Life Hacks

ကိုယ်ရောက်လိုတဲ့ နေရာအတွက် ကိုယ်တိုင်လမ်းဖောက်ပါ!

Read 1099 times
ကိုယ်ရောက်လိုတဲ့ နေရာအတွက် ကိုယ်တိုင်လမ်းဖောက်ပါ!

 

အောင်​မြင်​သူတိုင်းဟာ လွယ်​လွယ်​​နဲ့​တော့ မရကြဘူး။

အောင်​မြင်မှုနဲ့ ထိုက်​တန်​တဲ့ ​ပေးဆပ်​မှု​တွေ၊ စိန်​​ခေါ်မှု​တွေ ​ကျော်​ဖြတ်​ပြီးမှ ရလာခြင်းဖြစ်​တယ်​။

တောင်​​ပေါ်ရှု့ခင်း​တွေရဲ့ အလှကို ကြည့်​ချင်​ရင်​ ​တောင်​ထိပ်​​ပေါ်တက်​ရသလို ဒီအလှတရား​တွေဟာလည်း ဒီလိုဖြတ်​​ကျော်​ရဲတဲ့ သူရဲ​ကောင်းတွက်​သာ ပိုင်​ဆိုင်​ခွင့်​ရှိတာပါ။

သင်​ ဖြတ်​​ကျော်​ခဲ့တဲ့ လမ်းခရီးတ​လျှောက်​ဟာ လမ်းမှား​တွေ ရှိနိုင်​သလို လမ်းမှန်​ကို ပို့​ပေးသူ​တွေလည်း ရှိစမြဲပါ။

ဒါ​တွေဟာ သင်​အပန်း​ဖြေချိန်​မှာ​တော့ ပုံပြင်​ (story)​တွေ ဖြစ်​လာမှာပါ။

ဒီအတွက်​ သင့်​သမိုင်းကို သင်​​ရေးချိန်​...

- သင်​ဟာဘယ်​လိုလူလဲ

- သင့်​ သမိုင်းဟာ လှသလား ​ကောင်းသလား

- သင်​ ​ပြောပြ​နေတဲ့ သင့်​ပုံပြင်​ဟာ ရှည်​သလား၊ ​ကောင်းသလား

- သင်​​သေသွား​သော်​လည်း သင်​နာမည်​ကျန်​ခဲ့မလား

ဒါ​တွေ အားလုံးဟာ သင်​ခံယူထားတဲ့ သင့်​ဘဝ အ​ဆောက်​အဦးပါ။

သာမန်​အားဖြင့်​ သင်​မလုပ်​နိင်​ မဖြတ်​​ကျော်​နိုင်​ ​သေး​သော အရာ​တွေဟာ အကြိမ်​​အ​ရေအတွက်​ နည်းခြင်း​ကြောင့်​သာ ဖြစ်​ပါတယ်​။

မရနိုင်​ဘူးဆိုတာ မရှိပါဘူး...!

သင့်​ခံစားချက်​​တွေနဲ့ လုပ်​​ဆောင်​မှု​တွေ ထပ်​တူ ညီလာရင်​ သင့်​အ​ပေါ် သက်​​ရောက်​မှု​တွေ ရှိလာမှာပါ။

ဒါ​ကြောင့်​ သင်​ စိတ်​ဓာတ်​မကျနဲ့။

သင်​ ​လျှောက်​လို​သော ​နေရာ သင်​ကိုယ်​တိုင်​ ​လျှောက်​ရမှာမို့...ပျင်းရိ မ​နေပါနဲ့

ကိုယ့်လမ်းကို ကိုယ်တိုင်ဖောက်ရမှာမို့ ပျင်းရိမနေပါနဲ့တော့နော်...

Recommended for you-ဒူးထောက် ချလိုက်ရတဲ့ အချိန် ဆိုတာ...

Source; socialmedia