ပတ်ဝန်းကျင် ၊ မိတ်ဆွေ အသစ်တွေနဲ့ သိပ် အဆက်ဆံ မပြုရသူ ဆိုရင်တော့ ပြဿ နာမရှိလှပေမယ့် ကိုယ်က Business သမား တစ်ယောက်ဖြစ်နေမယ် ၊ ကဏ္ဍတစ်ခုခု မှာ Voluteer တစ်ဦးဦး ဖြစ်နေမယ်ဆိုရင် စကားပြောခြင်း အတတ်ပညာ က မဖြစ်မနေ လိုအပ်လာပါပြီ ။
တစ်ဖက်လူ က ကိုယ်နဲ့ စကားပြော တဲ့ အခါ စိတ်ဝင်စားမှု ရှိအောင် ၊ သူ့ဖက်ကလည်း သက်တောင့် သက်သာ ရှိအောင် ကိုယ်က ထိန်းသိမ်းပြောဆိုသင့်ပါတယ် ။
(၁) မလိုအပ်တဲ့ topic တွေ ဆွေးနွေးခြင်းကို ရှောင်ပါ
ကိုယ်က ပုဂ္ဂလိက စီးပွားရေး အကြောင်းဆွေးနွေး ချင်တာ ၊ ပညာရေး ကိစ္စ တစ်ခုခု ပြောဆို ချင်တာ မျိုးဆို မလိုအပ်တဲ့ ဘာသာရေး၊ နိုင်ငံရေး လိုမျိုး topic ထည့်သွင်းပြောဆိုတာဟာ risk ယူလွန်းရာကျပါတယ် ။ တကယ်လို့ လုပ်ငန်းသဘောအရ ကိုယ်နဲ့ ဆက်ဆံရမယ့် တစ်ဖက် လူဟာ မိမိ နဲ့ မတူညီ တဲ့ ဘာသာရေး ၊ နိုင်ငံရေး ခံယူချက် ရှိသူဖြစ်ခဲ့မယ်ဆိုရင် နှစ်ယောက် ဆက်ဆံ ရေးမှာ မဆိုသလောက်လေး အဖုအထစ် တစ်ခုခု ရှိသွားနိုင်ပါတယ် ။
(၂) နားထောင်ပါ
သူကချည်း စွတ်ပြောနေတတ်တဲ့ conversation တွေကို ခဗျားတို့ ကြုံဖူးကြပါလိမ့်မယ် ။ အဲ့တာမျိုးက ကိုယ့်အတွက် တကယ်ကို ငြီးငွေ့ စရာကောင်းပြီး စိတ်ကျဉ်းကျပ် စေပါတယ် ။ အဲ့လို မဖြစ်ရအောင် တစ်ဖက်လူ ကို ပြောဖို့ အလှည့်ပေးပါ ။ သူ့ ထင်မြင်ချက်တွေ အခြေအနေ တွေကိုလည်း ကိုယ့်ဖက် က သိရအောင် သေချာ ဂရုတစိုက် နားထောင်ပေးပါ ။
(၃) မဝေဖန်ပါနဲ့
ဝေဖန် တယ်ဆိုတာ ကိုယ်နဲ့ အတော်ခင်မင်တဲ့ သူငယ်ချင်းတွေ ၊ မိသားစု ဝင်တွေနဲ့ အခြားသော လိုအပ်တဲ့ နေရာတွေမှာသာ ကောင်းတာပါ ။ အထူးသဖြင့် သူစိမ်း တစ်ယောက်နဲ့ ပထမ ဦးဆုံး ပြောဆိုဆက်ဆံ ကြရာမှာ ဝေဖန် တာ က conversation ကို အကျဉ်းတန် စေပါတယ် ။ တစ်ဖက်လူ အနေနဲ့လည်း ကိုယ့်အပေါ် အမြင် မကြည်မလင် ဖြစ်စေပါတယ် ။
(၄) တစ်ဖက်လူ အကြောင်းမေးမြန်းပါ
စီးပွားရေး နဲ့ လုပ်ငန်း ကိစ္စ ၊ ငွေရေးကြေးရေး ဆွေးနွေးတာမျိုး မဟုတ်ရင် တစ်ဖက်လူရဲ့ လူမှုရေး ကိစ္စများကို မေးမြန်းနိုင်ပါတယ် ။ နှိုက်နှိုက်ချွတ်ချွတ် မဟုတ်ပါဘူး ။ " မောင်နှမ တွေရှိလား " ၊ " သားလေးက ဘယ်အရွယ်ရောက်ပြီလဲ ၊ လိမ္မာလား " အစရှိတဲ့ ပေါ့ပေါ့ပါးပါး မေးခွန်းတွေကို ပြောဆိုတာဟာ တစ်ဖက်လူ နဲ့ ကိုယ်နဲ့ကို ပိုမို ရင်နှီးစေပြီး စကားပြောရတာ သက်တောင့်သက်သာ ဖြစ်စေပါတယ် ။
(၅) ပျော်ပျော်ရွှင်ရွှင်ပြောဆိုပါ
ကိုယ် ဆွေးနွေးမယ့် အကြောင်းအရာ ဟာ အတည်အတံ့ကြီး ဖြစ်နေမယ် ဆိုရင်တောင် ပြောဆိုမယ့် လူ (ကိုယ်) က ပျော်ပျော်ရွှင်ရွှင် ဖြစ်နေမယ်ဆို conversation ဟာ ပိုစိတ်ဝင်စားစရာ ကောင်းပြီး positive ဖြစ်စေပါတယ် ။ အရမ်းဟာသ လုပ်တာမျိုးကိုတော့ ဆင်ခြင်သင့်ပါတယ် ။
ဒီလောက်ဆို လူငယ်မီဒီယာ စာဖတ်သူများလည်း စကားပြောကောင်းသူ တစ်ဦးဖြစ်ဖို့ ဘယ်လို တွေ ပြုမူ ပြောဆို သင့်လည်း ဆိုတာ အတော်အတန် တော့ သိရှိသွားလောက်ပြီ ထင်ပါတယ် ။
Credit;Lungemedia