အဆိုပါ Billboard ကိုသွေးစွန်းနေတဲ့ သစ်သားချောင်းသယောင် သစ်သားချောင်းတွေနဲ့ အဖြူရောင် Billboard မျက်နှာ ပြင် ပေါ်တွင် သစ်သား အပိုင်းအစလေးများစိုက်ထားကာ ၊ ထိုသစ်သားချောင်းလေးတွေကို မီးပင့်ထိုးလိုက်သောအခါ အစွယ်ဖြင့် ဖုတ်ကောင် အရိပ် ပေါ်လာတာ Billboard တွင် တွေ့ရပါတယ်။
ထို့အပြင် ဆိုင်းဘုတ် အောက်တွင် မှန်ဗုံး အနီလေးဖြင့် သစ်သားချောင်းထည့်ထားကာ In case of vampires break glass ဆိုကာ ရေးသားထားတာတွေ့ရပါတယ်။ယခုလာမည့် Dracula က အိုင်ယာလန်စာရေးဆရာကြီး Bram Stoker ရဲ့ ဝတ္ထုကိုမှီညမ်းပြီးဆန်းသစ်ရိုက်ကူးထားတယ်သိရပါတယ်။
နေ့လည်ပိုင်းမြင်တွေ့ရပုံ -

ညပိုင်းမြင်တွေ့ရပုံ-

BBC မှ အဆိုပါ Billboard များကို လန်ဒန်မှာရော ဘာမင်ဟမ်မှာပါ လမ်းလယ်မှာ စိုက်ထူထားတယ်တစ်ရပါတယ်။တစ်ရက်တွင်ကြည့်ရှု့သူထောင်ချီတယ်သိရပါတယ်။
အဆိုပါ Billboard ကို BBC ဖန်တီးမှု့ပိုင်းမှ ခေါင်းဆောင်ဖြစ်သူ Olly Harnett ပြောကြားပုံ အရတော့ ၎င်းတို့ဘက်မှ ကြော်ငြာကို ယခင်ပုံစံများအတိုင်းမလုပ်ကိုင်ပဲ အခုလို လုပ်ကိုင်ဖြစ်တာက တော့ ၎င်းတို့ရဲ့ Dracula ကို ပုံစံဆန်းသစ်နေစေချင်လို့ပါ။Dracula ဟာ ညမှာ ကြီးဆိုးတဲ့ မကောင်းဆိုးဝါးဖြစ်တာမို့
နေ့ခင်းဘက်ဆို သစ်သားချောင်းတွေစိုက်ထားတဲ့ Billboard ကို မြင်ရပြီး ညမှာသာ Dracula အရိပ်အဖြစ် မြင်ရအောင် ဖန်တီးထားတယ်သိရပါတယ်။
<<< Zawgyi >>>
အရိပ်ဖြင့် Dracula ပုံစံ ပုံဖော်ထားသော BBC ရဲ့ ထူးဆန်းတဲ့ Billboard
BBC ရဲ့ Dracula ဇာတ်လမ်းတွဲ ကြော်ငြာ ဆိုင်းဘုတ် ဟာဗြိတိန်နိုင်ငံမှာအတော်လေးလူစိတ်ဝင်စားခြင်းခံနေရပါတယ် ထိုအဆိုပါ Billboard ရဲ့ Creative Director မှာ IQ ၁၀၀၀ ရှိတဲ့ သူရယ်လို့ လူအများက ညွှန်းဆိုတာတောင် တွေ့ရပါတယ်။

ညပိုင်းမြင်တွေ့ရပုံ-

Ref ; The Drum