Business Marketing

ပို၍ပို၍ကောင်းပါ

Read 2437 times
ပို၍ပို၍ကောင်းပါ

ပိုကောင်းအောင်လုပ်တာ ရပ်ပစ်လိုက်တဲ့အခါ ကောင်းအောင်လုပ်တာကိုပါ ရပ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။

ကိုယ်တိုင်တိုးတက်လာသူဖြစ်အောင် သင်ယူလွယ်သူဖြစ်ပါ

မာနထောင်လွှားခြင်းဟာ ကိုယ့်ကိုယ်ကိုတိုးတက်ခြင်းအတွက် စိုးရိမ်စရာရန်သူဖြစ်တယ်။ တစ်လလောက် ကိုယ်တိုယ်တိုင် သင်ယူနိုင်မယ့်အနေအထားကိုဖြစ်နိုင်သလောက် လုပ်ယူပါ။လူတွေက အစည်းအဝေးမှာ အကြံအဥာဏ်တွေတောင်းလာတဲ့အခါ စကားတွေပြောနေမယ့်အစား နားထောင်ပါ။ စည်းကမ်းအသစ်ကို ကိုယ့်အနေနဲ့အဲဒီအပေါ်ယုံကြည်မှုမရှိဘူးလို့ ခံစားရရင်တောင် လုပ်ကြည့်ပါ။ တစ်ခုခုနားမလည်ရင် အချိန်မရွေးပြန်မေးပါ။ သင်ယူသူရဲ့ စိတ်သဘောထားကို မွေးမြူပါ။ တတ်ကျွမ်းသူရဲ့ စိတ်သဘောထားမျိုး မမွေးပါနဲ့။

တိုးတက်မှုအတွက် အစီအစဉ်ချပါ

အဆင့်နှစ်ဆင့်မှာ ဘယ်လိုသင်ယူမလဲဆိုတာကို ဆုံးဖြတ်ချက်ချပါ။ပထမအဆင့်က ကိုယ်တိုးတက်ချင်တဲ့ နယ်ပယ်ကို ရွေူးချယ်ဖို့ဖြစ်တယ်။ နောက်ခြောက်လအတွင်း ဘာစာအုပ်ဖတ်မယ်၊ ဘယ်ကွန်ဖရင့်ကိုတက်မယ်၊ ကျွမ်းကျင်သူဘယ်သူနဲ့ တွေ့ဆုံမေးမြန်းမယ်ဆိုတာကို အစီအစဉ်ချပါ။ ဒုတိယအဆင့်အနေနဲ့ တစ်ရက်မှာ တစ်ခုခုတိုးတက်ဖို့အတွက် အတွေ့အကြုံမယူဘဲ ဖြတ်သန်းမိတာမျိုးမဖြစ်အောင် နေတိုင်းသင်ယူနိုင်တဲ့ အချိန်တစ်ခု ရနိုင်သလောက်ရှာပါ။

ကိုယ့်ကိုယ်ကိုယ်တိုးတက်ရေးကို ကိုယ့်ကိုယ်ကိုယ်မြှင့်တင်ရေးထက်တန်ဖိုးထားပါ

“သင်ကြားပို့ချမှုနဲ့ အသိပညာကို ရွှေငွေတွေထက်ပိုပြီးတန်ဖိုးထားပါ။ အသိဥာဏ်ပညာဟာ အဖိုးတန် ကျောက်မျက်ရတနာတွေ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့အရာတွေထက် အများကြီးတန်ဖိုးရှိပါတယ်”

နောက်တစ်ခါ ကိုယ့်အလုပ်ကိုရွေ့လျားစေတဲ့အခါ ငွေကြေးပိုမိုကြွယ်ဝအောင် ဘယ်လိုလုပ်မယ်ဆိုတာထက် မိမိရဲ့တစ်ကိုယ်ရည် ဘယ်လိုတိုးတက်အောင်လုပ်မယ်ဆိုတဲ့အပေါ်မှာ အခြေခံဆောင်ရွက်ပါ။

Source; Democracy Today