Life Hacks

ကြောက်နေရင် တစ်သက်လုံးရှုံးမှာပဲ...

Read 8556 times
ကြောက်နေရင် တစ်သက်လုံးရှုံးမှာပဲ...


ဖန်ဆင်းရှင်က သူ့ကို ခွေးတစ်ကောင် ဖြစ်စေလိုက်တယ်။ ခွေးဖြစ်ပြီးနောက် သူဟာ ကျားကိုကြောက်ခဲ့ ပြန်တယ်။ သူ့ကို ကျားဖြစ်စေလိုက်ပြန်တယ်။ ကျားဖြစ်တော့ မုဆိုးကိုတွေ့မှာ ကြောက်နေခဲ့ပြန်တယ်။
နောက်ဆုံးမှာ ဖန်ဆင်းရှင်က သူ့ကို ကြွက်ပဲပြန်ဖြစ်စေလိုက်တယ်။
"မင်းကို ငါဘယ်လိုပြောင်းပြောင်း.. မင်းမှာ အမှန်တရားကိုရင်ဆိုင်ရဲတဲ့သတ္တိမရှိဘူး။ ကြွက်တစ်ကောင်ရဲ့ သတ္တိပဲ မင်းမှာရှိခဲ့လို့ မင်းဟာကြွက်ပဲလုပ်လို့ရမယ်"လို့ ဖန်ဆင်းရှင်ကပြောလိုက်တယ်။
တစ်ခုကို လိုချင်တဲ့အခါမှာ ကျန်တစ်ခုကို စွန့်လွှတ်ရမယ့် အချိန်တွေလည်းရှိမှာပါ။ ကျွန်တော်တို့ အားလုံးက အောင်မြင်မှု၊ ပျော်ရွှင်မှု၊ အင်အားကြီးမားမှု တွေကိုတော့ လိုချင်တောင့်တကြတယ်။ ဒါပေမယ့် ဒီအောင်မြင်ခြင်းနဲ့ ထိုက်တန်တဲ့ ပေးဆပ်မှုမျိုး ပေးဆပ်ရမှာကိုတော့ ကြောက်ရွံနေတတ်ကြတယ်။

Read-နောက်ကျပြီလို့ သင့်ကိုဘယ်သူပြောလဲ

တစ်ခုခု စွန့်လွှတ်လိုက်ရမှာ ၊ ဆုံးရှုံးသွားမှာကို ကြောက်လန့်တတ်ခြင်းက သင့်ကို အရှုံးတွေဆီ ခေါ်ဆောင်သွားမှာပါ။
ဆင်ခြေများတဲ့သူက အောင်မြင်ခြင်းနဲ့ဖူးစာမပါဘူး။ နောက်ဆုံးမှာ သက်ပြင်းချခြင်း၊ အိုမင်းနောင်တရခြင်းနဲ့ပဲ အဆုံးသတ်ရတယ်။ ဘာပဲလုပ်လုပ်.. ကြောက်နေရင် တစ်သက်လုံးရှုံးတတ်ပါတယ်။
အောင်မြင်မှုကို ရှာဖွေဖို့ ပထမဆုံး ငါတို့ လုပ်နိုင်တယ်ဆိုတာ ယုံကြည်ရမယ်။ ကြောက်စိတ်တွေကို အဝေးမှာ အပြီးတိုင်ထားလိုက်ပါ။