Outdoor Advertising

Branding (သို့မဟုတ်) အမှတ်တံဆိပ်ကို တည်ဆောက်ခြင်း အနုပညာ

Read 2864 times
Branding (သို့မဟုတ်) အမှတ်တံဆိပ်ကို တည်ဆောက်ခြင်း အနုပညာ

လူတွေကို မှတ်မိနေစေတာ ဖြစ်ပါတယ်။

McDonalds , Coca-cola, Star Buck လို Company ကြီးတွေရဲ့ Logo ကိုမြင်လိုက်တာနဲ့ လူတွေက ချက်ချင်းမှတ်မိကြသလိုမျိုးပေါ့။
လူတွေက ကိုယ့်Brand ကိုမှတ်မိလာရင် အဲ့ဒါကို သုံးဖို့ ပိုပြီး အလားအလာရှိပါတယ်။
မှတ်မိလွယ်ပြီး လုပ်သမျှ အလုပ်တွေတိုင်းမှာ တစ်သမတ်တည်းရှိတာဟာ Customer တွေရဲ့ ယုံကြည်မှုကို ပိုပြီးတိုးစေပါတယ်။
ပြီးတော့ နှုတ်နဲ့ ညွှန်းဆိုမှုကိုလည်း တိုးပွားစေပါတယ်။
ဥပမာ-ကိုယ့်ရဲ့ Customer တစ်ယောက်က ကိုယ့် Brand ကို မှတ်မိနေတဲ့ အခါ သူ့ရဲ့အသိမိတ်ဆွေ တွေကို သုံးဖို့ တိုက်တွန်းပါလိမ့်မယ်။
Company/Product Brand တစ်ခုကို ဖန်တီးတယ်ဆိုတာ ကြည့်ကောင်းတဲ့ Logo တစ်ခုနဲ့ အရောင်အစပ်အစပ်တွေရှိရုံတင် မဟုတ်ပဲ အဲ့ဒါထက် အများကြီးပိုပါတယ်။
Brand တစ်ခုကို ဖန်တီးတယ်ဆိုတာ Social Media နဲ့ Email ကစပြီး Customer တွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ နေရာတိုင်းမှာ လုပ်ငန်းရဲ့ ပုံရိပ် ကိုရှိစေတာဖြစ်ပါတယ်။
အကျိုးကျေးဇူးကတော့ ကိုယ့်ရဲ့ Brand ကို စိတ်ထဲစွဲနေပြီး အမြဲတမ်း ၀ယ်ယူ အားပေးသူတွေဖြစ်သွားစေတာပေါ့။
Branding ကောင်းတစ်ခုကို ဖန်တီးဖို့ နည်းလမ်း အမျိုးမျိုးရှိပါတယ်။ ကိုယ်နဲ့ လိုက်ဖက်သင့်လျော်ရာကို ရွေးလို့ရပါတယ်။
ဒါက မိမိလုပ်ငန်းရဲ့ အောင်မြင်မှုကို လှလှပပ ပုံဖော်ပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု တစ်မျိုးပါ။
သင့်ရဲ့ Brand ကို ပိုမိုထင်ရှားတဲ့ အမှတ်တံဆိပ် အဖြစ်တည်ဆောက်ဖို့ ယနေ့ပဲ စတင်လိုက်ပါ။

Read-ကြော်ငြာတွေရဲ့ ရည်ရွယ်ချက်


Credit;Original Writer