Marketing

အသစ်ပေါ်ထွက်သည့် အမှတ်တံဆိပ်များ နှင့် အစဉ်အလာရှိ အမှတ်တံဆိပ်များနှင့် အာရှ-ပစိဖိတ် စျေးကွက်

Read 7488 times
အသစ်ပေါ်ထွက်သည့်  အမှတ်တံဆိပ်များ နှင့် အစဉ်အလာရှိ  အမှတ်တံဆိပ်များနှင့် အာရှ-ပစိဖိတ် စျေးကွက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ပြီးခဲ့သည့်နှစ်များအတွင်း အသစ်ပေါ်ထွက်သည့်  အမှတ်တံဆိပ်များ  ကုန်အမှတ်တံဆိပ်များသည် တရုတ်နှင့်တောင်ကိုရီးယားတွင် စျေးကွက်ဝေစုရရှိလာခဲ့ကြောင်း Bain and Company မှ  ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

 

 Bain and Company သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အာရှ-ပစိဖိတ် စျေးကွက် ၁၁ ခုရှိ လူသုံးကုန်ပစ္စည်း အမျိုးအစား ၂၃ ခုကို လေ့လာခဲ့ပြီး အသစ်ပေါ်ထွက်သည့်  အမှတ်တံဆိပ်များ နှင့် အစဉ်အလာရှိ အမှတ်တံဆိပ်များ ကြီးထွားလာမှု သို့မဟုတ် ရုန်းကန်နေရခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် စူးစမ်းလေ့လာခဲ့သည်။

 

အစဉ်အလာရှိ အမှတ်တံဆိပ်များ သိသာထင်ရှားသောစျေးကွက်ဝေစုကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပြီး မလေးရှား၊ ဖိလစ်ပိုင်နှင့် အိန္ဒိယတို့တွင် အတော်လေးရေပန်းစားနေဆဲဖြစ်သည်။

အွန်လိုင်းစျေးဝယ်ခြင်း၊ ဆိုရှယ်မီဒီယာနှင့် စက်ရုံများသို့ လွယ်ကူစွာ ချိတ်ဆက်နိုင်ခြင်းတို့သည် အာရှတွင် စားသုံးသူ အမှတ်တံဆိပ်အသစ်များ တိုးပွားလာစေရန် ထောက်ကူပေးလျက် ရှိသည်။ အစဉ်အလာရှိသည့် အမှတ်တံဆိပ်များ၏ ပိုင်ရှင် မဟာလုပ်ငန်းကြီးများအပေါ် ဖိအားကျရောက်နေစေသည်။ 

"အနာဂတ်မှာ စားသုံးသူတို့အတွက် ထုတ်ကုန်ကုမ္ပဏီတွေဟာ သူတို့ရဲ့ အမှတ်တံဆိပ်အစုစုကို အဆက်မပြတ် ပြန်လည် တီထွင်ဆန်းသစ်ပေးနေဖို့ လိုအပ်ပါတယ်"ဟု Bain ရှိ စားသုံးသူအလေ့အကျင့်ဆိုင်ရာဌာန အကြီးအကဲ David Zehner က ပြောကြားသည်။ 

 

"လုပ်ငန်းကြီးတွေအဖို့ သူတို့ရဲ့ အတိုင်းအတာနဲ့ ဈေးကွက်တွေထဲမှာ ရရှိထားတဲ့ အနေအထားတို့ကြောင့် အသာစီး ရရှိနေတဲ့ အားသာချက်ကို အသုံးချနိုင်ဖို့ လိုပြီး တချိန်တည်းမှာပဲ စားသုံးသူတွေကို ထက်မြက်လျင်မြန်စွာဖြင့် တုံ့ပြန်မှုပေးနိုင်စွမ်း ရှိဖို့လည်း လိုအပ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

