Events & Exhibitions

AYA Bank နဲ့ VISA တို့ ပူးပေါင်း ထုတ်ဝေလိုက်တဲ့ AYA VISA SAI SAI Card

Read 2784 times
AYA Bank နဲ့ VISA တို့ ပူးပေါင်း ထုတ်ဝေလိုက်တဲ့ AYA VISA SAI SAI Card

စိုင်းစိုင်းခမ်းလှိုင်ဟာ အရှေ့တောင်အာရှရဲ့ ပထမဦးဆုံး Visa Celebrity Card အဖြစ် ရွေးချယ်ခံရတဲ့ မြန်မာနိုင်ငံက အနုပညာရှင်တစ်ဦးပါ။

AYA Bank နဲ့ Visa တို့က မွေးနေ့ အမှတ်တရ AYA VISA SAI SAI Card ကို ပူးပေါင်း ထုတ်ဝေခဲ့တာ ဖြစ်ပြီး စိုင်းစိုင်း Birthday Show ပွဲအတွက် လက်မှတ်ဝယ်ယူတဲ့သူတိုင်းကို စိုင်းစိုင်းပုံပါတဲ့ Visa ကတ်တွေ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ ဘယ်လိုလုပ်ငန်းတွေက ကြော်ငြာစရိတ် အများဆုံး သုံးနေကြလဲ

လက်မှတ်တွေကို မတ်လ ၃၀ ရက်နေ့ AYA X SAI SAI Launch ပွဲတော်ပြီးမှ စတင် ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းတွေကတော့ ၁၂၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်နဲ့ ၅၀၀၀၀ ကျပ် အသီးသီး ရှိပါတယ်။

လက်မှတ်ဝယ်ယူနိုင်တဲ့ နေရာတွေကတော့ မန်းသီရိ - မြို့ထဲ အနော်ရထာ ( ပန်းဆိုးတန်းနဲ့ ဆိပ်ကမ်းသာကြား )၊ OMG - ရေကျော်/ လှည်းတန်း၊ Genius - ကျောက်မြောင်း၊ MMTix - Online delivery၊ Myanpwel - Online delivery၊ AYA Banks - ရန်ကုန်မြို့မှာရှိတဲ့ နီးစပ်ရာ AYA Bank တွေနဲ့ Myanmar Plaza - AYA Lounge တို့ ဖြစ်ပါတယ်။

စိုင်းစိုင်းရဲ့ အသက် ၄၀ ပြည့် မွေးနေ့ဖျော်ဖြေပွဲကို ရှေ့လ ဧပြီ ၁၀ ရက်နေ့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။