Life Hacks

သင်ပျင်းနေတာမဟုတ်ပါဘူး အောင်မြင်သူဖြစ်ဖို့အစပျိုးနေတာပါ

Read 4193 times
သင်ပျင်းနေတာမဟုတ်ပါဘူး အောင်မြင်သူဖြစ်ဖို့အစပျိုးနေတာပါ

တစ်မျိုးတစ်ဖုံအားဖြင့် သာမန်လူတွေထက် ပျင်းရိခဲ့ကြသူတွေပဲဖြစ်ပါတယ်။

ဒီလိုပျင်းရိသူတွေဖြစ်ခဲ့ကြပေမဲ့ သူများထက်ပိုအောင်မြင်မှုတွေကို ဘာကြောင့်ပိုင်ဆိုင်နိုင်ခဲ့ကြလည်းဆိုတာတော့ ဒီအချက်တွေကြောင့်ပဲဖြစ်ပါတယ်။

 

တီထွင်နိုင်စွမ်းရှိတယ်

ပျင်းရိသူတွေဟာ ဖန်တီးနိုင်စွမ်းကောင်းမွန်ပြီး မလိုအပ်တဲ့အလုပ်တွေအတွက် အချန်ကုန်ခံပင်ပန်းရတာကိုလည်း မနှစ်သက်သူတွေဖြစ်ပါတယ်။

သူတို့ဟာ တစ်ခုတည်းသောအလုပ်တွေကို ထပ်ခါထပ်ခါလုပ်ရတာ မုန်းတီးသူတွေဖြစ်ပြီး အသစ်တွေကိုသာ အမြဲတမ်းထိတွေ့ ဖန်တီးလိုသူတွေဖြစ်ပါတယ်။

 

စွန်းဦးတီထွင်လိုသူတွေဖြစ်ကြတယ်

သူတို့ဟာ အသစ်အဆန်းတွေကို ကြိုက်နှစ်သက်တတ်ပြီး အခြားသူတွေနဲ့ လုံးဝမတူညီတဲ့ နည်းလမ်းအသစ်၊ စိတ်ကူးအသစ်တွေဟာ အတွေးထဲမှာအမြဲတမ်းအပြည့်ရှိနေတတ်ကြပါတယ်။

သူတို့က အပင်ပန်းမခံလိုသူတွေဖြစ်တဲ့အတွက်ကြောင့် အသက်သာဆုံးနဲ့ အမြန်ဆုံးအောင်မြင်နိုင်မယ့် နည်းလမ်းတွေကိုသာ ရွေးချယ်စဉ်းစားလုပ်တတ်ကြသူတွေလည်းဖြစ်ပါတယ်။

 

အနားယူရမယ့်အချိန်တွေကို အပွန်းပဲ့မခံဘူး

ပျင်းရိသူတွေဟာ အနားယူဖို့ အချိန်ရတာနဲ့ လုံးဝလက်လွှတ်မခံပဲ ပြည့်ပြည့်၀၀နားဖို့ အမြဲချောင်းနေတတ်သူတွေပါ။

ဒီကြားထဲ အချိန်ရရင် ရသလို ကိုယ့်အတွက်သက်တောင့်သက်သာဖြစ်စေမဲ့ အနေအထားမျိုးတွေကိုလည်း ကြိုးစားဖန်တီးနေတတ်သူတွေပါ။

ဒီလိုမျိုး အနားယူချိန်ပြည့်ဝလို့ သူတို့ရဲ့ စွမ်းအင်တွေဟာ အမြဲပြည့်ဝနေပြီး ဦးနှောက်ကလည်း ကြည်ကြည်လင်လင်နဲ့ စုပ်ယူနိုင်စွမ်းပိုမိုကောင်းမွန်တာဖြစ်ပါတယ်။

 

စိုးရိမ်ပူပန်မှုနည်းပါသူတွေဖြစ်တယ်

ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လုံးဝစိတ်မ၀င်စားသူတွေလည်းဖြစ်ပါတယ်။

ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး ရုတ်တရက်ဖြေရှင်းနိုင်စွမ်းကို အပြည့်အ၀ယုံကြည်သူတွေဖြစ်လို့ ပူပင်သောကနဲ့ ကြိုတင်စိတ်လှုပ်ရှားခြင်းမျိုး မရှိသလောက်နည်းပါးပါတယ်။

ဒီနေ့ကစပြီး ပျင်းရိခြင်းကိုစိတ်ပျက်စရာမလိုတော့ပါဘူး။ ငပျင်းလေးတွေကပိုပြီးအောင်မြင်နိုင်ချေရှိပါတယ် ဆိုတာ ဒီအချက်လေးတွေက ပြောပြနေပါတယ်။

Read-အလုပ်တွင် ခဏတဖြုတ်အိပ်စက်ခြင်းက သင့်အလုပ်တွေကို ပိုမိုပြီးမြောက်စေနိုင်လား???

Credit; Original Writer