Advertising Agency

ကမ္ဘာပေါ်ရှိ လုပ်ခလစာ အမြင့်ဆုံးနိုင်ငံများ

Read 5560 times
ကမ္ဘာပေါ်ရှိ လုပ်ခလစာ အမြင့်ဆုံးနိုင်ငံများ

ဒီလို မတူညီတဲ့ လစာနှုန်းထားတွေကို စီကြည့်လိုက်ဖို့အတွက် နိုင်ငံတစ်နိုင်ငံက ကျောင်းပြီးကာစ ကျောင်းသား တွေရဲ့ မျှော်မှန်းလစာတွေနဲ့ စီထားပါသည်။

ဘယ်နိုင်ငံတွေက ကျောင်းပြီးကာစ ကျောင်းသားတွေကို အများဆုံးပေးပါသလဲ။ ဆွီဇာလန်နိုင်ငံမှ ကျောင်းသား များဟာ တစ်လကို ၀င်ငွေ $7038.80 ( ကျပ်သိန်း၈၀ ၀န်းကျင်)ရရှိနိုင်တာဖြစ်ပြီး၊ တစ်နှစ်လျှင် $84466 ရရှိနိုင်ပါသည်။

ဒီနိုင်ငံမှာလည်း ကျား၊မ လစာရရှိနှုန်းကွာခြားမှုရှိပြီး၊ ၊ ယောကျာ်းလေးများဟာ $7423.40 ရရှိနိုင်ပြီး၊ မိန်းကလေးများသည် ပျမ်းမျှ $6517.90 ရရှိနိုင်တာဖြစ်ပါသည်။

 

နော်ဝေနိုင်ငံဟာ ကမ္ဘာ့လစာအများဆုံး ရရှိနိုင်တဲ့ ဒုတိယနိုင်ငံဖြစ်ပြီး ပျမ်းမျှ တစ်နှစ်လျှင် $71324 မှ $68225 အထိဖြစ်ပါသည်။

U.S နိုင်ငံကတော့ စတုတ္ထနေရာမှာရပ်တည်နေတာဖြစ်ပြီး၊ အမေရိကန်ကျောင်းသားများဟာ တစ်လကို $4727.70 ကနေ $55532 အထိဖြစ်ပါသည်။ ယောကျာ်းလေးကျောင်းသားများဟာ တစ်ကိုလှင် $5040.10 ရရှိနိုင်တာဖြစ်ပြီး၊ အမျိုးသမီးများသည် $ 4377.60 အထိရနိုင်ပါသည်။

နံပါတ်ငါးနေရာကတော့ ဂျပန်နိုင်ငံဖြစ်ပြီး တစ်လလျှင် $4569.30 ရရှိနိုင်ပါသည်။

ဂျာမနီနိုင်ငံကတော့ နံပါတ်ခြောက်မှာဖြစ်ပြီး ကျားမလစာကွာခြားနှုန်းအကြီးမားဆုံး နိုင်ငံဖြစ်ပါသည်။ အမျိုးသားများဟာ တစ်လလျှင် $4512.30 ကနေပြီး၊ အမျိုးသမီးများသည် $800 နဲ့ အထက်ဖြစ်ပါသည်။

Source: Forbes