Business Marketing

Digital Marketing ရဲ့ အားသာချက်များ

Read 2190 times
Digital Marketing ရဲ့ အားသာချက်များ

Digital Marketing ဟူသည် internet ပေါ်တွင် မိမိ၏ ထုတ်ကုန် Brand Service များကို လူအများသိအောင် ကြေညာထားခြင်း လူမှုကွန်ရက် စာမျက်နှာများတွင် စာရေးသားခြင်း အသိပညာဝေမျှခြင်းနှင့်တွဲ၍ Ads ပြု လုပ်ခြင်း စတာတွေကို အကြမ်းဖျင်းမှတ်သားနိုင်သည်။ဒါကြောင့် သာမှန်ထက် Digital Marketing ကိုအသုံးပြုခြင်းရဲ့ အားသာချက် ၅ ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

အချိန်ကုန်သက်သာခြင်း

သာမာန်ထက်များစွာအချိန်ကို ချုံ နိုင်ပါတယ်။ ဥပမာ သာမာန်သွားတွေ့ရမယ့်အချိန်တွေ ကို onlineပေါ်မှာတင် နာလည်စွာရှင်းပြနိုင်ပြီး အချို့လုပ်ငန်းတွေ ဆို မိမိ ရဲ့ ဝန်ဆောင်မှု များကို website ပေါ်မှာ ရေးသားထားတဲ့ အတွက် တစ်ယောက်ချင်းဆီ ကို ရှင်းပြစရာမလိုတော့ပါ အားလုံးဝင်ရောက်လေ့လာနိုင်တဲ့အတွက် အချိန်ကုန်ကို သက်သာစေပါတယ်။

ငွေကုန်သက်သာခြင်း

ငွေကုန်သက်သာစွာ လူမှုကွန်ရက်ပေါ်တွင် ကြေညာနိုင်ပြီး လုပ်ငန်းတစ်ခုကို website ပေါ်မှာတင် ဆောင်ရွက် နိုင်ပါတယ်။

Target ကိုထိရောက်နိုင်ခြင်း

ကိုယ်ပေးချင်တဲ့Massage ကို ထိရောက်စွာ ရေးသားနိုင်ပြီး Facebook မှာဆို Target ကို ထိရောက်စွာ ရွေးချယ်နိုင်အောင် ဆောင်ရွက်ပေးထားပါတယ် ဥပမာ နေရာ အသက်အရွယ် ကျား/မ စတာတွေပေါ့ေ ရွးချယ်ပြီး ads ပြုလုပ်နိုင်ပါတယ်။

လုပ်ငန်းအသစ်များတိုးချဲ့နိုင်ခြင်း

လုပ်ငန်း အသစ်တစ်ခုကို Idea ရတာနဲ့ Online ပေါ်တွင်စတင်အကောင်အထည်ဖော်နိုင်ပြီး လုပ်ငန်းများစွာကို အချိန်တိုအတွင်းထိန်းချုပ်နိုင်ပါတယ်။

ဈေးကွက် ကစားနိုင်ခြင်း

ကိုယ့်နှင့်အပြိုင်လုပ်ငန်းများ၏ ဈေးနှုန်းများကို လေ့လာနိုင်ပြီး ကိုယ်ရဲ့ ဈေးကို အလွယ်တကူ ပြောင်းလဲသတ်မှတ်နိုင်တယ် ဈေးအတက်အကျ ကိုလည်း အလွယ်တကူ customers များကို အသိပေးနိုင်ပါတယ်

သို့သော် ၄င်းအားသာချက်များ ရရှိနိုင်ဖို့ ဆိုတာက မိမိ ရဲ့ Digial Marketing အပေါ် ကောင်းမွန်စွာ ကိုင်တွယ်နိုင်မှု အပေါ်များစွာမူတည်ပါတယ်။

Source; OK-Tech Digital Marketing