အသစ်ပေါ်ထွက်သည့်  အမှတ်တံဆိပ်အတွက် Bain ၏ သတ်မှတ်ချက်မှာ တစ်နှစ်တာ ဝင်ငွေ ကန်ဒေါ်လာ ၂၅ သန်း အထက် ရရှိပြီး ၎င်းအမှတ်တံဆိပ် လုပ်ကိုင်နေသည့် လုပ်ငန်းအမျိုးအစား နယ်ပယ်၏ ပျမ်းမျှကြီးထွားနှုန်းထက် လုပ်ငန်းကြီးထွားနှုန်း ၁၀ ဆ ရှိသည်ဆိုပါက ၎င်းအသစ်ပေါ်ထွက်သည့်  အမှတ်တံဆိပ်သည် ပုန်ကုန်တော်လှန်သည့် အမှတ်တံဆိပ် insurgent brand အဆင့်ရှိသည်။ ကြီးထွားနှုန်း ၁၀ ဆသည် ပြီးခဲ့သည့် သက်တမ်း ၅ နှစ်တာအတွက် ပျမ်းမျှကြီးထွားနှုန်းကို ဆိုလိုသည်။ ကြီးမားသော လုပ်ငန်းကြီးက ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ဝယ်ယူထားသည့် အမှတ်တံဆိပ် မဖြစ်ရပါ။ ထို့ပြင် သီးခြားရပ်တည်နေသည့် အမှတ်တံဆိပ်လည်း ဖြစ်ရမည်။ 

အမှတ်တံဆိပ် လုပ်ကိုင်သည့် ဈေးကွက်တွင် အနေအထား အဆင့် ခိုင်မာပြီး အမှတ်တံဆိပ် လုပ်ကိုင်သည့် ကဏ္ဍတွင် ဦးဆောင်သူနေရာ ရောက်ရှိနေသည့် အစဉ်အလာရှိ အမှတ်တံဆိပ်ကို ပိုင်စိုးထားသည့် အမှတ်တံဆိပ် incumbent brand အဆင့်ရှိသည်ဟု Bain က သတ်မှတ်သည်။ 

ယေဘုယျအားဖြင့် ဈေးကွက်တွင် အစဉ်အလာရှိသည့် အမှတ်တံဆိပ်သည် စိုးမိုးထားပြီး ၎င်းကို အသစ်ပေါ်ထွက်သည့် အမှတ်တံဆိပ်က ဈေးကွက်ဝေစု ရရှိရန် ပုန်ကုန်တော်လှန်ရသည့် သဘောသဘာဝကို ရည်ညွှန်းသည်။ 

 

တရုတ်နိုင်ငံတွင် အစဉ်အလာရှိသည့် အမှတ်တံဆိပ်များသည် အရက်၊ ရေချိုးလျှင် သုံးသည့် အလှကုန်များ၊ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် အလှကုန်များ၊ မုန့်များ၊ ချိုသောဘီစကွတ်များ၊ ဖော်မြူလာ နို့၊ နို့ထွက်ပစ္စည်းများနှင့် ဖျော်ရည် တို့တွင် ဈေးကွက်ဝေစု အများစု ရရှိသည်။ 

တောင်ကိုရီးယားတွင် အစဉ်အလာရှိသည့် အမှတ်တံဆိပ်များသည် ရေမွှေး အပါအဝင် အမွှေးနံ့သာများ၊ မုန့်များ၊ ဒိုင်ပါများနှင့် ရေသန့်ဘူးများတွင် ဈေးကွက်ဝေစု အများစု ရရှိသည်။ 

 

လက်လီအရောင်းနှင့် ဈေးကွက်ဝေစု ရရှိစေရေးတို့အတွက် အီးကောမတ်စ်သည် အခရာကျသည်။ အချို့ဈေးကွက်များတွင် အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် အသစ်ပေါ်ထွက်သည့်  အမှတ်တံဆိပ်များ မိတ်အသစ်များ ရရှိသည်။ ရောင်းအား ကြီးထွားသည်။ ဈေးကွက်ဝေစု သိမ်းပိုက်နိုင်စေသည်။ 

 

အရှေ့တောင်အာရှတွင် အီးကောမတ်စ် ထိုးဖောက်ရောက်ရှိမှု မြင့်မားသည့် နိုင်ငံများမှာ အင်ဒိုနီးရှား (၂၆%)၊ စင်ကာပူ (၁၃%) တို့ ဖြစ်ပါသည်။ 

 

 

1684129744048.jpg

 

Source Bain and Company


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL