ္တန္းစမတ္ဖုန္းကုမၸဏီေနရာကို APPLE ထံလႊဲေျပာင္းေပးလုိက္ရတဲ႔ SAMSUNG

Read 9143 times
အေမရိကန္ထိပ္တန္းစမတ္ဖုန္းကုမၸဏီေနရာကို APPLE ထံလႊဲေျပာင္းေပးလုိက္ရတဲ႔ SAMSUNG

Samsung အေနနဲ႔ ၂၀၁၇ ခုႏွစ္ တတိယသုံးလပတ္အတြင္း ကမၻာလုံးဆုိင္ရာ စမတ္ဖုန္းေဈးကြက္ကုိ ဦးေဆာင္ထားႏိုင္ေပမယ့္ အေမရိကန္မွာေတာ့ ထိပ္ဆုံးေနရာကို Apple ထံ လႊဲေျပာင္းေပးခဲ့ရတယ္လို႔ Strategy Analytics သုေတသန ကုမၸဏီက ေဖာ္ျပခဲ့ပါတယ္။

Samsung ဟာ ၂၀၁၇ ခုႏွစ္ တတိယသုံးလပတ္အတြင္း အေမရိကန္ႏိုင္ငံဆီ ဖုန္းေပါင္း ၉.၉ သန္းတင္ပုိ႔ႏိုင္ခဲ့ၿပီး Apple ကေတာ့ iPhone ၁၂ သန္းတင္ပုိ႔ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ Apple ရဲ႕ေဈးကြက္ေဝစုက ၃၀.၄ ရာခိုင္ႏႈန္း ရွိလာေပမယ့္ Samsung ကေတာ့ ၂၅.၁ ရာခိုင္ႏႈန္းပဲ ရွိပါတယ္။ ဒါေၾကာင့္ Samsung ဟာ သုံးလပတ္ ႏွစ္ႀကိမ္ဆက္တိုက္ သိမ္းပုိက္ထားတဲ့ အေမရိကန္ ထိပ္တန္းစမတ္ဖုန္း ကုမၸဏီေနရာကုိ Apple ထံ လႊဲေျပာင္းေပးခဲ့ရပါတယ္။

Read-ကမၻာေက်ာ္တံဆိပ္မ်ားရဲ႕ေနာက္ကြယ္

၂၀၁၇ ခုႏွစ္ စတုတၳသုံးလပတ္မွာလည္း Apple ကပဲဦးေဆာင္သြားႏုိင္ေျခ ရွိပါတယ္။ Apple အေနနဲ႔ ဆယ္ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ iPhone X ကုိမိတ္ဆက္ထားၿပီး iPhone X ဟာ အႀကီးအက်ယ္ ေရာင္းခ်ရတဲ့ စမတ္ဖုန္း ျဖစ္လာႏိုင္ပါတယ္။ Samsung ကေတာ့ အစိတ္အပုိင္းေထာက္ပံ့သူအျဖစ္ Apple နဲ႔ပူးေပါင္းထားၿပီး iPhone X ကေန ဘီလ်ံေပါင္းမ်ားစြာ ရရွိႏိုင္မယ့္ အလားအလာ ရွိေနပါတယ္။

Samsung အေနနဲ႔ လာမယ့္ႏွစ္မွာ Galaxy S9 ထြက္ရွိတဲ့အခ်ိန္အထိ အေမရိကန္ ထိပ္တန္းစမတ္ဖုန္း ေရာင္းခ်သူအျဖစ္ တက္လွမ္းဖို႔ ႐ုန္းကန္ရႏိုင္ပါတယ္။

Source ; Internet Journal     

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

(Unicode Version)

Samsung နဲ့ Apple ဟာ အမေရိကန်နိုင်ငံအတွင်းမှာ ဈေးကွက်ဝေစုများစွာရရှိဖို့ ယှဉ်ပြိုင်နေတာ ကြာပါပြီ။ ကုမ္ပဏီနှစ်ခုဟာ ထုတ်ကုန်ရောင်းအားတင် ယှဉ်ပြိုင်နေတာမဟုတ်ဘဲ သုံးလပတ်အသီးသီးမှာ အဓိကထုတ်ကုန်တွေထွက်ရှိဖို့ ပြိုင်ဆိုင်နေကြပါတယ်။ Apple ဟာ မကြာသေးခင်က iPhone သစ်တွေ မိတ်ဆက်ထားသလို ၂၀၁၇ ခုနှစ်ရဲ့ပထမနှစ်ဝက်ကလည်း Samsung က Galaxy S ထုတ်ကုန်တွေကို ဖြန့်ချိ ထားပါတယ်။ ကုမ္ပဏီနှစ်ခုစလုံးဟာ အနိမ့်၊ အမြင့်၊ အတက်၊ အကျတွေ ကြုံခဲ့ရပေမယ့် အမေရိကန် စမတ်ဖုန်းတင်ပို့ရောင်းချမှုကို လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။
Samsung အနေနဲ့ ၂၀၁၇ ခုနှစ် တတိယသုံးလပတ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်ထားနိုင်ပေမယ့် အမေရိကန်မှာတော့ ထိပ်ဆုံးနေရာကို Apple ထံ လွှဲပြောင်းပေးခဲ့ရတယ်လို့ Strategy Analytics သုတေသန ကုမ္ပဏီက ဖော်ပြခဲ့ပါတယ်။
Samsung ဟာ ၂၀၁၇ ခုနှစ် တတိယသုံးလပတ်အတွင်း အမေရိကန်နိုင်ငံဆီ ဖုန်းပေါင်း ၉.၉ သန်းတင်ပို့နိုင်ခဲ့ပြီး Apple ကတော့ iPhone ၁၂ သန်းတင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ Apple ရဲ့ဈေးကွက်ဝေစုက ၃၀.၄ ရာခိုင်နှုန်း ရှိလာပေမယ့် Samsung ကတော့ ၂၅.၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့် Samsung ဟာ သုံးလပတ် နှစ်ကြိမ်ဆက်တိုက် သိမ်းပိုက်ထားတဲ့ အမေရိကန် ထိပ်တန်းစမတ်ဖုန်း ကုမ္ပဏီနေရာကို Apple ထံ လွှဲပြောင်းပေးခဲ့ရပါတယ်။
၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်မှာလည်း Apple ကပဲဦးဆောင်သွားနိုင်ခြေ ရှိပါတယ်။ Apple အနေနဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် iPhone X ကိုမိတ်ဆက်ထားပြီး iPhone X ဟာ အကြီးအကျယ် ရောင်းချရတဲ့ စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ Samsung ကတော့ အစိတ်အပိုင်းထောက်ပံ့သူအဖြစ် Apple နဲ့ပူးပေါင်းထားပြီး iPhone X ကနေ ဘီလျံပေါင်းများစွာ ရရှိနိုင်မယ့် အလားအလာ ရှိနေပါတယ်။
Samsung အနေနဲ့ လာမယ့်နှစ်မှာ Galaxy S9 ထွက်ရှိတဲ့အချိန်အထိ အမေရိကန် ထိပ်တန်းစမတ်ဖုန်း ရောင်းချသူအဖြစ် တက်လှမ်းဖို့ ရုန်းကန်ရနိုင်ပါတယ်။
Source ; Internet Journal