Business Marketing

ကမ္ဘာကျော်တံဆိပ်များရဲ့နောက်ကွယ်

Read 16285 times
ကမ္ဘာကျော်တံဆိပ်များရဲ့နောက်ကွယ်

Hyundai

Hyundai

Hyundai ကတော့တောင်ကိုရီးယား နိုင်ငံမှာရှိတဲ့ ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုပါ။ Logoမှာပါဝင်တဲ့ Hစာလုံးဟာ Hyundaiရဲ့ရှေ့စာလုံးလို့ ထင်နိုင်ပါတယ်။တကယ်တော့ လူနှစ်ဦးလက်ဆွဲနှုတ်ဆက်နေပုံဖြစ်ပြီး ရောင်းသူနဲ့ဝယ်သူတို့ရဲ့ သင်္ကေတဖြစ်ပါတယ်။

 

Adidas

Adidas

Adidas ကတော့ အားကစားပစ္စည်းဘက်မှာ အလွန်ကျော်ကြားတဲ့ တံဆိပ်တစ်ခုပါ။ ကုမ္ပဏီကိုတည်ထောင်သူ Adolf Dassler ရဲနာမည်အလယ်မှာ i ထည့်ထားခြင်းဖြစ်သည်။ addidaစာလုံးနဲ့အတူပုံစံအမျိုးမျိုး ပြောင်းလဲခဲ့သော်လည်း တြိဂံပုံမျဉ်း(၃)ကြောင်းကတော့ မပြောင်းလဲတာကို တွေ့ရမှာပါ။ ဒီမျဉ်းတွေကတော့ တောင်တွေကိုရည်ညွှန်းပြီး အားကစားသမားတွေအတွက် အနာဂါတ်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဖော်ပြခြင်းဖြစ်ပါတယ်။

 

Apple

apple1

ဒီဇိုင်နာ Rofဟာစူပါမားကတ်ကနေ ပန်းသီးတွေဝယ်လာပြီး ဒီဇိုင်းအမျိုးမျိုးဆွဲဖို့ ကြိုးစားရင်းပန်းသီးကို တစ်ကိုက်ကိုက်မိရာကနေ စိတ်ကူးရခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

 

Sony Vaio

sony

Sony Vaio ရဲ့ရှေ့ကလှိုင်းပုံစံလေးကanalogue သင်္ကေတဖြစ်ပြီး နောက်မှာပါတဲ့ 1 0 ကတော့ ကွန်ပျူတာနားလည်းနိုင်တဲ့ သင်္ကေတတစ်ခုဖြစ်သည်။

 

Amazon

amazon com logo

အမေဇုံရဲ့Logoဟာ ဘာမှမထူးခြားဘူးလို့ သင်ထင်နိုင်ပါတယ်။ logoမှာပါတဲ့ လိမ္မောရောင်မြှားလေးကတော့ အပြုံးသင်္ကေတဖြစ်ပြီး ၀ယ်သူတွေကိုစိတ်ကျေနပ်မှု ပေးနိုင်မယ်ဆိုတဲ့အိုင်ဒီယာတစ်ခုပါ။ ဒီမြှားက AtoZ ကိုညွှန်ပြနေတာကတော့ ပစ္စည်းအမျိုးအစား စုံလင်မှုရှိကြောင်းပြသနေတာပါ။

Pepsi

pepsi

သင်ယုံနိုင်ဖို့ခက်ခဲအောင် Pepsiကတော့သူတို့ရဲ့ Logoအတွက်ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံထားတာပါ။ အနီ၊အဖြူ၊အပြာကတော့ အမေရိကန်နိုင်ငံရဲ့ အလံကိုကိုယ်စားပြုထားခြင်းဖြစ်သည်။ ကမ္ဘာမြေရဲ့ သံလိုက်စက်ကွင်းနှင့် လျှိ့ဝှက်ဆန်းကြယ်မှုများကို ထည့်သွင်းရေးဆွဲထားခြင်းဖြစ်သည်။

 Source;Bright Side