How To

Brand တစ်ခုတည်ဆောက်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းများ

Read 2340 times
Brand တစ်ခုတည်ဆောက်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းများ

 

ပြိုင်ဆိုင်မှုတွေ များပြားလှတဲ့ခေတ်ထဲမှာ မေးခွန်းတွေမေးကြည့်ကြရအောင် !သင့် ရဲ့ အမှတ်တံဆိပ် သင့် Brand ရဲ့ အကြောင်းပါ။သင့်ရဲ့ အမှတ်တံဆိပ် Logo ကဘာလဲ?အရောင်? ဂရုပြုနိုင်စေမယ့် အမှတ်အသား? Slogan? ကြော်ငြာခြင်းဆိုင်ရာ နည်းလမ်းတွေ ? အစရှိသဖြင့်ပေါ့ ။

 

တခါတလေ အသေးအဖွဲ အကြောင်းအရာ လေးတစ်ခုကတောင် ကိုယ့်အမှတ် တံဆိပ် ကို မှတ်မိနေစေပါတယ်။Brand တစ်ခုကို စတင် တည်ဆောက်ဘို့ ရိုးရှင်းလွယ်ကူတဲ့ အချက်လေးတွေ ကို မျှဝေပါရစေ။

 

1.Get a great LOGO.

 

Logo တွေဟာ အမှတ်တံဆိပ်တွေ ရဲ့ အရေးပါတဲ့ အစိပ်အပိုင်းဖြစ်လို့ Logo ကောင်းတစ်ခု ရှိထားသင့်ပါတယ်။ဈေးအရမ်းကြီးစရာ မလိုပါဘူး ရိုးရှင်းပြီး ကိုယ့် product ကို ကောင်းစွာ ကိုယ်စားပြုနိုင်ဘို့က အဓိကကြပါတယ်။

 

2.What is your Brand Message?

 

ကိုယ့်ရဲ့ Brand ကပြောချင်တဲ့ ပေးချင်တဲ့ အကြောင်းအရာက ဘာလဲ?ကိုယ်ရောင်းချမဲ့ Product ရဲ့ အကြောင်းအရာကို အရှင်းဆုံး အကောင်းဆုံး အထိမိဆုံး ရှုထောင့် ကနေစဉ်းစားကြည့်ပါ။

 

3.Create a Tagline.

 

Tagline ဆိုတာကတော့ ကိုယ့် Product ရဲ့ သဘောထား ကနေ စားသုံးသူရဲ့ ယှဉ်တွဲမှတ်မိနေစေမှုကို ရရှိစတဲ့ ကြွေးကြော်သံ တမျိုးပေ့ါ။ကိုယ်တိုင် ပြန်ဖတ်တဲ့ အခါမှာလည်း ကိုယ့်ရဲ့ ရပ်တည်မှုကို ပိုမိုခိုင်မာအောင်လုပ်ဆောင်နေစေဘို့ သတိရနေစေပါတယ်။

 

4.Be a Good Story Teller.

 

ကိုယ့် ရဲ့ Product ကို ပိုမိုမြန်ဆန်စွာ နားလည်စေချင်တယ်ဆို ဇာတ်လမ်းကောင်းလေးတွေဖန်တီးပါ။အလွန်အကျွံဖွ ဲ့နွဲ့မှုတွေ အမြဲ မလိုအပ်ပါဘူး ရိုးရှင်း တဲ့ အပြုသဘောဆောင်တဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာလေးတွေ နဲ့ တင် စတင်နိုင်ပါတယ်။

 

5.Be True to Yourself

 

ကိုယ့် ရဲ့ Product ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကောင်းစွာနားလည်ထားပါ။စားသုံးသူကို အစစ်အမှန်ဆုံးပေးနိုင်တဲ့ အရာတွေ ကို အမြဲဂရုပြုအလေးထားပါ။ သိသာအောင်လုပ်ပါ။

 

6.Be Integrate and Consistence.

 

Brand နဲ့ ဆက်စပ်ပြီး ဖန်တီးထားတဲ့ Logo , Design, Tagline, Brand Message တွေကို စံနစ်တကျ ပေါင်းစပ်အသုံးပြုပါ။Guideline တစ်ခု အနေနဲ့ တည်ဆောက်ပြီး အသုံးပြုပါ။မကြာခန ပြောင်းလဲတတ်ခြင်း ၊ အဆင်ပြေသလို အသုံးပြုတတ်ခြင်း က အမှတ်တံဆိပ် ကို မှတ်မိနေနိုင်မှု ကို လျော့ကျစေတတ်ပါတယ်။

 

7.A Great Design is Everything.

 

Design ကောင်းတွေ အသုံးပြုခြင်း က အမြဲကောင်းတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုပါ။လုပ်ငန်း အပေါ်အထင်ကြီးလေးစားမှု ကို ရရှိစေသလို ရောင်းချမယ့် Product အပေါ်စိတ်ဝင်စားမှု ၊ ဝယ်ယူလိုမှု ရာခိုင်နှုန်း ကိုလဲ တိုးတက်စေပါတယ်။ဒါကတော့ Brand တစ်ခုကိုရိုးရှင်းစွာ စတင်တည်ဆောက်ခြင်း ရဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။

 

Ref : Naykyar Marketing Agency