Tips

YouTube မှာ ကြည့်ရှုကြိမ်ရေ ၁၁ ဘီလီယံကျော်တဲ့ တောင်ကိုရီးယားမှ "Baby Shark Dance"

Read 3487 times
YouTube မှာ ကြည့်ရှုကြိမ်ရေ ၁၁ ဘီလီယံကျော်တဲ့ တောင်ကိုရီးယားမှ "Baby Shark Dance"

ဇွန်လ ၁၈ ရက် ၂၀၁၆ ခုနှစ်တွင် ကိုရီးယားပညာရေး အမှတ်တံဆိပ် Pinkfong က "Baby Shark Dance" လို့ အမည်ပေးထားတဲ့ သီချင်းဗီဒီယိုအတိုတစ်ခုကို ထုတ်ဝေပါတယ်။YouTube မှာ ကြည့်ရှုကြိမ်ရေ ၁၀ ဘီလီယံကျော်တဲ့ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ကောက်ရိုးမီးလို မဟုတ်ဘဲ ဖွဲမီးလို တငွေ့ငွေ့ဖြင့် ကြည့်ရှုသူများ ဆက်လက်ရရှိခဲ့ရာ ၂၀၂၂ ဇန်နဝါရီလမှာ ကြည့်ရှုကြိမ်ရေ ၁၀ ဘီလျံ မိုင်တိုင်ကို ကျော်ဖြတ်ပါတယ်။
ယခင်က ကြည့်ရှုကြိမ်ရေအများဆုံးသရဖူ ဆောင်းထားတဲ့ "Despacito" ထံမှ သရဖူကို "Baby Shark Dance" က ရယူလိုက်ပါတယ်။
ယခုအခါ "Baby Shark Dance" ကြည့်ရှုကြိမ်ရေ 11,058,512,121 ရှိနေပြီဖြစ်တာကြောင့် ၁၁ ဘီလီယံ မိုင်တိုင်ကို ကျော်ဖြတ်ပြီး ၁၂ ဘီလီယံ မိုင်တိုင်ဆီသို့ သွားနေပါတယ်။
၂၀၁၆ ဇွန်လ ၁ ၈ ရက်မှာ YouTube ပေါ် တင်ခဲ့တာဖြစ်လို့ ယခုအခါ သက်တမ်း ၆ နှစ် ရှိပြီ ဖြစ်ပေမဲ့ နေ့စဉ်နဲ့အမျှ ကြည့်ရှုသူ ဆက်လက်တိုးနေဆဲ ဖြစ်နေဟာလည်း "Baby Shark Dance" ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိဖြစ်ပါတယ်။
#MyanmarAdvertisingGuide

 Telegram Channel https://t.me/Guid4U

 

 

MAG