Media & Advertising

Blue Microphones ကို ဒေါ်လာ ၁၁၇ သန်းနဲ့ ဝယ်ယူမည့် Logitech

Read 1220 times
Blue Microphones ကို ဒေါ်လာ ၁၁၇ သန်းနဲ့ ဝယ်ယူမည့် Logitech

ဇူလိုင် ၃၁ ရက် မှာတော့ Blue Microphones ကိုဒေါ်လာ ၁၁၇ သန်းနဲ့ ဝယ်ယူမယ့်အကြောင်းကုမ္ပဏီက ကြေငြာခဲ့ပါတယ်။

Snowball နဲ့ Yeti အပါအဝင် USB condenser microphone တွေနဲ့ပတ်သတ်ပြီး လူသိများတဲ့ Blue ဟာ Logitech ရဲ့ လက်ရှိအမှတ်တံဆိပ်တွေနဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ Logitech နဲ့ Logitech G အပြင် Astro Gaming Jaybird နဲ့ Ultimate Ears တို့ကို ပိုင်ဆိုင်ထားပါတယ်။

"ဂိမ်မာတွေဟာ stream လုပ်ဖို့အတွက် ကျွန်တော်တို့ရဲ့ Logitech G webcam တွေကို အသုံးပြုကြပါတယ်။

လူတွေကလည်း Logitech ကြောင့် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ နေ့စဉ် video call လုပ်နိုင်နေပါပြီ။

ရုံးခန်းတွေမှာ ဆိုရင်လည်း ကျွန်တော်တို့ရဲ့ အသံနဲ့ ဗီဒီယို စနစ်တွေကြောင့် ဗီဒီယိုမီတင်တစ်ခု ပြုလုပ်နိုင်ပါပြီ။

အခုလို Blue နဲ့ သူတို့ရဲ့ microphone ထုတ်ကုန်တွေနဲ့ ပူးပေါင်းတာဟာ

ပိုမိုကောင်းမွန်တဲ့ အပြန်အလှန်ဆက်သွယ်မှုတွေကို ပြုလုပ်နိုင်စေမယ့် လက်တွေ့ ကျတဲ့ အခွင့်အရေး တစ်ခုဖြစ်ပါတယ်" လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

1995 နှစ်မှာ တည်ထောင်ခဲ့တဲ့ Blue ဟာ ဒေါ်လာ ၆၀ ကနေဒေါ်လာ ၄,၀၀၀ ကျော်ရှိတဲ့ microphone တွေကို ရောင်းချနေသူဖြစ်ပါတယ်။

အဲ့ဒီ ထုတ်ကုန်တွေကို podcast သမားတွေ၊ ဂီတပညာရှင်တွေနဲ့ အရည်အသွေးမြင့်အသံကို လိုအပ်တဲ့ အခြားသုံးစွဲသူတွေက အသုံးပြုကြတယ်လို့ သိရပါတယ်ခင်ဗျာ...။

Recommended for you-Facebook မှာကြော်ငြာတဲ့အခါ သိသင့်တဲ့အချက် ကိုးချက်

Source; Internet