Life Hacks

အရှုံးထဲကနေ အမြတ်ရအောင်ယူတတ်တဲ့ ဘီလ်ဂိတ်!

Read 10867 times
အရှုံးထဲကနေ အမြတ်ရအောင်ယူတတ်တဲ့ ဘီလ်ဂိတ်!

အစီအစဉ်တင်ဆက်သူက စမိတ်ဆက်ပြီးတာနဲ့ ဘီလ်ဂိတ်ကိုစိန်ခေါ်လိုက်ပါတယ်။

“ခင်ဗျားရဲ့ဉာဏ်ရည်က ၁၆ဝကျော်တယ်လို့ ကြားဖူးထားတယ်။

ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အထူးချွန်အထက်မြက်ဆုံးသူဆိုတော့ ကျွန်တော်တို့နော်ဝေးနိုင်ငံက ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်တစ်ပွဲလောက် ပြိုင်ရဲရဲ့လားမသိဘူး”

“ဒီပြိုင်ပွဲကို မျှော်လင့်မထားပါဘူး.. ဒါပေမယ့် ကျွန်တော်ပြိုင်ကြည့်ချင်ပါတယ်”လို့ ဘီလ်ဂိတ်ဟာ ရယ်ပြီး စိန်ခေါ်မှုကို လက်ခံလိုက်တယ်။

အစီအစဉ်တင်ဆက်သူက ယှဉ်ပြိုင်မှုမျှတအောင် ဘီလ်ဂိတ်ကို တစ်ကွက်ရွေ့တိုင်း ၂မိနစ်စဉ်းစားခွင့်ပေးလိုက်တယ်။

စစ်တုရင်ချန်ပီယံကတော့ စက္ကန့်၃ဝအတွင်းမှာရွေ့ပါတယ်။

ပြိုင်ပွဲကို ဘီလ်ဂိတ်ဖက်က အရင်စပါတယ်။ တစ်ကွက်ရွေ့တိုင်း သူတွေဝေနေခဲ့ပြီး ဘယ်အကွက်မှာချရမှန်း အမြန်မဆုံးဖြတ်နိုင်ဖြစ်ခဲ့ပါတယ်။

စစ်တုရင်ချန်ပီယံကတော့ သိပ်စဉ်းစားစရာမလိုဘဲ သွက်သွက်လက်လက် ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ၉ကွက်လောက် ကြံ့ကြံ့ခံရွေ့ပြီးတဲ့နောက်မှာ ချန်ပီယံက ၇၉စက္ကန့်နဲ့ ဘီလ်ဂိတ်ကိုအနိုင်ရသွားခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူက ဘီလ်ဂိတ်ကို ဒဲ့ဒိုးပဲမေးလိုက်ပါတယ်။

“ဘီလ်ဂိတ်ခင်ဗျား… ဘယ်လိုအခြေအနေမျိုးမှာ ခင်ဗျား မထူးချွန်မထက်မြက်ဘူးလို့ ခံစားရပါသလဲ”

“ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်ကစားတဲ့အချိန်ပေါ့”လို့ ဘီလ်ဂိတ်က သက်ပြင်းချပြီးပြောပါတယ်။

အဲဒီအစီအစဉ်ဟာ ထုတ်လွှင့်ဖမ်းယူမှုအမြင့်ဆုံးစံချိန်ကို ချိုးခဲ့ပါတယ်။

ကမ္ဘာ့အသီးသီးက သတင်းမီဒီယာတွေမှာလည်း ဒီအကြောင်းကို စိတ်ဝင်တစားထုတ်လွှင့်ဖော်ပြခဲ့ကြတယ်။

တချို့က ပွင့်ပွင့်လင်းလင်းပဲ “ဘီလ်ဂိတ်အပြတ်အသတ်ရှုံးသွားတယ်။

ဘယ်လောက်ပဲ ထူးချွန်ထက်မြက်သူဖြစ်စေဦးထုံအတဲ့အချိန်လည်းရှိတာပဲ။

ဘယ်သူဘယ်ဝှါပဲဖြစ်ဖြစ် ဘယ်နယ်ပယ်မှာသူဘယ်လောက်ပဲ အောင်မြင်အောင်မြင် ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်ရောက်ရင်လည်း သူဟာအရှုံးကြီးရှုံးရတာပါပဲ”လို့ ဝေဖန်ခဲ့ကြတယ်။

စစ်တုရင်ပြိုင်ပွဲမှာရှုံးခဲ့လို့ဆိုပြီး ဘီလ်ဂိတ်ဟာ လှောင်ရယ်ဒဏ်တွေကိုခံခဲ့ရတယ်။

ကမ္ဘာ့အထူးခြားဆုံးဟာသအဖြစ် ပြောခံခဲ့ရတယ်။

ဒီလိုအချိန်မှာပဲ ဆော့ဝဲလ်ဈေးကွက်မှာ စစ်တုရင်ဆော့ဝဲလ်တစ်ခု(AI chess software) ရုတ်တရက်ပေါ်ထွက်လာတာကို လူတွေသတိပြုခဲ့မိကြတယ်။

စစ်တုရင်ဆော့ဝဲလ်ရဲ့ကြော်ငြာစာသားက “၉ကွက်ရွေ့ရုံနဲ့ ဘီလ်ဂိတ်ကိုအောင်နိုင်ရမယ်။

ဘာကြောင့် သင်အမြန်လာစိန်မခေါ်သလဲ” ပဲဖြစ်တယ်။

တကယ်တော့ ဘီလ်ဂိတ်ဟာ စစ်တုရင်ရှုံးလို့၊ အလှောင်ရယ်ခံရလို့ဆိုပြီး စိတ်မညစ်ခဲ့ဘူး၊ နောင်တမရခဲ့ဘူး။

ကမ္ဘာ့အရပ်ရပ်ကလူတွေ ဒီကိစ္စကိုအလေးထားစောင့်ကြည့်နေကြတာဟာ အကောင်းဆုံးစီးပွားရေးအကွက်ပဲလို့ သူထင်ခဲ့တယ်။

ဒါကြောင့် ကုမ္ပဏီကိုညတွင်းချင်းမေတ္တာရပ်ခံပြီး စစ်တုရင်ဆော့ဝဲလ်ကို ရေးခိုင်းလိုက်တာဖြစ်တယ်။

ဈေးကွက်ထဲရောက်သွားတာနဲ့ အကျိုးအမြတ်များစွာကို သူပြန်ရရှိခဲ့ပါတယ်။

အနိုင်အရှုံးကို အဓိကမထားဘဲ မျှော်လင့်မထားတဲ့စိန်ခေါ်မှုကို လက်ခံရဲခဲ့ပြီး

အရှုံးထဲကနေ အခွင့်အရေးသစ်ကိုရှာဖွေနိုင်ခဲ့တာဟာ ဘီလ်ဂိတ်ရဲ့တကယ့်ထူးချွန်ထက်မြက်မှုဆိုတာကို နောက်ဆုံးမှာ လူတွေသဘောပေါက်သွားခဲ့ကြပါတယ်။

ဒီလိုထူးချွန်ထက်မြက်မှုကလည်း သူ့ကို ကမ္ဘာ့အချမ်းသာအကြွယ်ဝဆုံးသူအဖြစ် အောင်မြင်စေခဲ့တာဖြစ်ပါတယ်။

Recommended for you-စိတ်ပျက်လက်လျှော့ချင်နေပြီလား

Credit to နိုင်းနိုင်းစနေ