Marketing

Brand တစ်ခုအောင်မြင်ဖို့အတွက် လူပြောများဖို့ကအဓိကကျလား...?

Read 2486 times
Brand တစ်ခုအောင်မြင်ဖို့အတွက် လူပြောများဖို့ကအဓိကကျလား...?

ဒီထဲမှာ အနုပညာရှင်တွေလောက်တင် မဟုတ်တော့ဘဲ Startup တည်ထောင်ထားသူတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေပါ ပါလာပါတယ်။ ဒီတော့ ကိုယ့်အလုပ်တစ်ခုအောင်မြင်ဖို့အတွက် လူပြောသူပြောများဖို့က အဓိကကျသလားဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ပွဲမဆူတဲ့ မားကတ်တင်း လုပ်ပါ။

ထုတ်ကုန်တစ်ချို့ဟာ စကတည်းက လူသိများအောင် ထုတ်ထားတာမဟုတ်ပါဘူး။ ဥပမာ အမျိုးသားသုံး Skincare ထုတ်နေတဲ့ Brickell Men ရဲ့ ထုတ်ကုန်တွေမှာဆိုရင် ပွဲဆူအောင်သိပ်ပြီး ပြလုံးမထုတ်ပါဘူး။ အကြောင်းကတော့ ဒီထုတ်ကုန်တွေကိုသုံးမယ့် ဖောက်သည်တွေက အမျိုးသားတွေဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ Brickell ရဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ထားကြောင်း ယောင်္ကျားတွေကကြွားလုံးထုတ်မှာ မဟုတ်တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ အောင်မြင်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုက ဘယ်သူမှ ထိတွေ့မထားသေးတဲ့ ဈေးကွက်အသစ် ရှာနိုင်ဖို့ပါပဲ။ Brickell ဆိုရင် သဘာဝပစ္စည်းသုံးထားတဲ့ Brand ဆိုတဲ့ နာမည်နဲ့ ထုတ်ထားတယ်ဆိုတဲ့ အချက်ကို အဓိကထားပြီး ဖောက်သည်အလိုက် ဈေးကွက်ရှာသွားတာ ဖြစ်ပါတယ်။ ဒီတော့ မလိုဘဲနဲ့ ဈေးကွက်မှာ ပွဲဆူအောင် မလုပ်ဘဲ အောင်မြင်မှုယူနိုင်ခဲ့ပါတယ်။

(၂) လူမှုကွန်ရက်ပေါ်မှာပဲ အာရုံမစိုက်ပါနဲ့။

E-Commerce စီးပွားရေးသစ်တွေဟာ အလုပ်ကြီးပွားဖို့ နောက်လိုက် E-Commerce တွေ တက်လာဖို့လူပြောများတဲ့ Trending ဖြစ်လာဖို့ကြိုးပမ်းလာပါတယ်။ ဒီလိုလုပ်တိုင်း အောင်မြင်တာတော့မဟုတ်ပါဘူး။ ဆိုရှယ်နက်ခ်ဝါ့ခ်မှာ ကိုယ့်အလုပ်ကို လုံးလုံးလျားလျားကြီး ပစ်တင်လိုက်တာမှားပါတယ်။ ဘယ် Brand မဆို ဆိုရှယ်နက်ဝါ့ခ်ကို သုံးပြီး ကိုယ့် Brand ရဲ့ ဟန်နဲ့ နာမည်သိက္ခာ တည်ဆောက်နိုင်ပါတယ်။ ဒါပေမယ်လည်း ဆိုရှယ်နက်ဝါ့ခ်ပေါ်လူသိအောင် လုပ်ဖို့သက်သက်နဲ့ အချိန်ကုန်ငွေကုန် မခံသင့်ပါဘူး။ အလုပ်တစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူသိများဖို့ပဲအာရုံစိုက်နေရင် တကယ့်ဈေးကွက်မှာ တစ်ခြား Brand တွေကို ယှဉ်နိုင်ဖို့ မလွယ်တော့ပါဘူး။ တကယ့်အလုပ်အကိုင်ကြီးတွေက Email Subscriber တွေ ချိတ်ပြီး ဖောက်သည်နဲ့တိုက်ရိုက် ချိတ်ဆက်ပြီး မားကတ်တင်းဆင်းပါတယ်။ ဒါမျိုးနဲ့ အလုပ်ကိုချဲ့ထွင်သင့်ပါတယ်။

Read More >>>ကမ္ဘာတဝှမ်းမှာလွယ်ကူစွာသုံးစွဲနိုင်တော့မယ့် Facebook ရဲ့ Libra ငွေကြေးအကြောင်း

(၃) ဘလော့ဂ်၊ ဝက်ဆိုက်တွေပေါ်မှာ ရောင်းအားတက်အောင်လုပ်ပါ။

နည်းပညာအားကောင်းနေတယ်ဆိုပေမယ့် ဒီနေ့လုပ်ငန်းရှင်တွေ တော်တော်များများဟာ စီးပွားရေးဘလော့ဂ်တွေ သိပ်မသုံးပါဘူး။ တကယ်က ဒီလိုလုပ်ငန်း ဘလော့ဂ်တွေကနေမှ ကိုယ့်ဆီကို အဆက်အသွယ်တွေ များလာအောင် အမြဲကြိုးစားနေရမှာပါ။ ဒီဘလော့ဂ်တွေကိုလည်း လာလည်သူတိုင်း စိတ်ဝင်စားစေမယ့် Content တွေ၊ ဆောင်းပါးတွေ ထည့်ထားဖို့လိုပါတယ်။ ဒီအတွက် တကယ်တော်တဲ့ Content Writer တွေ Blogger တွေကိုသုံးပြီး ကိုယ့်အလုပ်နဲ့ဆိုင်တဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာနဲ့ ဆန်းသစ်တဲ့အကြောင်းအရာလေးတွေ ပုံမှန်တင်နေသင့်ပါတယ်။ ဒါ့အပြင် ဒီဘလော့ဂ်ကို လာကြည့်သူတွေစိတ်ဝင်စားစေမယ့် အကြောင်းအရာတွေကို အမေးအဖြေလုပ်တာတွေပါ ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။

(၄) ကိုယ့် Brand ကို လူပြောမများရင် စိတ်မပူပါနဲ့။

မားကတ်တင်းဗျူဟာတွေထဲမှာ လူတွေစိတ်ထဲစွဲအောင်၊ ပါးစပ်မှာမချတမ်းပြောအောင် လုပ်တဲ့နည်းတွေပါရှိပါတယ်။ ဒီနည်းနဲ့ ကုမ္ပဏီရောင်းအားတက်အောင် လုပ်ကြပါတယ်။ ဒါကလည်း နေရာတိုင်းမှာမမှန်ပါဘူး။ တကယ်လို့ ကိုယ့် Brand ကို ဒီလိုမျိုး အကြီးအကျယ် မားကတ်တင်းမဆင်းနိုင်ရင် စိတ်မပူပါနဲ့။ နေရာတိုင်းမှာ ဒီလိုမျိုး ဖောက်စရာမလိုပါဘူး။ အလကားနီးနီးရတဲ့ အီးမေးလ်တွေကနေဖောက်သည်နဲ့ ချိတ်ဆက်နိုင်သလို ရေရှည် လုပ်ငန်းတည်တံ့ခိုင်မာဖို့ဆို ကိုယ့်ဝက်ဘ်ဆိုက်၊ ကိုယ့်ဘလော့ဂ်ကို ပုံရိပ်ကောင်းအောင် တည်ဆောက်သွားသင့်ပါတယ်။

Credit ; Kwee
Myanmar Advertising Dierctory