Life Hacks

၂ဝ၁၈ခုနှစ်မှာ ကိုယ့်လုပ်ဆောင်ချက်တွေကို အားရမိရဲ့လား

Read 174 times
၂ဝ၁၈ခုနှစ်မှာ ကိုယ့်လုပ်ဆောင်ချက်တွေကို အားရမိရဲ့လား

 

 

တစ်နှစ်အတွင်းမှာပဲ ကိုယ့်စွမ်းဆောင်ရည်ကို သဘောကျကျ၊ မကျကျ အချိန်ရထားကြီးကတော့ တရွေ့ ရွေ့ ကုန်ဆုံးတော့မှာပါ။ ၂ဝ၁၈ခုနှစ်ကို ပြန်လည်သုံးသပ်ကြည့်ရအောင်။

 

 

အကောင်းဆုံးစွမ်းဆောင်ရည်ကို ချရေးပါ။

 

၂ဝ၁၈ခုနှစ်အတွင်းမှာ ကိုယ့်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်က ဘာဖြစ်မလဲ။ ရာထူးတိုးသွားတာလား၊ လစာတိုးသွားတာလား၊ စာမေးပွဲအောင်သွားတာလား စသဖြင့်ပေါ့။ ဘာကြောင့် အောင်မြင်ရတာလဲ။ အောင်မြင်မှုရဲ့ ရေသောက်မြစ်က ဘာဖြစ်မလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပေါ့။

 

 

အဆိုးဆုံးလုပ်ဆောင်ချက်ကို ချရေးပါ။

 

၂ဝ၁၈ခုနှစ်အတွင်းမှာ ကိုယ့်ရဲ့ အဆိုးရွားဆုံးဖြစ်ရပ်က ဘာလဲ။ မိသားစုနဲ့ အဆင်မပြေတာလား၊ သူငယ်ချင်းတွေနဲ့ အဆင်မပြေတာလား။ လုပ်ငန်းခွင်မှာ နောက်မှပေါက်တဲ့ ရွှေကြာတွေက ရာထူးတိုးကုန်လို့ စိတ်ဓာတ်ကျနေတာလား။ ဘာကြောင့် အဆင်မပြေဖြစ်နေတာလဲ။ ကိုယ့်အားနည်းချက်က ဘာတွေလဲ။ အားနည်းချက်တွေကို ၂ဝ၁၉ခုနှစ်မရောက်ခင်မှာ အမြန်ဆုံးပြင်ဆင်လိုက်ပါ။

 

 

၂ဝ၁၉ခုနှစ်အတွက် မျှော်မှန်းချက်ကို ချရေးပါ။

 

၂ဝ၁၉ခုနှစ်မှာ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ အရင်ဆုံးသတ်မှတ်ပါ။ ရာထူးတိုးချင်တာလား၊ နောက်တစ်ဘွဲ့ ယူချင်တာလား ဒါမှမဟုတ် ပိုက်ဆံပိုစုချင်တာလား။ ကိုယ့်ရည်မှန်းချက်ကို ချရေးထားပါ။ ရည်မှန်းချက်ကို အောင်မြင်စေဖို့ ပြုပြင်ရမယ့် စောင့်ထိန်းရမယ့် အချက်တွေကို ချရေးပါ။ လက်တွေ့ ကျင့်ကြံပါ။

 

ကဲ . . . ဒါတွေကတော့ ၂ဝ၁၈ခုနှစ်အတွင်းမှာ ကိုယ့်စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ သုံးသပ်နိုင်စေဖို့ပါ။ ကဲ . . . ၂ဝ၁၈ခုနှစ်ကြီးမှာ အကောင်းဆုံးစွမ်းဆောင်ခဲ့ရဲ့လား။

 

 

Credit;Akhayar