Outdoor Advertising

ဘေဘုတ်ကြော်ငြာတွေရဲ့ ထိရောက်မှုကို ဘယ်လိုတိုင်းတာနိုင်မလဲ

Read 2318 times
ဘေဘုတ်ကြော်ငြာတွေရဲ့ ထိရောက်မှုကို ဘယ်လိုတိုင်းတာနိုင်မလဲ

အမျိုးမျိုးရှိနေပြီ ဆိုပေမယ့် ဘေဘုတ်ကြော်ငြာတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေဆဲဖြစ်ပါတယ်။

 

မြို့ကြီးပြကြီးတွေဟာ လူဦးရေ သိပ်သည်းလှပြီး လူတွေဟာလည်း နေ့ရောညပါ လမ်းပေါ်မှာ သွားလာလှုပ်ရှားနေတာကြောင့် မိမိတို့ရဲ့ကုန်ပစ္စည်း အမှတ်တံဆိပ်ကို လူတွေနဲ့ အမြဲထိတွေ့နေစေဖို့ အကောင်းဆုံးနည်းလမ်းက ဘေဘုတ်ကြော်ငြာတွေပဲ ဖြစ်ပါတယ်။

 

ဒါကြောင့် လမ်းဆုံလမ်းခွတွေ၊ လူစည်ကားရာ နေရာတွေမှာဆိုရင် ကြော်ငြာဘေဘုတ်တွေဟာ မမြင်ချင်မှအဆုံး အများအပြားကို ရှိနေကြပြီး ပြည်တွင်း၊ ပြည်ပ နာမည်ကြီး ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို နိုင်ငံကျော် မော်ဒယ်တွေ၊ မင်းသားတွေနဲ့ အပြိုင်အဆိုင်ကို ကြော်ငြာနေကြပါတယ်။

 

ဘေဘုတ်တွေမှာ ကြော်ငြာခြင်းဟာ ငွေကုန်ကြေးကျ များပြားတဲ့အတွက် ဒီကြော်ငြာတွေဟာ တစ်ကယ်ရော ထိရောက်မှုရှိရဲ့လား၊ လူတွေရဲ့ အာရုံထဲကိုရော ရောက်ရှိရဲ့လား၊ ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲ ဆိုတာ တိုင်းတာရ ခက်ခဲလှပါတယ်။

 

အကြမ်းဖျင်းအားဖြင့် မိမိတို့ အမှတ်တံဆိပ်ကို လူတွေ ဘယ်လောက်ရင်းနှီးသွားလဲ၊ မိမိတို့ရဲ့ ရောင်းအား ဘယ်လောက်တက်လာသလဲ စသဖြင့် တိုင်းတာနိုင်ပြီး ဒါတွေဟာလည်း ချက်ချင်း သိရနိုင်တဲ့ အချက်အလက်တွေတော့ မဟုတ်ပါဘူး။

 

ဒါ့ပြင် ဘေဘုတ်ကြော်ငြာ ဝန်ဆောင်မှုလုပ်ငန်းတွေက ပေးထားတဲ့ အချက်အလက်တွေကို ကြည့်ပြီးတော့လည်း မိမိတို့ ကြော်ငြာကို လူဘယ်နှစ်ယောက် မြင်နိုင်မလဲ၊ ဘယ်အသက်အရွယ် အပိုင်းအခြားတွေမြင်နိုင်မလဲ ဆိုတာ အကြမ်းဖျင်း သိနိုင်ပါသေးတယ်။

 

မိမိတို့ကြော်ငြာဘေဘုတ်ရှိတဲ့နေရာဟာ တစ်ရက်မှာ (သို့မဟုတ်) တစ်လမှာ ပျမ်းမျှ လူဘယ်နှစ်ယောက် ဖြတ်သန်းသွားသလဲ၊ ကားဘယ်နှစ်စီးဖြတ်သန်းသွားလဲ စသည်ဖြင့် အကြမ်းဖျင်း တိုင်းတာနိုင်ပြီး ဘေဘုတ်တိုင်းတာတဲ့ ယူနစ်ကိုတော့ DEC ( Daily Effective Circulation ) လို့ ခေါ်ပါတယ်။

 

ဒီယူနစ်ဟာ နေ့စဉ်ဘေဘုတ်အနီးမှာ ဖြတ်သန်းသွားတဲ့ ကားနဲ့ လူဦးရေကို ကိုယ်စားပြုပါတယ်။ ကြော်ငြာဘေဘုတ် ကုမ္မဏီလုပ်ငန်းကြီးတွေမှာတော့ မိမိတို့ဘေဘုတ်အနီး ဖြတ်သန်းသွားတဲ့ လူဦးရေ၊ ကားအစီးရေတွေကို အတိအကျ စစ်တမ်းကောက်ယူထားတာတွေ ရှိကြပါတယ်။

 

ကြော်ငြာဘေဘုတ်တွေဟာ ဖြတ်သန်းသွားတဲ့လူတွေရဲ့ တခြားအရာတွေအပေါ်မှာ အာရုံမရောက်တဲ့ အချိန်အတွင်း အာရုံထားစရာအရာတွေ ဖြစ်ပြီး လူတွေကို မိမိတို့အမှတ်တံဆိပ်နဲ့ ရင်းနှီးနေစေမယ့် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုအဖြစ် ယနေ့တိုင် အရေးပါနေဆဲပဲ ဖြစ်ပါတယ်။

 

Source: Digital Parmaukkha