Print Advertising

မလေးရှား၏ အကြီးမားဆုံး မဂ္ဂဇင်းတိုက် Blu Inc ပိတ်သိမ်းလိုက်ပြီ

Read 2599 times
မလေးရှား၏ အကြီးမားဆုံး မဂ္ဂဇင်းတိုက် Blu Inc ပိတ်သိမ်းလိုက်ပြီ

၁၉၇၄ ခုနှစ်မှစတင်လည်ပတ်ခဲ့ပြီး Cosmopolitan , Her World ၊ Harper's Bazaar , Marie Claire နှင့် Shape စသည့် ထင်ရှားသော အမျိုးသမီးမဂ္ဂဇင်းအမည်များ နှင့် ထပ်တူထပ်မျှ ဖြစ်လာခဲ့သည်။ ထို့အပြင် မလေးဘာသာစကားဖြင့် ရေးသားထားသော EH! နှင့် Glam ကိုလည်း ထုတ်ဝေသည်။ 

ကုမ္ပဏီသည် ဧပြီလ ၃၀ ရက်မှ စတင်၍ ပိတ်သိမ်းလိုက်သည်။  ဝန်ထမ်းအင်အား နှစ်ရာဝန်းကျင် အလုပ်လက်မဲ့ ဖြစ်သွားသည်။
၂၀၀၆ ခုနှစ်တွင် Blu Inc သည် စင်ကာပူ SPH Magazines ထီးရိပ်အောက်တွင် ပူးပေါင်းခဲ့သည်။
ကုမ္ပဏီသည် COVID-19 မတိုင်မီကတည်းက အရှုံးနည်းပါးအောင် ကုန်ကျစရိတ်များ ဖြတ်တောက်လျှော့ချထားပြီးပြီ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဒစ်ဂျစ်တယ်ပယောဂကြောင့် ကြော်ငြာဝင်ငွေများ လျော့ကျလာနေပြီး
ဆက်လက် ရပ်တည်ရန် ခက်ခဲလာနေခဲ့ပြီး ယခုကိုဗစ်ကာလတွင် လုံး၀လက်လျှော့ကာ အရှုံးပေးလက်မြှောက်လိုက်ရခြင်း ဖြစ်သည်။

   zawgyi

မလေးရှားနိုင်ငံ၏ အကြီးမားဆုံးမဂ္ဂဇင်းတိုက်တစ်ခုဖြစ်သည့် Blu Inc Media ကုမ္ပဏီသည်

