Business Marketing

ကမ္ဘာ့ဖလားမှာ ကစားသမားတွေက Apple ရဲ့ Logo ကိုဘာကြောင့် တိတ်နဲ့ ဖုံးကွယ် ထားရတာလဲ?

Read 31 times
ကမ္ဘာ့ဖလားမှာ ကစားသမားတွေက Apple ရဲ့  Logo ကိုဘာကြောင့် တိတ်နဲ့ ဖုံးကွယ် ထားရတာလဲ?

ကမ္ဘာ့ဖလားပွဲက လူကြည့်အများဆုံး ဘောလုံးပွဲ မဟုတ်လား။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက ကြည့်ရှုသူ ၃ ဘီလီယံ ရှိခဲ့တယ်။ ကမ္ဘာဖလားကို အုပ်ချုပ်တဲ့ FIFA အနေနဲ့  ယခုကျင်းပတဲ့ဘောပွဲမှာ ကန်ဒေါ်လာ ၁ ဒဿမ ၆ ဘီလျံဝန်းကျင် ရရှိမယ်လို့ မျှော်မှန်းထားတယ်။

Apple က ကြော်ငြာအတွက် စပွန်ဆာကြေး မပေးဘဲ ကြော်ငြာပြီးသား ဖြစ်သွားတယ်။ မရည်ရွယ်ဘဲ ဖြစ်သွားတာ ဖြစ်ပါတယ်။

ဘောလုံး အားကစားသမားတွေ ရောက်လာကြတာမှာ သူတို့ရဲ့ နားရွက်မှာ Apple ရဲ့ AirPods ၀ါယာလက်နားကြပ် ထပ်ထားကြတယ်။

RTX68QXV

တချို့က Apple အပိုင်ဝယ်ထားတဲ့ Beats ရဲ့ headphone တပ်ထားကြတာပေါ့ဗျာ။  လေယာဉ်ပေါ်ကအဆင်း၊ အရေးနိမ့်လို့ ကိုယ့်တိုင်းပြည်ကို အပြန်၊ ဟိုသွားဒီသွား လမ်းသလားချိန် စတာတွေမှာ အခုလို Apple ရဲ့ နားကြပ်ကို ထပ်ထားကြတယ်။

AP 18188502097561

သူတို့ရဲ့ ဓာတ်ပုံတွေ မီဒီယာမှာ ဖော်ပြတဲ့အခါ သူတို့ရဲ့ နားမှာ Apple ရဲ့ နားကြပ်ကို အတိုင်းသား မြင်ရတွေ့ရတယ်။ ကြော်ငြာပေးပြီးသား ဖြစ်သွားတယ်။

world cup 2018 apple airpods

FIFA က လည်း တရားမ၀င် ကြော်ငြာလုပ်ရင် သည်းမခံဘူး။ ချုံခိုတိုက်ခိုက်တဲ့ ကြော်ငြာတွေလို့ သတ်မှတ်ထားပြီး အဲဒီလို ကြော်ငြာတွေ လုပ်မရအောင် တင်းကျပ်တဲ့ စည်းကမ်းတွေ ပြဋ္ဌာန်းထားတယ်။

ဒီတော့ ကစားသမားတွေ ၀တ်ဆင်ဖို့ brand တွေက ကြော်ငြာကြေး ပေးကြရတယ်။ ဒီတော့ ကစားသမားတွေက Beats ရဲ့ headphone ကို သုံးနေတဲ့အခါ လိုဂိုကို တိပ်ကပ်ပြီး အုပ်ကာထားကြရတယ်။

RTX68RCW

 

tape logo 1

ဒါပေမဲ့ အဲဒီ headphone ဟာ Beat ဆိုတာ မြင်သူတွေက သိကြတယ်။ အခုလို တိပ်ကပ်ထားတာကိုက စိတ်ဝင်စားစရာ ဖြစ်နေစေတယ်။ AirPods မှာ လိုဂို မပါပေမဲ့ မြင်သူတွေ့သူတွေက အဲဒါ Apple ရဲ့ AirPods ဆိုတာ သိကြတယ်။

Apple က ကမ္ဘာ့ဖလားအတွက် ရည်ရွယ်တဲ့ ကြော်ငြာကမ်ပိန်း လုပ်တယ်။ iPhone X နဲ့ ဘောလုံးပွဲကို ဘယ်လို ရိုက်မလဲဆိုတာကို ပညာပေးတဲ့ ကြော်ငြာ ဖြစ်ပါတယ်။

 

How to shoot Football on iPhone X

ကမ္ဘာ့ဖလားဘောလုံးပွဲလို့ မဆိုလိုတာကြောင့် စပွန်ဆာကြေး ပေးစရာမလိုတဲ့ ကြော်ငြာ ကမ်ပိန်း ဖြစ်ပါတယ်။

Recommended for you-တူတယ်ထင်ရပေမဲ့ မတူတဲ့ Brand နဲ့ Logo

Myanmar Advertising Directory

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

Source : Myanmar ICT Directory

Directory Book 1