Global

Apple ရဲ့ ရှယ်ယာတွေ ပိုင်ဆိုင်ပေမယ့် iPhone မကိုင်တဲ့ Warran Buffett

Read 2243 times
Apple ရဲ့ ရှယ်ယာတွေ ပိုင်ဆိုင်ပေမယ့် iPhone မကိုင်တဲ့ Warran Buffett

သူ့ရဲ့ လက်ရှိ ဖုန်းက Samsung Flip ဖုန်းလေးပဲ ဖြစ်ပြီး အဲ့ဒါလေးကိုပဲ စွဲစွဲမြဲမြဲသုံးနေပါတယ်။ သူ့ရဲ့ လက်သုံးစကားကတော့ “ပစ္စည်းတစ်ခုကို နှစ် ၂၀ကနေ ၂၅နှစ်ထိ မသုံးရမချင်း လွှင့်ပစ်လေ့မရှိဘူး” လို့ ၂၀၁၃ ခုနှစ်က CNN နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။ အဲဒီတုန်းကလည်း Nokia Flip Phone ကိုင်ထားပြီးတော့ “ဒီဖုန်းက ငါ့ကို Alexander Graham Bell ပေးခဲ့တဲ့ ဖုန်းပေါ့” လို့တောင် အရွှန်းဖောက်ခဲ့ပါသေးတယ်။

သူ့ရဲ့ ဒီလို တစ်ခုခုကို အကြာကြီး စွဲစွဲမြဲမြဲသုံးတတ်တဲ့အကျင့်ဟာ သူ့ရဲ့ စီးပွားရေးဈေးကွက်တွက်ချက်ပုံတွေက လာတာ ဖြစ်ပြီး “ စတော့ရှယ်ယာတစ်ခုကို ၁၀နှစ်လောက်မှ ထိန်းမထားချင်ဘူးဆိုရင် မဝယ်နဲ့” ဆိုတာမျိုး ဖြစ်ပါတယ်။

သူဒီလို နောက်ဆုံးပေါ်ဖုန်းတွေ မသုံးလို့ သူ့ကိုလူတွေက ရှေးရိုးစွဲလူကြီး၊ နည်းပညာသစ်တွေကိုသုံးရမှာ ကြောက်တဲ့ခေတ်နောက်ပြန်ဆွဲနေတဲ့ လူကြီးလို့ထင်ကြပေမယ့် တကယ်တမ်းမှာတော့ သူဟာလက်တွေ့ကျပြီး သူ့ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ အညီနေတဲ့လူသာ ဖြစ်ပါတယ်။

သူ့ဘာသာသူ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ သူအရင်တည်းကaနတဲ့ Omaha က အခန်းငယ် ၃ ခန်းပါတဲ့ အိမ်လေးမှာပဲနေပြီး ဒီအိမ်လေးဟာဆိုရင် ၁၉၅၈ ခုနှစ်တည်းက ဒေါ်လာ ၃၁,၅၀၀ နဲ့ ဝယ်ထားခဲ့တာပါ။ ၂၀၁၄ ခုနှစ်ထိလည်း သူဝယ်ထားတာ ၈ နှစ်ကြာပြီဖြစ်တဲ့ Cadillac ကားဟောင်းကြီးပဲ စီးနေပြီး General Motors ရဲ့ CEO ကတောင် သူ့ကို ကားသစ်လဲဖို့ ပြောယူရပါတယ်။

စီးပွားရေးလောကထဲဝင်တော့မယ်ဆိုရင် လိုက်နာရမယ့်အချက် (၅)ချက်

ဒါကြောင့်ပဲ ၂၀၁၄ မှ ၂၀၁၆ DTS Model ကို new Cadillac XTS နဲ့ လဲခဲ့တာပါ။ ဒါ့အပြင် ပုဂ္ဂလိကဂျက်လေယာဉ်ကုမ္ပဏီ NetJets ကို တည်ထောင်ထားပေမယ့်လည်း ခရီးသွားတဲ့အခါမှာတော့ အပိုငွေမကုန်အောင်လို့ ကိုယ်ပိုင်ကားလေးနဲ့ပဲ သွားပါတယ်။

ဒီလိုအပိုတွေ မသုံးလို့လည်း သူ့ဖုန်းအဟောင်းကိုပဲ သူဖက်တွယ်ထားတာဖြစ်ပြီး iPhone မသုံးတာ ဖြစ်ပါတယ်။ သူ့ရဲ့ လူငယ်တွေကို ပေးတဲ့ အကြံဥာဏ်ကောင်းကတော့ Credit Cards တွေနဲ့ ဝေးဝေးနေဖို့ရယ်၊ ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ရယ်ဖြစ်ပါတယ်။ Warren Buffett ရဲ့ ရိုးရှင်းတဲ့ လူနေမှုဘဝနောက်ကွယ်က နီတီကတော့ ငွေက လူကို ဖန်တီးတာ မဟုတ်ဘူး၊ လူက ငွေကို ဖန်တီးခဲ့တာသာ ဖြစ်ပါတယ်တဲ့။

Credit; www.akhayar.com
Myanmar Advertising Directory