Media & Advertising

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်စ်ကို ကျော်ဖြတ်လိုက်တဲ့ ဂျက်ဖ်ဘီဇော့စ်

Read 6838 times
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်စ်ကို ကျော်ဖြတ်လိုက်တဲ့ ဂျက်ဖ်ဘီဇော့စ်

 

ဂျက်ဖ်ဘီဇော့စ် ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ပြီးခဲ့တဲ့ ၁၂လအတွင်း ဒေါ်လာ ၆၀ ဘီလျံမြင့်တက်လာခဲ့တာကြောင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ပိုင်ဆိုင်မှုဟာ အရင်က အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တဲ့ Microsoft တွဲဖက်တည်ထောင်သူ ဘီလ်ဂိတ်စ်ထက် မြင့်မားခဲ့ပါတယ်။

မစ္စတာဂိတ်စ်ကတော့ လက်ရှိမှာ ပိုင်ဆိုင်မှုဒေါ်လာ ၉၅ ဘီလျံနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဂျက်ဖ်ဘီဇော့စ်အနေနဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာကို အခုမှ ရောက်ဖူးတာမဟုတ်ပါဘူး။

2017 ဇူလိုင်လက Amazon ရဲ့ ရှယ်ယာတွေ မြင့်တက်နေချိန်မှာ ဘီလ်ဂိတ်စ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာမှာ ခေတ္တမျှ ရပ်တည်ခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း ရှယ်ယာတန်ဖိုးကျဆင်းသွားတဲ့အခါမှာတော့ ဒုတိယနေရာကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

ဘီလ်ဂိတ်စ်အနေနဲ့ ပရဟိတအလုပ်ကိုသာ မလုပ်ခဲ့ဘူးဆိုရင် ဒီကနေ့မှာ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၅၀ ဘီလျံခန့် ရှိနေမှာဖြစ်တယ်လို့ Bloomberg က မှတ်ချက်ပြုခဲ့ပါတယ်။

ဂိတ်စ် ဟာ 1996 ခုနှစ်ကတည်းက Microsoft ရှယ်ယာ သန်း ၇၀၀ နီးပါး၊ ငွေသားဒေါ်လာ ၂.၉ ဘီလျံနဲ့ အခြားအဖိုးတန်အရာတွေကို လှူဒါန်းခဲ့တယ်လို့ Bloomberg ကဖော်ပါခဲ့ပါတယ်ခင်ဗျာ...။

Recommended for you-ဘီလီယံနာ ဖြစ်စေတဲ့ လုပ်ငန်းတွေ အကြောင်း

Ref: BBC

Source; internet

Myanmar Advertising Directory