Customer

Customer တွေရဲ့ Needs and wants တွေကို အခြေခံပြီး သင့်ရဲ့ Brand ကို တည်ဆောက်ပါ!

Read 2834 times
Customer တွေရဲ့ Needs and wants တွေကို အခြေခံပြီး သင့်ရဲ့ Brand ကို တည်ဆောက်ပါ!

ထိရောက်တဲ့ Branding Strategy ဟာ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ Market ထဲမှာကိုယ့်အတွက် အသာရစေပါလိမ့်မယ်။

ဒီတော့ branding ဆိုတာ ဘာလဲ ?

Branding က ကိုယ့်ရဲ့ လက်ရှိလည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ် ဘယ်လိုသက်ရောက်မှု ရှိစေသလဲ?

ဒါတွေကို ဆက်ပြီး လေ့လာကြည့်ရအောင်။

Brand ဆိုတာကို အရင်သိဖို့ လိုပါတယ်။

Brand ဆိုတာဟာ ရှင်းရှင်းပြောရရင် “ကိုယ့်ရဲ့လုပ်ငန်းအနေနဲ့ Customer ကိုပေးတဲ့ ကတိပါ”။

Brand တစ်ခုက Customer တွေ အနေနဲ့ မျှော်လင့်နိုင်တဲ့ ကုန်စည် နဲ့ ဝန်ဆောင်မှု ကို ဖော်ပြပေးပါတယ်။

ဒါ့အပြင် ကိုယ့်ရဲ့ Product ဟာ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ဘယ်လိုထူးခြားတယ်ဆိုတာကိုလည်း ဖော်ပြပေးပါတယ်။

Brand တစ်ခုဟာ သင်ဘယ်သူလည်း၊ သင်ဟာ ဘယ်လိုမျိုး ဖြစ်ချင်တာလည်း၊ သင့်ကို လူတွေ ဘယ်လိုပုံစံမျိုး သိစေချင်တာလည်း ဆိုတာကနေ အစပျိုးပါတယ်။

သင်ရဲ့ လုပ်ငန်းဟာ တီထွင်ဆန်းသစ်မှုကို အခြေခံတာလား ?

အတွေ့အကြုံကို အခြေခံတာလား ?

ယုံကြည်စိတ်ချရမှုကို အခြေခံတာလား ?

Product ဟာ ဈေးသက်သာတာလား?

အရည်အသွေးကောင်းတာလား ?

သင့်ရဲ့ Product ဟာ အထက်ပါ အရာအားလုံးကို တစ်စုတစ်စည်းထဲ မဖြစ်နိုင်ပါဘူး။

သင့်ရဲ့ Customer တွေရဲ့ Needs and wants တွေကို အခြေခံပြီး သင့်ရဲ့ Brand ကို တည်ဆောက်သင့်ပါတယ်။

Brand strategy ဆိုတာကတော့ ကိုယ့် Brand ကပေးချင်တဲ့ Message ကို ဘယ်လိုပေးမယ်။

ဘယ်ဟာကို ပေးမယ်။ ဘယ်နေရာမှာ ပေးမယ်။ ဘယ်သူ့ကို ပေးမယ်ဆိုတဲ့ Plan ပဲ ဖြစ်ပါတယ်။

ကြော်ငြာတယ်ဆိုတာကလည်း Branding ရဲ့ အစိတ်အပိုင်းပါပဲ။

ကုန်ပစ္စည်းတွေ ဖြန့်ချီတဲ့ ပုံစံကလည်း Branding ရဲ့ အစိတ်အပိုင်းပါပဲ။

သင့်ရဲ့ Brand ကို Customer တွေနဲ့ အမြင်နှင့် ဆက်သွယ်သည်ဖြစ်စေ၊ အပြောနှင့် ဆက်သွယ်သည်ဖြစ်စေ ဒါတွေ အားလုံးဟာ branding ရဲ့ အစိတ်အပိုင်းပါပဲ။

တည်ငြိမ်တဲ့ branding strategy တစ်ခုဟာ သင့်လုပ်ငန်းရဲ့ ကုန်စည် နဲ့ ဝန်ဆောင်မှုကို တန်ဖိုးတွေ တိုးတိုးလာစေပါတယ်။

ဒါကြောင့် Brand ကောင်းတဲ့ လုပ်ငန်းတွေဟာ သူတို့ရဲ့ Product ကို ဈေးအလွယ်တကူ တင်လို့ ရပါတယ်။

နမူနာပြရမယ်ဆိုရင် Coca-Cola နဲ့ သူနဲ့ ပုံစံတူ Soft drink တစ်ခုကို ယှဉ်ကြည့်ပါ။

Cola ရဲ့ Brand ပုံရိပ်ဟာ ကြီးမားလွန်းတဲ့အတွက် ဈေးဘယ်လောက်တင်တင် Customer တွေက ကျေကျေနပ်နပ်ကြီးပေးကြမှာပါ။

သူနဲ့ ပုံစံတူ Brand ပုံရိပ် နည်းပါးတဲ့ လုပ်ငန်းအနေနဲ့ ဈေးအများကြီးတင်မယ်ဆို ဝယ်ယူသူတွေဟာ ကျေကျေနပ်နပ်ဝယ်မှာ မဟုတ်တဲ့အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။

တစ်ချို့ Brand တွေဟာ Customer တွေရဲ့ စိတ်စွဲလမ်းမှုအပေါ် မူတည်ပြီး Brand ရဲ့ ပုံရိပ်ကို မြှင့်တင်လေ့ရှိပါတယ်။

ဥပမာ Nike ဟာ သူတို့ရဲ့ Product တွေကို နာမည်ကျော် အားကစားသမားတွေနဲ့ တွဲဖက်ကြော်ငြာပြီး ၎င်းနာမည်ကျော်များရဲ့ ပရိတ်သတ်တွေကို စွဲဆောင်ပြီး ၎င်းတို့ရဲ့ Brand ကို မြှင့်တင် လေ့ရှိပါတယ်။

Recommended for you-ဒီအချက်တွေကို လိုက်နာရင် ဈေးကွက်မှာ ဘယ်တော့မှ မကျရှုံးတော့ဘူး!

Credit; htetzanlinn