Global

Verizon မှ ' 5G Just Got Real ' ကြော်ငြာ Campaign

Read 1421 times
Verizon မှ ' 5G Just Got Real ' ကြော်ငြာ Campaign

 

အဆိုပါ 5 G ကို ရရှိဖို့ အတွက် Verizon အနေနဲ့ ကြိုးမဲ့ ကွန်ရက် အပြားတွေကို များပြားစွာထုတ်လုပ်ခဲ့ရပြီး လေလှိုင်းကို ထိန်းချုပ်စနစ်နဲ့ ပြုလုပ်ထားတာပါသို့ပေမယ့် Verizon ရဲ့ 5G ကို မိတ်ဆက်တဲ့နေရာမှာတော့5 G ကြီးမား ကျယ်ပြန့်တဲ့ နက်ဝက်ကွန်ယက်အဖြစ် မိတ်ဆက်ခဲ့ပါတယ်။ငွေရေးကြေးရေးအားဖြင့်ကြည့်မယ်ဆိုအကုန်အကျများပြီး ဖိုက်ဘာ အော်တစ် ကေဘယ်များနဲ့ အင်တင်နာ အသေးစားတွေနဲ့ ဖွဲ့စည်းထားတာပါ။

 

Hans Vestberg မှ ပွဲမှာပြောကြားခဲ့တာကတော့ အမေရိကန်ရဲ့ မြို့နယ် ၆၀ ခုတွင် ဒီနှစ်အကုန်ပိုင်းမှာ 5G ကို သုံးနိုင်စေမှာဖြစ်‌ြပီး အခုဆိုရင်Verizon အနေနဲ့ အမေရိကန်ရှိလူပေါင်း ၂၀၀ သန်းကို 5G ပေးသုံးနိုင်နေပြီသိရပါတယ်။AT&T (T) နဲ့ T-Mobile တို့မှာလဲ 5G ကို သိပ်မကြာခင်ကမိတ်ဆက်ထားပြီဆိုပေမယ့် Verizon က 5G က အဖြစ် 5G မဟုတ်ပါဘူး။

 

အခုဆိုရင်တော့ လူတွေအနေနဲ့ 5G ရဲ့ အရသာ အစစ်ကို တကယ်ခံစားရတော့မှာပါ သူတို့ မျှော်မှန်းထားတဲ့ လိုင်းဆွဲအားမျိုးကိုသုံးရတော့မှာပါ ဒါကြောင့် Verizon က 5G ( Just Got Real ) အစစ်အမှန်ရပြီဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ စျေးကွက်ကို တိုးဖောက်လာတာပါ။အဆိုပါ 5G Just Got Real ကြော်ငြာ ကို Chris Rock က ကြော်ငြာထားပြီး ပရိသတ်များကြည့်ရှုနိုင်ရန်ထည့်သွင်းဖော်ပြလိုက်ပါတယ်။

 

Ref : The Drum