အကောင်းမြင်စိတ်ထားခြင်းဟာ အောင်မြင်ဖို့အတွက် အခြေခံအုတ်မြစ် မဟုတ်ဘူးလို့ မြင်မိတယ်။ အဲဒီ မရှင်းမလင်း အမြင်ရဲ့နောက်ဆက်တွဲ ဖြာထွက်မှုတွေက …
"အရာရာကို အကောင်းမြင်စိတ်ထားတော့
ပိုကောင်းသော …ဒီထက်ပို ကောင်းတာတွေ ဖန်တီးဖို့ ဖြစ်မလာတော့ဘူး "
"ဒါကြောင့် ပိုကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်ထားစေချင်တယ်"
ကျွန်တော့် အနေနဲ့ကတော့ အကောင်းမြင်စိတ်မှာ ပြသနာကြီးကြီးမားမားတွေ ရှိနေတတ်တယ်။ လက်ရှိဘဝကို ကျွန်တော် အကောင်းမြင်တယ်။
လူ့အဖွဲ့အစည်းရဲ့ လူတန်းစားထဲမှာ ကျွန်တော်ဟာ အရမ်းနိမ့်ကျနေတဲ့ လူတန်းစား မဟုတ်ဘူး။ အေးဆေးပဲကွာ ငါ့ထက်ဆိုးတဲ့ကောင်တွေထက်စာရင် ငါဟာ ကောင်းနေတာပဲ။ ကြံဖန်ပြီး အကောင်းမြင်စိတ် ထားတာနော်။
အဲလို အကောင်းမြင်စိတ်ထားတဲ့ အတွက် ကိုယ့်ရဲ့အားနည်းချက်တွေကို ပြုပြင်ဖို့ ခက်ခဲသွားစေတယ်။ငါ ကောင်းနေတာပဲဆိုတဲ့ အမြင်က အတ္တဗဟိုပြုမှု ဖြစ်ပွားတယ်။ ကိုယ့်ကိုယ်ကို ဒီအတိုင်းဆက်လွှတ်ထားရင် ဒီအတိုင်းဖြစ်နေမှာပဲ။ ဒါကြောင့် ဝေဖန်မှု ဆိုးကွက်ရှာမှုတွေ လိုအပ်လာပါတယ်။
ကိုယ်ဟာ ဆေးသမား မဟုတ်ဘူး။ အရင်လို အရက်ကို နေ့တိုင်းလည်း မသောက်တော့ဘူး။ အရက်သမား မဟုတ်တော့ဘူး။ မုဒိန်းကောင် မဟုတ်ဘူး။ အလုပ်လက်မဲ့ မဟုတ်ဘူး။ engလို မတတ်ပေမယ့် ကဗျာတွေ စာတွေ အတော်အသင့်ရေးနိုင်တယ်။ ကိုယ်လုပ်တဲ့ ကြေးစား အလုပ်တစ်ခုကို proကျကျ ဖြတ်သန်းနိုင်တယ်။
ကိုယ့်ထက်နိမ့်ပါးသူတွေ တပုံကြီး။ သူတို့ထက်စာရင် ကိုယ်က အများကြီးကောင်းတယ်။ အကြမ်းဖျင်း အကောင်းမြင်စိတ်နဲ့ သုံးသပ်တာ။
ကောင်းတယ်ပဲ ကိုယ့်ဘဝဟာကောင်းတယ်။ အဲလို အကောင်းမြင်စိတ်ထားတာ ကိုယ့်ဘဝကို ဒီတိုင်းပဲဖြစ်စေတယ်။ခုထိလည်း ဒီတိုင်းပဲ။
မကောင်းမြင်စိတ်နဲ့ ကြည့်မယ်။
စောက်ပေါ FBပေါ်တောင်ခြစ် မြောက်ခြစ်လုပ်ပြီး ဘဝင်မြင့်နေတာ။ ခုချိန်ထိစာအုပ်တစ်အုပ် မထုတ်နိုင်သေးဘူး။ ဆေးချမှ မြိန်းတာ ဖျင်းတာမဟုတ်ဘူး။
ဘဝကို ဖြစ်သလိုလေး ကျေနပ်သလိုလုပ်နေတာလဲ မြိန်းတာ ဖျင်းတာပဲ။ မုဒိန်းကောင်မဟုတ်တာကို ဂုဏ်ယူနေတဲ့ စောက်ပေါ။ မုဒိန်းကောင် ဖြစ်တန်ချေက ၁၀၀မှာ ၁%တောင်မရှိဘူး။ဖြစ်တန်ချေနည်းတဲ့ဟာ မဖြစ်တာကို ဂုဏ်ယူနေတာကိုက ပိန်းတာပဲ။
ဖြစ်တန်ချေနည်းတဲ့ အောင်မြင်သူဖြစ်မှ ဂုဏ်ယူရမယ်။
Eng မတတ်ဘူး နည်းပညာ မကျွမ်းကျင်ဘူး။ သင်ယူနိုင်စွမ်းမရှိတာ မဟုတ်ဘူး ဒီတိုင်း ကောင်းတယ်လို့ ဖျင်းနေလိုက်တာ။ခေတ်အရ မတတ်တော့ ကျန်ခဲ့တာပဲ။
မင်းထက် မြင့်မားတဲ့သူတွေ လောကမှာ အပုံလိုက်ကြီး။
ဒါဟာ မကောင်းမြင်လိုက်တာ။ မကောင်းမြင်လိုက်တော့ အားနည်ချက်တွေ ပြင်ရမှာတွေ ပေါ်လာတယ်။ အဲဒါတွေ ပြင်နိုင်မယ် ဖြည့်ဆည်းနိုင်မယ်ဆို ကျွန်တော်ဟာ ကျွန်တော်ထက်ကောင်းသော လူဖြစ်လာနိုင်တယ်။
တကယ်တော့ အကောင်းမြင်စိတ်ထက် ပိုလိုအပ်တာ စိတ်ခွန်အားပါ။စိတ်ဓာတ်ကို ပစ်မချလိုက်ဖို့ပါပဲ။
ဒီအခါ ကိုယ့်ဘဝကိုဆိုးနေသည်ဖြစ်စေ ၊ပတ်ဝန်းကျင် တစ်ခုလုံးဆိုးနေသည်ဖြစ်စေ ကြံဖန်ပြီး ကောင်းတယ်တွေးစရာ မလိုပါဘူး။
ဆိုးတာကို ဆိုးတယ်မြင်ပြီး စိတ်ခွန်အားရှိရှိနဲ့ ရုပ်ပိုင်းကို ပံပိုးပြီး တော်လှန်ပြောင်းလဲ ပစ်ဖို့ပါပဲ။
စကားလေးတစ်ခုသတိရမိတယ်။
"အကောင်းမြင် သမားက
လေယဉ်ကို တီထွင်လိမ့်မယ်…
အဆိုးမြင် သမားကတော့ လေထီးကို
တီထွင်စေတယ်"
ဘာမှ မမြင်တဲ့ကောင်က နလပိန်းတုန်းပဲ။
Read-ဆုံးဖြတ်ချက်ချတဲ့ နေရာမှာပဲ မရပ်တန့်သွားပါနဲ့
Credit ; zeroneo