ဆယ်စုနှစ်ကျော်မျှ ရုရှားနိုင်ငံ၏ သြဇာအာဏာအကြီးမားဆုံး ပုဂ္ဂိုလ် ဖြစ်နေခဲ့သည့် သမ္မတပူတင်သည် နိုင်ငံမှရရှိပြီး စာသင်ကျောင်းများ၊ လမ်းတံတားနှင့် ဆေးရုံများအတွက် အသုံးပြုမှုမရှိဘဲ ကိုယ်ကျိုးအဖြစ် ရယူထားသည့် ငွေကြေးတန်ဖိုး ဒေါ်လာ၂၀၀ဘီလျံခန့် ရှိနေနိုင်ကြောင်း၊ ဒေါ်လာ ၂၀၀ဘီလျံအပြင် လေယာဉ်နှင့် ရဟတ်ယာဉ် ၅၈စီး၊ ဒေါ်လာ ၅၀၀၀၀၀ ခန့်ရှိ တန်ဖိုးကြီးနာရီစုစည်းမှု၊ စံအိမ်နှင့် ကျေးလက်များ တွင် ရှိသည့် အပန်းဖြေ အိမ်၂၀လုံးတို့လည်း ရှိနေနိုင်သည်ဟု ဘေလ်ဘရောင်းက ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၀၇ခုနှစ်က နိုင်ငံရေးသုံးသပ်ပညာရှင် စတန်စလဗ်ဘယ်ကော့စကီ ၏သုံးသပ်မှုအရ သမ္မပူတင်၏ ပိုင်ဆိုင်မှုမှာ ၄၀ဘီလျံခန့်ရှိခဲ့ကြောင်း သုံးသပ်ထားခဲ့သော်လည်း ဘရောင်းကမူ သမ္မတပူတင်၏ ပိုင်ဆိုင်မှုမှာ ထိုမျှမကဘဲ ဒေါ်လာ ၂၀၀ဘီလျံမျှရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
Read-အာရှမှာ သြဇာကြီးမားသော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ
Source; PyiMyanmar
(Unicode Version)
ဖော့ဘ်မဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် ဖော်ပြခြင်းမခံရသော်လည်း ရုရှားသမ္မတပူတင်မှာ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ၂ဝဝဘီလျံမျှရှိကာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေနိုင်ကြောင်း ရုရှားနိုင်ငံ ဘဏ္ဍာရေး မန်နေဂျာဟောင်းတစ်ဦးဖြစ်သူ ဘေဘလ်ရောင်ဒါက သုံးသပ်ကာ ထုတ်ဖော်ပြောကြားခဲ့သည်။
ဆယ်စုနှစ်ကျော်မျှ ရုရှားနိုင်ငံ၏ သြဇာအာဏာအကြီးမားဆုံး ပုဂ္ဂိုလ် ဖြစ်နေခဲ့သည့် သမ္မတပူတင်သည် နိုင်ငံမှရရှိပြီး စာသင်ကျောင်းများ၊ လမ်းတံတားနှင့် ဆေးရုံများအတွက် အသုံးပြုမှုမရှိဘဲ ကိုယ်ကျိုးအဖြစ် ရယူထားသည့် ငွေကြေးတန်ဖိုး ဒေါ်လာ၂ဝဝဘီလျံခန့် ရှိနေနိုင်ကြောင်း၊ ဒေါ်လာ ၂ဝဝဘီီလျံအပြင် လေယာဉ်နှင့် ရဟတ်ယာဉ် ၅၈စီး၊ ဒေါ်လာ ၅၀၀၀၀၀ ခန့်ရှိ တန်ဖိုးကြီးနာရီစုစည်းမှု၊ စံအိမ်နှင့် ကျေးလက်များ တွင် ရှိသည့် အပန်းဖြေ အိမ်၂ဝလုံးတို့လည်း ရှိနေနိုင်သည်ဟု ဘေလ်ဘရောင်းက ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂ဝဝရခုနှစ်က နိုင်ငံရေးသုံးသပ်ပညာရှင် စတန်စလဗ်ဘယ်ကော့စကီ ၏သုံးသပ်မှုအရ သမ္မပူတင်၏ ပိုင်ဆိုင်မှုမှာ ၄ဝဘီလျံခန့်ရှိခဲ့ကြောင်း သုံးသပ်ထားခဲ့သော်လည်း ဘရောင်းကမူ သမ္မတပူတင်၏ ပိုင်ဆိုင်မှုမှာ ထိုမျှမကဘဲ ဒေါ်လာ ၂ဝဝဘီလျံမျှရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပူတင်၏ နာမည်ကျော်ပိုင်ဆိုင်မှုတစ်ခုဖြစ်သည့် Olympia အမည်ရှိ ရွက်လှေတစ်စီးတည်းမှာပင် ဒေါ်လာ ၃၅သန်းတန်ကြေးရှိနေကြောင်း ဘရောင်းက ထောက်ပြခဲ့ခြင်ဖြစ်သည်။
ဖော့ဘ်မဂ္ဂဇင်း၏ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းတွင် သြဇာအာဏာကြောင့် ကြွယ်ဝချမ်းသာသည့် နိုင်ငံ့ခေါင်းဆောင်များကို ထည့်သွင်းဖော်ပြခြင်း မပြုရန် ဆုံးဖြတ်ထားခဲ့ကြောင်း ဖော့ဘ်မဂ္ဂဇင်းက ထုတ်ပြန်ထားခဲ့ဖူးသည်။
Source; PyiMyanmar